ဓါတ္တိုင္ေပၚ ႏွစ္ရက္ဆက္တုိက္ တက္ခဲ့သည့္ အမ်ဳိးသား ဒုတိယအႀကိမ္တြင္ ဓါတ္လိုက္၍ ျပဳတ္က်

ဓါတ္တိုင္ေပၚ ႏွစ္ရက္ဆက္တုိက္ တက္ခဲ့သည့္ အမ်ဳိးသား ဒုတိယအႀကိမ္တြင္ ဓါတ္လိုက္၍ ျပဳတ္က်
မေ 24, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕၊ မူဆယ္ - နမ့္ခမ္းကားလမ္းေဘးတြင္ ဓါတ္တိုင္တစ္တိုင္ေပၚသို႔ ႏွစ္ရက္ဆက္တုိက္ တက္ခဲ့သူတစ္ဦးသည္ ဒုတိယအႀကိမ္ေျမာက္ျဖစ္သည့္ ၂၀၁၈ ခုႏွစ္ ေမလ (၂၄)ရက္ေန႔က ဓါတ္လုိက္၍ ျပဳတ္က်သြားသျဖင့္ စိုးရိမ္ရသည့္ အေျခအေနရိွေနၿပီး မူဆယ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားရေၾကာင္းသိရသည္။

“မေန႔ကလည္းသူက အဲဒီေနရာမွာ အဲဒီလိုပဲ တက္တယ္။ မီးသတ္တပ္ဖြဲ႔ကလာၿပီး ကူညီကယ္ဆယ္ၿပီး ေအာက္ကို ခ်ေပးရတယ္။ သူ႔ခႏၶာကိုယ္မွာ သူ႔ဘာသူလုပ္ထားတဲ့ ဓါးဒဏ္ရာေတြရွိတယ္။ အဲဒါနဲ႔ ေဆးရံုတင္ထားတာ။ ဒီေန႔လည္း ထပ္တက္ျပန္တယ္။ ဓါတ္လိုက္ၿပီး ျပဳတ္က်တယ္။ တိုင္ေအာက္မွာ ရပ္ထားတဲ့ ကားတစ္စီးရဲ့ ေနာက္မွန္ေပၚကိုျပဳတ္က်တာ” ဟု လူနာအား ေဆးရံုပို႔ေဆာင္ေပးခဲ့သည့္ ကရုဏာလူမႈကူညီေရးအသင္း(မူဆယ္)မွ အသင္းဥကၠဌ ဦးေသာင္းထြန္း က တာခ်ီလိတ္သတင္း ေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ ျပဳတ္က်သူမွာ ေက်ာက္မဲၿမိဳ႕မွ အသက္(၃၀)ႏွစ္ အရြယ္ အုိက္လြမ္းဆိုသူျဖစ္ေၾကာင္း သိရၿပီး ခႏၶာကိုယ္တြင္ ဓါးဒဏ္ရာမ်ား ရရိွထားကာ ဓါးတစ္လက္ကိုလည္း ကိုင္ေဆာင္ၿပီး ေမလ (၂၃)ရက္ေန႔ နံနက္ပိုင္းက ဓါတ္တုိင္ေပၚတက္ေနသျဖင့္ မီးသတ္တပ္ဖြဲ႕က ကယ္ဆယ္ၿပီး မူဆယ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားသူျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ေသာင္းထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ မူဆယ် - နမ့်ခမ်းကားလမ်းဘေးတွင် ဓာတ်တိုင်တစ်တိုင်ပေါ်သို့ နှစ်ရက်ဆက်တိုက် တက်ခဲ့သူတစ်ဦးသည် ဒုတိယအကြိမ်မြောက်ဖြစ်သည့် ၂၀၁၈ ခုနှစ် မေလ (၂၄)ရက်နေ့က ဓာတ်လိုက်၍ ပြုတ်ကျသွားသဖြင့် စိုးရိမ်ရသည့် အခြေအနေရှိနပြေီး မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းသိရသည်။

“မနေ့ကလည်းသူက အဲဒီနေရာမှာ အဲဒီလိုပဲ တက်တယ်။ မီးသတ်တပ်ဖွဲ့ကလာပြီး ကူညီကယ်ဆယ်ပြီး အောက်ကို ချပေးရတယ်။ သူ့ခန္ဓာကိုယ်မှာ သူ့ဘာသူလုပ်ထားတဲ့ ဓားဒဏ်ရာတွေရှိတယ်။ အဲဒါနဲ့ ဆေးရုံတင်ထားတာ။ ဒီနေ့လည်း တက်ပြန်တယ်။ ဓာတ်လိုက်ပြီး ပြုတ်ကျတယ်။ တိုင်အောက်မှာ ရပ်ထားတဲ့ ကားတစ်စီးရဲ့ နောက်မှန်ပေါ်ကိုပြုတ်ကျတာ” ဟု လူနာအား ဆေးရုံပို့ဆောင်ပေးခဲ့သည့် ကရုဏာလူမှုကူညီရေးအသင်း(မူဆယ်)မှ အသင်းဥက္ကဌ ဦးသောင်းထွန်း က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ ပြုတ်ကျသူမှာ ကျောက်မဲမြို့မှ အသက်(၃၀)နှစ် အရွယ် အိုက်လွမ်းဆိုသူဖြစ်ကြောင်း သိရပြီး ခန္ဓာကိုယ်တွင် ဓားဒဏ်ရာများ ရရှိထားကာ ဓားတစ်လက်ကိုလည်း ကိုင်ဆောင်ပြီး မေလ (၂၃)ရက်နေ့ နံနက်ပိုင်းက ဓာတ်တိုင်ပေါ်တက်နေသဖြင့် မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ပြီး မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသူဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - သောင်းထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~