တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့က အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း သဘောထားကြေညာချက်ထုတ်ပြန်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့က အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း သဘောထားကြေညာချက်ထုတ်ပြန်
ဒီဇငျဘာ 12, 2018
By Tachileik News Agency


စစ်ရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာကို အကျေအလည်ဖြေရှင်းရန် မဖြစ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ၏ နှစ်ပေါင်း (၇၀)ကျော် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများက သက်သေပြခဲ့ပြီးဖြစ်သဖြင့် ငြိမ်းချမ်းရေးအား ဆောလျင်စွာ ဖော်ဆောင်နိုင်ရန်နှင့် ကောင်းမွန်သော ငြိမ်းချမ်းရေးအခင်းအကျင်းကို ဖန်တီးနိုင်ရန်အတွက် စစ်ရေးဆိုင်ရာဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ကာ စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန် ဆန္ဒရှိပြီး မြန်မာ့တပ်မတော်ဖက်မှလည်း စစ်ပွဲများ ချုပ်ငြိမ်းစေရန်ဆောင်ရွက်မည်ဟု စိတ်ရင်းမှန်ဖြင့် မျှော်လင့်ပါသည်ဟု အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ဖေါ်ပြလိုက်သည်။

လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးပြဿနာများကို အဆိုပါအဖွဲ့(၃)ဖွဲ့က နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းနိုင်ရန် ဆန္ဒရှိနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရန်အတွက်  FPNCC ၏ တိုက်တွန်းမှုဖြင့် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်း စီစဉ်ပေးမှုများအရ ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဖေါ်ပြထားသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးပြဿနာများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃)ခုဖြစ်သည့် MNTJP/MNDAA၊ PSLF/TNLA နှင့် ULA/AA တို့က နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် အတူ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းနိုင်ရန် ဆန္ဒရှိသည်ဟု ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။

စစ်ရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာကို အကျေအလည်ဖြေရှင်းရန် မဖြစ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ၏ နှစ်ပေါင်း (၇၀)ကျော် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများက သက်သပြေခဲ့ပြီးဖြစ်သဖြင့် ငြိမ်းချမ်းရေးအား ဆောလျင်စွာ ဖော်ဆောင်နိုင်ရန်နှင့် ကောင်းမွန်သော ငြိမ်းချမ်းရေးအခင်းအကျင်းကို ဖန်တီးနိုင်ရန်အတွက် စစ်ရေးဆိုင်ရာဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ကာ စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန် ဆန္ဒရှိပြီး မြန်မာ့တပ်မတော်ဖက်မှလည်း စစ်ပွဲများ ချုပ်ငြိမ်းစေရန်ဆောင်ရွက်မည်ဟု စိတ်ရင်းမှန်ဖြင့် မျှော်လင့်ပါသည်ဟု အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြလိုက်သည်။

လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးပြဿနာများကို အဆိုပါအဖွဲ့(၃)ဖွဲ့က နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းနိုင်ရန် ဆန္ဒရှိနပြေီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရန်အတွက် FPNCC၏ တိုက်တွန်းမှုဖြင့် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်း စီစဉ်ပေးမှုများအရ ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~