ကယားျပည္နယ္ရွိ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္းမ်ားတြင္ စိုက္ပ်ိဳးေရးက႑ အေအာင္ျမင္ဆံုးျဖစ္ေန

ကယားျပည္နယ္ရွိ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္းမ်ားတြင္ စိုက္ပ်ိဳးေရးက႑ အေအာင္ျမင္ဆံုးျဖစ္ေန
သြဂုတ် 29, 2019
By Tachileik News Agency

ကယားျပည္နယ္အတြင္း ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္းမ်ားအနက္ စိုက္ပ်ိဳးေရးက႑တြင္ ရင္းႏွီးျမဳပ္ႏွံမႈမွာ ေအာင္ျမင္မႈ အမ်ားဆံုးရေနေၾကာင္း ကယားျပည္နယ္ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ား ညႊန္ၾကားမႈဦးစီးဌာန၏ ၂၀၁၈ ခုနွစ္အတြင္း ကြင္းဆင္းေလ့လာထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

"ကၽြန္မတို႔ survey ဆင္းလိုက္တယ္ မႏွစ္ကေပါ့။ အဲဒီ report အရ အေအာင္ျမင္ဆုံးကေတာ့ စိုက္ပ်ိဳးေရး၊ ဒုတိယကေတာ့ ဟိုတယ္ခရီးသြား၊ တတိယကေတာ့ မိုင္းလုပ္ငန္းေတြေပါ့။ ကၽြန္မတို႔မွာ ကမၻာေက်ာ္ မိုင္းတြင္းေတာင္ ရွိတာပဲေလ။ survey report အရေတာ့ ဒီက႑သုံးခုကေတာ့ အေအာင္ျမင္ဆုံးေတြေပါ့ "ဟု ကယားျပည္နယ္ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ား ညႊန္ၾကားမႈဦးစီးဌာန ညႊန္ၾကားေရးမွဴး ေဒၚေမမ်ိဳးေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကယားျပည္နယ္တြင္ ၂၀၁၉ ခုႏွစ္အထိ ျပည္တြင္းရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္း(၁၃)ခုႏွင့္ ျပည္ပရင္းႏွီးျမဳပ္ႏွံမႈအျဖစ္ နယ္သာလန္ႏိုင္ငံမွ ဝက္ေမြးျမဴေရးလုပ္ငန္းတစ္ခုရွိၿပီး လက္ရွိအေျခေနအရ ရင္းႏွီးျမဳပ္ႏွံမႈမ်ား လာေရာက္ လုပ္ေဆာင္ရန္ ေျမပိုင္ဆိုင္မႈအခန္းက႑တြင္ ၾကန္႔ၾကာမႈမ်ားရွိေနသည့္အတြက္ ဝင္ေရာက္ျခင္းမရွိေသးဘဲ ေစာင့္ဆုိင္းေနသည္မ်ားလည္း ရိွေနသည္ဟု သိရသည္။

"ေရွ႕ႏွစ္မွာထပ္ဝင္မယ့္လုပ္ငန္းေတြ အမ်ားႀကီးပဲ။ ဒါေပမဲ့ ေျမပိုင္ဆိုင္မႈကနည္းနည္း ၾကာတယ္။ ေျမရရွိဖို႔တို႔ ဘာတို႔ေၾကာင့္သာ မဝင္ၾကေသးတာ။ ေဒသခံေတြ စိတ္ဝင္စားလာတာက ႏွစ္ရွည္သီးႏွံေတြ စိုက္တာကို ပိုစိတ္ဝင္စားလာၾကတယ္။ ေဆာက္လက္စ ဟိုတယ္ေတြလည္းရွိတယ္။ ကၽြန္မတို႔ကလည္း ဘယ္ခ်ိန္ပဲျဖစ္ျဖစ္ ကူညီေပးပါမယ္။ အစိုးရကလည္း အားေပးတယ္"ဟု ကယားျပည္နယ္ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ား ညႊန္ၾကားမႈ ဦးစီးဌာန ညႊန္ၾကားေရးမွဴး ေဒၚေမမ်ိဳးေဇာ္က ေျပာသည္။

ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ဥကၠဌအျဖစ္ တာဝန္ယူေဆာင္ရြက္ေနေသာ ျပည္နယ္ရင္းႏွီးျမဳပ္ႏွံမႈေကာ္မတီက ရင္းႏွီးျမဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ (၃.၁၈၁၉၄၃) ရိွသည့္ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္း(၁၄)ခုကို အတည္ျပဳမိန္႔မ်ား ထုတ္ေပးႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ား ညႊန္ၾကားမႈဦးစီးဌာနတြင္ ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒ ၂၀၁၇ ႏွင့္အညီ ကုမၸဏီဖြဲ႕စည္းတည္ေထာင္ျခင္း၊ မွတ္ပုံတင္ျခင္းမ်ားအျပင္ ရင္းႏွီးျမဳပ္ႏွံမႈ အဆိုျပဳလႊာ ေလွ်ာက္ထားျခင္းလုပ္ငန္းမ်ားကိုလည္း လုပ္ေဆာင္ႏိုင္မည္ျဖစ္ၿပီး အေသးစိတ္သိလိုပါက www.kic.gov.mm တြင္ဝင္ေရာက္ ၾကည့္ရႈ႕ႏိုင္မည္ျဖစ္သည္။

Tachileik News Agency
သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများအနက် စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုမှာ အောင်မြင်မှု အများဆုံးရနေကြောင်း ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၈ ခုနှစ်အတွင်း ကွင်းဆင်းလေ့လာထားသည့် အချက်အလက်များအရ သိရသည်။

"ကျွန်မတို့ survey ဆင်းလိုက်တယ် မနှစ်ကပေါ့။ အဲဒီ report အရ အအောင်မြင်ဆုံးကတော့ စိုက်ပျိုးရေး၊ ဒုတိယကတော့ ဟိုတယ်ခရီးသွား၊ တတိယကတော့ မိုင်းလုပ်ငန်းတွေပေါ့။ ကျွန်မတို့မှာ ကမ္ဘာကျော် မိုင်းတွင်းတောင် ရှိတာပဲလေ။ survey report အရတော့ ဒီကဏ္ဍသုံးခုကတော့ အအောင်မြင်ဆုံးတွေပေါ့ "ဟု ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကယားပြည်နယ်တွင် ၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၁၃)ခုနှင့် ပြည်ပရင်းနှီးမြုပ်နှံမှုအဖြစ် နယ်သာလန်နိုင်ငံမှ ဝက်မွေးမြူရေးလုပ်ငန်းတစ်ခုရှိပြီး လက်ရှိအခြေနေအရ ရင်းနှီးမြုပ်နှံမှုများ လာရောက် လုပ်ဆောင်ရန် မြေပိုင်ဆိုင်မှုအခန်းကဏ္ဍတွင် ကြန့်ကြာမှုများရှိနေသည့်အတွက် ဝင်ရောက်ခြင်းမရှိသေးဘဲ စောင့်ဆိုင်းနေသည်များလည်း ရှိနေသည်ဟု သိရသည်။

"ရှေ့နှစ်မှာထပ်ဝင်မယ့်လုပ်ငန်းတွေ အများကြီးပဲ။ ဒါပေမဲ့ မြေပိုင်ဆိုင်မှုကနည်းနည်း ကြာတယ်။ မြေရရှိဖို့တို့ ဘာတို့ကြောင့်သာ မဝင်ကြသေးတာ။ ဒေသခံတွေ စိတ်ဝင်စားလာတာက နှစ်ရှည်သီးနှံတွေ စိုက်တာကို ပိုစိတ်ဝင်စားလာကြတယ်။ ဆောက်လက်စ ဟိုတယ်တွေလည်းရှိတယ်။ ကျွန်မတို့ကလည်း ဘယ်ချိန်ပဲဖြစ်ဖြစ် ကူညီပေးပါမယ်။ အစိုးရကလည်း အားပေးတယ်"ဟု ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ပြောသည်။

ကယားပြည်နယ် ဝန်ကြီးချုပ်ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီက ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၃.၁၈၁၉၄၃) ရှိသည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၁၄)ခုကို အတည်ပြုမိန့်များ ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း၊ မှတ်ပုံတင်ခြင်းများအပြင် ရင်းနှီးမြုပ်နှံမှု အဆိုပြုလွှာ လျှောက်ထားခြင်းလုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်ပြီး အသေးစိတ်သိလိုပါက www.kic.gov.mm တွင်ဝင်ရောက် ကြည့်ရှု့နိုင်မည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net