ကယားျပည္နယ္ ​ေဘာလခဲၿမိဳ႕႐ွိ ပြန္ေခ်ာင္းအတြင္​း​ေရဆင္းခ်ိဳးရာမွ အမ်ိဳးသား ႏွစ္ဦး​ေရနစ္ ​​ေပ်ာက္​ဆုံး​ေန

ကယားျပည္နယ္ ​ေဘာလခဲၿမိဳ႕႐ွိ ပြန္ေခ်ာင္းအတြင္​း​ေရဆင္းခ်ိဳးရာမွ အမ်ိဳးသား ႏွစ္ဦး​ေရနစ္ ​​ေပ်ာက္​ဆုံး​ေန
မေ 25, 2019
By Tachileik News Agency

ကယားျပည္​နယ္​ ၊ ေဘာလခဲၿမိဳ႕ရွိ ပြန္ေခ်ာင္းတြင္ ေရဆင္းခ်ိဳး​သည့္ အမ်ိဳးသားႏွစ္​ဦး ​ေရနစ္​​ေပ်ာက္​ဆုံး​မႈ ၂၀၁၉ခုႏွစ္ ေမလလ(၂၅)ရက္ေန႔  ေန႔လည္ပိုင္းက ျဖစ္ပြားရာ ညေန(၆)နာရီေက်ာ္အထိ ရွာေဖြေတြ႔ရွိရျခင္း မရွိေသးေၾကာင္း သိရသည္။

"အခုထိ ႐ွာ​ေနၾကတုန္​းပဲ။ ​ေနအရမ္​းပူ​ေတာ့ မီးသတ္​​ေတြ​ေကာ နားလိုက္​႐ွာလိုက္​ လုပ္​​ေနၾကတာပဲ။ ခုထိမ​​ေတြ႔​ေသးဘူး"ဟု​ေဘာလခဲၿမိဳ႕မွ ​ေဒသခံတစ္​ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ​ေျပာသည္​။

ျဖစ္စဥ္မွာ ေန႔လည္ပိုင္း အလုပ္​သမားမ်ား ထမင္​းစားနားခ်ိန္​က ​ေမာင္​ဖိုးထူး ၊ ​ေမာင္​မ်ိဳးကိုကိုႏွင္​့ ​ေမာင္​​ေက်ာ္​​ေဝတို႔ သုံးဦးမွာ ႐ွမ္​းပိုင္​း​ေရခ်ိဳးဆိပ္​တြင္​ ​ေရဆင္​းခ်ိဳးစဥ္​ ပြန္​​ေခ်ာင္​းအ​ေ႐ွ႕ဖက္​ကမ္​းသို႔ ျဖက္​ကူးရာမွ ဖိုးထူးႏွင္​့ မ်ိဳးကိုကိုတို႔မွာ ​ေရစီးအတိုင္​း​ေမွ်ာပါ၍ နစ္​ျမဳပ္​​ေပ်ာက္​ဆုံး​ေနျခင္​းျဖစ္​သည္​။

အဆိုပါ ပြန္​​ေခ်ာင္​းအတြင္​း ​ေရနစ္​​ေပ်ာက္​ဆုံး​ေန​ေသာသူႏွစ္​ဦးမွာ ေတာင္တြင္းႀကီးၿမိဳ႕နယ္​ မွ အသက္ (၁၈)ႏွစ္ အရြယ္ ေမာင္ဖိုးထူးႏွင့္  အသက္(၂၇)ႏွစ္ရွိ ေမာင္မ်ိဳးကိုကို(ခ)အာႏုိိးတို႔ျဖစ္ၿပီး ​ေဘာလခဲၿမိဳ႕၊ ႐ွမ္​းပိုင္​းရပ္​ကြက္​႐ွိ ဝန္​ထမ္​းအိမ္​ယာ​ေဆာက္​လုပ္​ေရး လုပ္ငန္းခြင္မွ အလုပ္သမားမ်ားျဖစ္ေၾကာင္း သိရသည္။

ေရနစ္​​ေပ်ာက္​ဆုံး​ေန သူႏွစ္ဦးအား ေဘာလခဲၿမိဳ႕နယ္​မီးသတ္တပ္ဖြဲ႔မွ ကယ္ဆယ္ေရးအဖြဲ႔မ်ား  ရဲတပ္​ဖြဲ႔၀င္မ်ားႏွင္​့  ေဒသခံမ်ားမွ ရွာေဖြကယ္ဆယ္ေရးမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း​သိရၿပီး လက္​႐ွိ ည​ပိုင္​းအခ်ိန္​ထိ​ေတြ႕႐ွိျခင္​းမ႐ွိ​ေသး​ေၾကာင္​း သိရသည္​။

သတင္း - ဆန္းၿဖဳိးထြန္း
ဓါတ္ပံု - Ko Ko


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်​နယ်​၊ ဘောလခဲမြို့ရှိ ပွန်ချောင်းတွင် ရေဆင်းချိုး​သည့် အမျိုးသားနှစ်​ဦး ​ရေနစ်​​ပျောက်​ဆုံး​မှု ၂၀၁၉ခုနှစ် မေလလ(၂၅)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားရာ ညနေ(၆)နာရီကျော်အထိ ရှာဖွေတွေ့ရှိရခြင်း မရှိသေးကြောင်း သိရသည်။

"အခုထိ ရှာ​နကြေတုန်​းပဲ။ ​နေအရမ်​းပူ​တော့ မီးသတ်​​တွေ​ကော နားလိုက်​ရှာလိုက်​ လုပ်​​နကြေတာပဲ။ ခုထိမ​​တွေ့​သေးဘူး"ဟု​ဘောလခဲမြို့မှ ​ဒေသခံတစ်​ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ​ပြောသည်​။

ဖြစ်စဉ်မှာ နေ့လည်ပိုင်း အလုပ်​သမားများ ထမင်​းစားနားချိန်​က ​မောင်​ဖိုးထူး၊ ​မောင်​မျိုးကိုကိုနှင်​့ ​မောင်​​ကျော်​​ဝေတို့ သုံးဦးမှာ ရှမ်​းပိုင်​း​ရေချိုးဆိပ်​တွင်​ ​ရေဆင်​းချိုးစဉ်​ ပွန်​​ချောင်​းအ​ရှေ့ဖက်​ကမ်​းသို့ ဖြက်​ကူးရာမှ ဖိုးထူးနှင်​့ မျိုးကိုကိုတို့မှာ ​ရေစီးအတိုင်​း​မျှောပါ၍ နစ်​မြုပ်​​ပျောက်​ဆုံး​နခြေင်​းဖြစ်​သည်​။

အဆိုပါ ပွန်​​ချောင်​းအတွင်​း ​ရေနစ်​​ပျောက်​ဆုံး​နေ​သောသူနှစ်​ဦးမှာ တောင်တွင်းကြီးမြို့နယ်​ မှ အသက် (၁၈)နှစ် အရွယ် မောင်ဖိုးထူးနှင့် အသက်(၂၇)နှစ်ရှိ မောင်မျိုးကိုကို(ခ)အာနိုးတို့ဖြစ်ပြီး ​ဘောလခဲမြို့၊ ရှမ်​းပိုင်​းရပ်​ကွက်​ရှိ ဝန်​ထမ်​းအိမ်​ယာ​ဆောက်​လုပ်​ရေး လုပ်ငန်းခွင်မှ အလုပ်သမားများဖြစ်ကြောင်း သိရသည်။

ရေနစ်​​ပျောက်​ဆုံး​နေ သူနှစ်ဦးအား ဘောလခဲမြို့နယ်​မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးအဖွဲ့များ ရဲတပ်​ဖွဲ့ဝင်များနှင်​့ ဒေသခံများမှ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း​သိရပြီး လက်​ရှိ ည​ပိုင်​းအချိန်​ထိ​တွေ့ရှိခြင်​းမရှိ​သေး​ကြောင်​း သိရသည်​။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - Ko Ko

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net