ဒီး​​မော့ဆိုပြည်သူ့ကာကွယ်​ရေးတပ်၏ တပ်ရင်း (C)မှ စစ်ရေးဆိုင်ရာ မွမ်းမံသင်တန်းဆင်း

ဒီး​​မော့ဆိုပြည်သူ့ကာကွယ်​ရေးတပ်၏ တပ်ရင်း (C)မှ စစ်ရေးဆိုင်ရာ မွမ်းမံသင်တန်းဆင်း
နိုဝင်ဘာ 4, 2021 | ကယား

 အမျိုးသားညီညွှတ်ရေးအစိုးရ၏ လမ်းညွှန်မှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(ဒီးမော့ဆို)၏ တပ်ရင်း (C)မှ စစ်ရေးဆိုင်ရာ မွမ်းမံသင်တန်း၏ သင်တန်းဆင်းပွဲ ယနေ့ ၂၀၂ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့တွင်  ပြုလုပ်ခဲ့ကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်ထားရှိသည်။

 

"ပြည်သူ့အာဏာကို မတရားအာဏာသိမ်း ဖမ်းဆီး သတ်ဖြတ်ခဲ့​သော အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ကို အစွမ်းကုန်ကြိုးစားတိုက်ထုတ်သွားမည်ဖြစ်ပြီး ဖယ်ဒရယ်ဒီမိုက​ရေစီ ပန်းတိုင်​ရောက်​အောင် ကျွန်ုပ်တို့ (DMO-PDF) တပ်ဖွဲ့အ​နေဖြင့် ကြိုးစားသွားမည်ဟု ထပ်မံ​ပြောကြားလိုပါသည်။ အခက်အခဲကြားထဲက အဖက်ဖက်မှ ကူညီ​ပေး​သွား​​သော အလှူရှင်များကိုလည်း အထူးပင်ဂုဏ်ပြုအပ်ပါသည်။"ဟု ဒီးမော့ဆို PDF က အသိပေးထားရှိသည်။

ဒီး​​မော့ဆိုပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့သည် ယနေ့တွင် ထိန်းချုပ်နယ်မြေ၌ သင်တန်းဆင်းပွဲပြုလုပ်နေသလို ရှမ်း - ကယား နယ်စပ်တွင်လည်း ပူးပေါင်းအဖွဲ့ဖြင့် တိုက်ပွဲများ ဆင်နွှဲနေကြောင်းလည်း သိရသည်။  

 

Photo: ဒီးမော့ဆို PDF