​ကယားျပည္နယ္ ေဘာလခဲၿမိဳ႕ နန္​းဖဲ​ေက်းရြာအနီး ယာဥ္​တိမ္​း​ေမွာက္​၍ ႏွစ္​ဦး​ေသဆုံးကာ သံုးဦးဒဏ္ရာရ

​ကယားျပည္နယ္ ေဘာလခဲၿမိဳ႕ နန္​းဖဲ​ေက်းရြာအနီး ယာဥ္​တိမ္​း​ေမွာက္​၍ ႏွစ္​ဦး​ေသဆုံးကာ သံုးဦးဒဏ္ရာရ
မတ် 28, 2019
By Tachileik News Agency

ကယားျပည္​နယ္​ ၊ ​ေဘာလခဲၿမိဳ႕ နန္​းဖဲ​ေက်းရြာအနီး႐ွိ အက္​​ေကြ႔ ကုန္​းဆင္​းကားလမ္​းမႀကီးတြင္​ မတ္​လ ၂၈ ရက္​​ေန႔ ​ေန႔လည္​ပိုင္​းက (၆)ဘီးကားတစ္​စီး ဘရိတ္​​ေပါက္​ကာ တိမ္​း​ေမွာက္​ရာမွ လူႏွစ္​ဦး​ေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

​ေဘာလခဲၿမိဳ႕နယ္​ နန္​းဖဲ​ေက်းရြာအနီး႐ွိ လိြဳင္​​ေကာ္​ - ဖာ​ေဆာင္း ကားလမ္​းမႀကီးေပၚ မိုင္​တိုင္​အမွတ္​ (၁၄၄/၄)ႏွင္​့ (၁၄၄/၅)အၾကား႐ွိ အက္စ္​​ေကြ႕ကုန္​းဆင္​းတြင္​ လိြဳင္​​ေကာ္​မွ ​ဖား​ေဆာင္​ၿမိဳ႕သို႔ ​ေမာင္​းႏွင္​လာ​ေသာ (၆)ဘီးကား တစ္​စီးမွာ ဘရိတ္​​ေပါက္​၍ အ႐ွိန္​မထိန္​းႏိုင္​ဘဲ ကားလမ္​းညာဘက္​သို႔ ထိုးက်တိမ္​း​ေမွာက္ခဲ့ရာမွ  လူႏွစ္​ဦး​ေသဆုံးခဲ့၍ သုံးဦးဒဏ္​ရာ ရရွိခဲ့ျခင္း ျဖစ္သည္။

လိြဳင္​​ေကာ္​ၿမိဳ႕မွ ဖား​ေဆာင္​းၿမိဳ႕သို႔ ဦးဘိုးရယ္​ ​ေမာင္​းႏွင္​လာ​ေသာ (၆)ဘီးယာဥ္​မွာ ဘရိတ္​​ေပါက္​၍ တိမ္​း​ေမွာက္​ခဲ့​ေသာ​ေၾကာင္​့ ယာဥ္​​ေပၚတြင္​ လိုက္​ပါလာသည္​့ လိြဳင္​​ေကာ္​ၿမိဳ႕ နာနတ္​​ေတာရပ္​ကြက္​တြင္​ ​ေနထိုင္​ၾကသည္​့ ​ေဒၚႏွင္​းမူ   ဦး​ေပါလူ တို႔မွာ ႏွာ​ေခါင္​း ႏွင္​့ ဦး​ေခါင္​းတို႔တြင္​ ဒဏ္​ရာရ႐ွိကာ ​ေသဆုံးသြားခဲ့ၿပီး ဦးညီညီလြင္​ ၊ ​ေဒၚဂ်ိဳဝါနာ ႏွင္​့ ​ေမာင္​သဲညီ​ေအာင္​တို႔မွာ ဒဏ္​ရာအသီးသီး ရ႐ွိ၍ ​ေဘာလခဲၿမိဳ႕ ျပည္​သူ႔​ေဆး႐ုံႀကီးသို႔ ပို႔​ေဆာင္​ခဲ့​ေၾကာင္​း သိရသည္​။

အဆိုပါ ယဥ္​တိမ္​း​ေမွာက္​မႈ​ေၾကာင္​့ ယာဥ္​အားမဆင္​မျခင္​​ေမာင္​းႏွင္​ခဲ့သူ ယာဥ္ေမာင္း ဘိုးရယ္​အား ​ေဘာလခဲၿမိဳ႕မရဲစခန္​းတြင္​ ယဥ္​(ပ)၅/၂၀၁၉ ရာဇသတ္​ႀကီးဥပ​ေဒပုဒ္​မ ၃၀၄-က/၃၃၈/၃၃၇ /၂၇၉ ျဖင္​့အမႈ႕ဖြင္​့၍ အ​ေရးယူ​ေဆာင္​ရြက္​ လွ်က္​႐ွိ​ေၾကာင္​း သိရသည္​။

သတင္း - ဆန္းၿဖဳိးထြန္း
ဓါတ္ပံု - Roselin Ei Ei


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်​နယ်​၊ ​ဘောလခဲမြို့ နန်​းဖဲ​ကျေးရွာအနီးရှိ အက်​​ကွေ့ ကုန်​းဆင်​းကားလမ်​းမကြီးတွင်​ မတ်​လ ၂၈ ရက်​​နေ့ ​နေ့လည်​ပိုင်​းက (၆)ဘီးကားတစ်​စီး ဘရိတ်​​ပေါက်​ကာ တိမ်​း​မှောက်​ရာမှ လူနှစ်​ဦး​သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

​ဘောလခဲမြို့နယ်​ နန်​းဖဲ​ကျေးရွာအနီးရှိ လွိုင်​​ကော်​ - ဖာ​ဆောင်း ကားလမ်​းမကြီးပေါ် မိုင်​တိုင်​အမှတ်​ (၁၄၄/၄)နှင်​့ (၁၄၄/၅)အကြားရှိ အက်စ်​​ကွေ့ကုန်​းဆင်​းတွင်​ လွိုင်​​ကော်​မှ ​ဖား​ဆောင်​မြို့သို့ ​မောင်​းနှင်​လာ​သော (၆)ဘီးကား တစ်​စီးမှာ ဘရိတ်​​ပေါက်​၍ အရှိန်​မထိန်​းနိုင်​ဘဲ ကားလမ်​းညာဘက်​သို့ ထိုးကျတိမ်​း​မှောက်ခဲ့ရာမှ လူနှစ်​ဦး​သေဆုံးခဲ့၍ သုံးဦးဒဏ်​ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

လွိုင်​​ကော်​မြို့မှ ဖား​ဆောင်​းမြို့သို့ ဦးဘိုးရယ်​ ​မောင်​းနှင်​လာ​သော (၆)ဘီးယာဉ်​မှာ ဘရိတ်​​ပေါက်​၍ တိမ်​း​မှောက်​ခဲ့​သော​ကြောင်​့ ယာဉ်​​ပေါ်တွင်​ လိုက်​ပါလာသည်​့ လွိုင်​​ကော်​မြို့ နာနတ်​​တောရပ်​ကွက်​တွင်​ ​နေထိုင်​ကြသည်​့ ​ဒေါ်နှင်​းမူ ဦး​ပေါလူ တို့မှာ နှာ​ခေါင်​း နှင်​့ ဦး​ခေါင်​းတို့တွင်​ ဒဏ်​ရာရရှိကာ ​သေဆုံးသွားခဲ့ပြီး ဦးညီညီလွင်​၊ ​ဒေါ်ဂျိုဝါနာ နှင်​့ ​မောင်​သဲညီ​အောင်​တို့မှာ ဒဏ်​ရာအသီးသီး ရရှိ၍ ​ဘောလခဲမြို့ ပြည်​သူ့​ဆေးရုံကြီးသို့ ပို့​ဆောင်​ခဲ့​ကြောင်​း သိရသည်​။

အဆိုပါ ယဉ်​တိမ်​း​မှောက်​မှု​ကြောင်​့ ယာဉ်​အားမဆင်​မခြင်​​မောင်​းနှင်​ခဲ့သူ ယာဉ်မောင်း ဘိုးရယ်​အား ​ဘောလခဲမြို့မရဲစခန်​းတွင်​ ယဉ်​(ပ)၅/၂၀၁၉ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၄-က/၃၃၈/၃၃၇ /၂၇၉ ဖြင်​့အမှု့ဖွင်​့၍ အ​ရေးယူ​ဆောင်​ရွက်​ လျှက်​ရှိ​ကြောင်​း သိရသည်​။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - Roselin Ei Ei

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net