ၿငိမ္းခ်မ္းေရးအတြက္ က်ဳိင္းတံုတြင္ ေဆြးေႏြးပြဲ ျပဳလုပ္ေနေသာ္လည္း ရွမ္း(ေျမာက္)၌ တိုက္ပြဲျဖစ္၍ အရပ္သား (၅)ဦးေသဆံုးကာ (၃)ဦး ဒဏ္ရာရ

ၿငိမ္းခ်မ္းေရးအတြက္ က်ဳိင္းတံုတြင္ ေဆြးေႏြးပြဲ ျပဳလုပ္ေနေသာ္လည္း ရွမ္း(ေျမာက္)၌ တိုက္ပြဲျဖစ္၍ အရပ္သား (၅)ဦးေသဆံုးကာ (၃)ဦး ဒဏ္ရာရ
သြဂုတ် 31, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕အနီး ၾသဂုတ္လ (၃၁)ရက္ နံနက္ပိုင္းက ေျမာက္ပိုင္းမဟာမိတ္ တပ္ဖြဲ႔ ႏွင့္ တပ္မေတာ္တို႔ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ကြတ္ခိုင္ၿမိဳ႕၊ တိုးဂိတ္အနီးမွ ေမာ္ဟစ္ေက်းရြာအတြင္း လက္နက္ႀကီးက်ည္ဆံမ်ားက်ေရာက္ခဲ့ရာ အရပ္သား (၅)ဦးေသဆံုးၿပီး (၃)ဦးဒဏ္ရာရရွိခဲ့သည္။

"လက္နက္ႀကီးက်ည္ဆံက်ၿပီးေပါက္ကြဲတာလို႔သိရတယ္၊ ေသဆံုးသူက ရင္ခြင္ပိုက္အရြယ္ ကေလး တစ္ဦး အပါအဝင္(၅) ဦး ေသဆံုးတယ္၊ ဒဏ္ရာရသူ (၃)ဦးရွိတယ္၊ ႏွစ္ဦးက စိုးရိမ္ရတဲ့အတြက္ လားရိႈးကို ပို႔ေဆာင္ ေနပါတယ္၊ ေလာေလာဆယ္ေတာ့ ၿမိဳ႕အနီးစပ္ေရာၿမိဳ႕ထဲေရာ အသံေတြ ၿငိမ္ေနပါတယ္" ဟု ျဖစ္ပြားရာသို႔ သြားေရာက္ ကူညီ သယ္ေဆာင္ေပးခဲ့သည့္ ျဗဟၼစုိရ္ႏွလုံးသားလူမႈကူညီေရးအသင္း(ကြတ္ခိုင္)မွ ဦးတင္၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကြတ္ခိုင္တိုးဂိတ္အနီးမွ ေမာ္ဟစ္ေက်းရြာအစပ္သို႔ လက္နက္ႀကီးက်ည္ဆံမ်ား က်ေရာက္ခဲ့သည့္ အတြက္ ေမာ္ဟစ္ေက်းရြာေဒသခံမ်ားထဲမွွ အသက္ (၅၀)၀န္းက်င္ရွိ အမ်ိဳးသမီးတစ္ဦး၊ အသက္  ၂၅ / ၃၀ ခန္႔ (၂)ဦး ႏွင့္ ရင္ခြင္ပိုက္ အရြယ္ ကေလးတစ္ဦး၊  အသက္(၁၃)ႏွစ္ခန္႔ ကေလးတစ္ဦး ေသဆံုးခဲ့ရျခင္းျဖစ္ကာ ဒဏ္ရာ ရရွိခဲ့သူ (၃)ဦးထဲမွ (၂)ဦးအား လားရိႈးျပည္သူ႔ေဆးရံုသို႔ ဆက္လက္ပို႔ေဆာင္ေပးေနလ်က္ရွိသည္။

၂၀၁၉ခုႏွစ္ ၾသဂုတ္လ (၃၁)ရက္ နံနက္ (၈)နာရီခြဲ၀န္းက်င္ကစတင္၍ ကြတ္ခိုင္ၿမိဳ႕မွ မူဆယ္ၿမိဳ႕ဘက္သို႔အထြက္ ျပည္ေထာင္စု လမ္းမႀကီးေပၚရွိ တိုးဂိတ္အနီးမွ ေမာ္ဟစ္ေက်းရြာအနီးတြင္ ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႔မ်ားက ဝင္ေရာက္ ေနရာယူကာ လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ စတင္ပစ္ခတ္ခဲ့ျခင္းျဖစ္သည္ဟု ကြတ္ခိုင္ေဒသခံတို႔ ထံက သိရသည္။

"စစခ်င္း သိန္းနီဘက္ကအဝင္ နတ္စင္ေကြ႔နားမွာ သူတို႔က ေနရာယူတယ္ ကားေတြကိုျဖတ္မသြား ခိုင္းဘူး၊ ၿမိဳ႕ထဲ လမ္းတစ္ေလ်ွာက္ကေနၿပီးေတာ့ ၿမိဳ႕အထြက္တိုးဂိတ္နားအထိ ဆက္တိုက္ဆိုသလို ပစ္ခတ္သံေတြ ၾကားရတယ္၊ လက္နက္ႀကီးသံေတြလဲ ဆူညံေနတာပဲ မနက္ ၁၁ နာရီေလာက္အထိ ပစ္ၾကတယ္" ဟု ကြတ္ခိုင္ၿမိဳ႕ ရပ္ကြက္ (၆)တြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)က်ဳိင္းတံုၿမိဳ႕တြင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ တုိင္းရင္းသားလက္နက္ကိုင္ မဟာမိတ္ (၄)ဖြဲ႕တုိ႔မွ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၃၁)ရက္ေန႔ နံနက္(၁၀)နာရီကစ၍   တံခါးပိတ္ ေဆြးေႏြးပြဲ ျပဳလုပ္ေနခ်ိန္တြင္ ရွမ္္းျပည္နယ္(ေျမာက္ပိုင္း)တြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနျခင္း ျဖစ္သည္။

က်ဳိင္းတံုတြင္ ျပဳလုပ္ေနသည့္ ဆြးေႏြးပြဲသို႔ အစိုးရဘက္မွ ႏုိင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌး ၊ၿငိမ္းခ်မ္းေရးေကာ္မရွင္အဖြဲ႕မွ ဒုဥကၠဌ ဦးသိန္းေဇာ္၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္အတြင္းေရးမွဴး ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း) ခင္ေဇာ္ဦး၊  ရွမ္းျပည္နယ္ လံုၿခံုေရးႏွင့္နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးလွဦး၊  ၿငိမ္းခ်မ္းေရးေကာ္မရွင္ အဖြဲ႕ဝင္ ဦးမိုးေဇာ္ဦး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္တို႔ဦးေဆာင္သည့္အဖြဲ႕တုိ႔ တက္ေရာက္ၾကသည္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားဘက္မွ MNTJP/ MNDAA ဒု စစ္ဦးစီးခ်ဳပ္ ဦးရန္ဝင္က်ံဳး၊ ဆက္ဆံေရးဌာန ဌာနမွဴး ကိုဖုန္႔ဝင့္ႏုိင္၊ ဆက္ဆံေရးဌာနရံုးတာဝႏ္ခံ ကိုလီၾကားခြမ္း၊ ဘာသာျပန္ ကိုရန္ႏိုင္၊ ျပန္ၾကားေရးဌာန ကိုက်ဴးၾကားလဲ့၊ ေလ့လာသူမ်ားအျဖစ္ ကိုလီၾကားေဖး၊ ကိုရန္က်င့္ဟုန္၊ ကိုေက်ာ္ျမႏွင့္ ကိုအားမင္း၊ PSLF/TNLA အဖြဲ႕မွ ဒုတိယဥကၠဌ တာခလန္း၊ မဟာမိတ္ဌာနအဖြဲ႕ဝင္ တာအုိက္ထြန္းႏွင့္ ရံုးဝန္ထမ္း Mai Sol Myiam၊ ULA/AA အဖြဲ႕မွ ဒုစစ္ဦးစီးခ်ဳပ္ ညိဳထြန္းေအာင္၊ အတြင္းေရးမွဴး(ပ) ဦးေက်ာ္ဟန္၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ ထုန္ဆိုင္း၊ အလုပ္ဝန္ထမ္း ခင္လင္းေရႊႏွင့္ ဦးဝင္းလိုင္၊ KIO/KIA မွ ဗဟိုအတြင္းေရးမွဴး ထင္နန္၊ KIC အတြင္းေရးမွဴး ေဇာ္ေဇာ့၊ KIA ဒုညိႇႏိႈင္းကြပ္ကဲေရးမွဴးခ်ဳပ္ ခြမ္လြန္ႏွင့္ ညိႇႏိႈင္းကြပ္ကဲေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္တြန္း တို႔ တက္ေရာက္ၾကသည္။

Tachileik News Agency
သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု -  ျဗဟၼစုိရ္ႏွလုံးသားလူမႈကူညီေရးအသင္း(ကြတ္ခိုင္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့အနီး သြဂုတ်လ (၃၁)ရက် နံနက်ပိုင်းက မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ နှင့် တပ်မတော်တို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကွတ်ခိုင်မြို့၊ တိုးဂိတ်အနီးမှ မော်ဟစ်ကျေးရွာအတွင်း လက်နက်ကြီးကျည်ဆံများကျရောက်ခဲ့ရာ အရပ်သား (၅)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့သည်။

"လက်နက်ကြီးကျည်ဆံကျပြီးပေါက်ကွဲတာလို့သိရတယ်၊ သေဆုံးသူက ရင်ခွင်ပိုက်အရွယ် ကလေး တစ်ဦး အပါအဝင်(၅) ဦး သေဆုံးတယ်၊ ဒဏ်ရာရသူ (၃)ဦးရှိတယ်၊ နှစ်ဦးက စိုးရိမ်ရတဲ့အတွက် လားရှိုးကို ပို့ဆောင် နေပါတယ်၊ လောလောဆယ်တော့ မြို့အနီးစပ်ရောမြို့ထဲရော အသံတွေ ငြိမ်နေပါတယ်" ဟု ဖြစ်ပွားရာသို့ သွားရောက် ကူညီ သယ်ဆောင်ပေးခဲ့သည့် ဗြဟ္မစိုရ်နှလုံးသားလူမှုကူညီရေးအသင်း(ကွတ်ခိုင်)မှ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကွတ်ခိုင်တိုးဂိတ်အနီးမှ မော်ဟစ်ကျေးရွာအစပ်သို့ လက်နက်ကြီးကျည်ဆံများ ကျရောက်ခဲ့သည့် အတွက် မော်ဟစ်ကျေးရွာဒေသခံများထဲမှ အသက် (၅၀)ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦး၊ အသက် ၂၅ / ၃၀ ခန့် (၂)ဦး နှင့် ရင်ခွင်ပိုက် အရွယ် ကလေးတစ်ဦး၊ အသက်(၁၃)နှစ်ခန့် ကလေးတစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်ကာ ဒဏ်ရာ ရရှိခဲ့သူ (၃)ဦးထဲမှ (၂)ဦးအား လားရှိုးပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးနေလျက်ရှိသည်။

၂၀၁၉ခုနှစ် သြဂုတ်လ (၃၁)ရက် နံနက် (၈)နာရီခွဲဝန်းကျင်ကစတင်၍ ကွတ်ခိုင်မြို့မှ မူဆယ်မြို့ဘက်သို့အထွက် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ တိုးဂိတ်အနီးမှ မော်ဟစ်ကျေးရွာအနီးတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက ဝင်ရောက် နေရာယူကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံတို့ ထံက သိရသည်။

"စစချင်း သိန်းနီဘက်ကအဝင် နတ်စင်ကွေ့နားမှာ သူတို့က နေရာယူတယ် ကားတွေကိုဖြတ်မသွား ခိုင်းဘူး၊ မြို့ထဲ လမ်းတစ်လျှောက်ကနပြေီးတော့ မြို့အထွက်တိုးဂိတ်နားအထိ ဆက်တိုက်ဆိုသလို ပစ်ခတ်သံတွေ ကြားရတယ်၊ လက်နက်ကြီးသံတွေလဲ ဆူညံနေတာပဲ မနက် ၁၁ နာရီလောက်အထိ ပစ်ကြတယ်" ဟု ကွတ်ခိုင်မြို့ ရပ်ကွက် (၆)တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် (၄)ဖွဲ့တို့မှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့ နံနက်(၁၀)နာရီကစ၍ တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်နေချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ဖြစ်ပွားနခြေင်း ဖြစ်သည်။

ကျိုင်းတုံတွင် ပြုလုပ်နေသည့် ဆွးနွေးပွဲသို့ အစိုးရဘက်မှ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့မှ ဒုဥက္ကဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးမိုးဇော်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ဦးဆောင်သည့်အဖွဲ့တို့ တက်ရောက်ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ MNTJP/ MNDAA ဒု စစ်ဦးစီးချုပ် ဦးရန်ဝင်ကျုံး၊ ဆက်ဆံရေးဌာန ဌာနမှူး ကိုဖုန့်ဝင့်နိုင်၊ ဆက်ဆံရေးဌာနရုံးတာဝန်ခံ ကိုလီကြားခွမ်း၊ ဘာသာပြန် ကိုရန်နိုင်၊ ပြန်ကြားရေးဌာန ကိုကျူးကြားလဲ့၊ လေ့လာသူများအဖြစ် ကိုလီကြားဖေး၊ ကိုရန်ကျင့်ဟုန်၊ ကိုကျော်မြနှင့် ကိုအားမင်း၊ PSLF/TNLA အဖွဲ့မှ ဒုတိယဥက္ကဌ တာခလန်း၊ မဟာမိတ်ဌာနအဖွဲ့ဝင် တာအိုက်ထွန်းနှင့် ရုံးဝန်ထမ်း Mai Sol Myiam၊ ULA/AA အဖွဲ့မှ ဒုစစ်ဦးစီးချုပ် ညိုထွန်းအောင်၊ အတွင်းရေးမှူး(ပ) ဦးကျော်ဟန်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ထုန်ဆိုင်း၊ အလုပ်ဝန်ထမ်း ခင်လင်းရွှေနှင့် ဦးဝင်းလိုင်၊ KIO/KIA မှ ဗဟိုအတွင်းရေးမှူး ထင်နန်၊ KIC အတွင်းရေးမှူး ဇော်ဇော့၊ KIA ဒုညှိနှိုင်းကွပ်ကဲရေးမှူးချုပ် ခွမ်လွန်နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇော်တွန်း တို့ တက်ရောက်ကြသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ဗြဟ္မစိုရ်နှလုံးသားလူမှုကူညီရေးအသင်း(ကွတ်ခိုင်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net