ဖယ်ခုံမြို့ရှိ မြတ်စေတနာ အိမ်ဆောက်ပစ္စည်းဆိုင်ကို ဓားပြတိုက်သူမှာ ရဲတပ်ကြပ်ဖြစ်နေ

ဖယ်ခုံမြို့ရှိ မြတ်စေတနာ အိမ်ဆောက်ပစ္စည်းဆိုင်ကို ဓားပြတိုက်သူမှာ ရဲတပ်ကြပ်ဖြစ်နေ
စက်တင်ဘာ 29, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မြတ်စေတနာအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို ဓားပြတိုက်သူမှာ စစ်ကောင်စီတပ်ဖွဲ့လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့ ညနေပိုင်းက ဖယ်ခုံမြို့လယ် ဖယ်ခုံမြို့မရဲစခန်းအနီးရှိ မြတ်စေတနာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဖယ်ခုံမြို့မရဲစခန်းမှ ရဲတပ်ကြပ် မျိုးမင်းအောင်ဆိုသူက ဓားပြဝင်တိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းရဲတပ်ကြပ်သည် မြတ်စေတနာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့ ယခင်ကလည်း ဈေးဝယ်ဖူးပြီး ယင်းနေ့က စျေးလာဝယ်ရာတွင် ဆိုင်ရှင်က ငွေများရေတွက်နေသည်နှင့် ကြုံတွေ့ပြီးနောက် လက်နက်ဟု ထင်စေသောအရာတစ်ခုအား ပုဆိုးဖြင့်အုပ်၍ ခြိမ်းခြောက်ကာ ငွေကျပ်(၁၀)သိန်း ယူဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ 

ဓားပြတိုက်ချိန်တွင် ၎င်းရဲတပ်ကြပ်တွင် မျက်နှာဖုံးအကာအကွယ်တစ်ခုမှမပါလာခြင်းကြောင့် ဆိုင်ရှင်က မှတ်မိခဲ့သဖြင့် ရဲစခန်းသို့ သွားရောက်တိုင်တန်းရာက ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency