ကျောက်မဲမြို့တွင် ဆိုင်ကယ်သပိတ်စစ်ကြောင်းအပါအဝင် ဆန္ဒပြမှုတွင် ပါဝင်သူများအား အာဏာသိမ်းစစ်ကောင်စီက လိုက်လံရှာဖွေနေ

ကျောက်မဲမြို့တွင် ဆိုင်ကယ်သပိတ်စစ်ကြောင်းအပါအဝင် ဆန္ဒပြမှုတွင် ပါဝင်သူများအား အာဏာသိမ်းစစ်ကောင်စီက လိုက်လံရှာဖွေနေ
ဇွန် 2, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ဆိုင်ကယ်သပိတ်အပါအဝင် ဆန္ဒထုတ်ဖေါ်မှုတွင်ပါဝင်သူများအား ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့ နေ့လယ်ပိုင်း၌ အာဏာသိမ်းစစ်တပ်နှင့်ရဲအဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း သိရသည်။

လက်ရှိအချိန်ထိ အမျိုးသား (၂) ဦးကို ဖမ်းဆီးသွားသည်ဟု သိရသော်လည်း မည်သူဖမ်းခံထားရသည်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ကျောက်မဲမြို့တွင် ဆေးဆိုင်နှင့်ထီဆိုင် ဖွင့်လှစ်ထားသူ အသက် (၅၄)နှစ်ဝန်းကျင် အမျိုးသားတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ မေလ (၃၀) ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယင်းနေ့ ညနေပိုင်းမှစ၍ ဆန္ဒထုတ်ဖေါ်မှုများတွင် ပါဝင်ခဲ့သူများအား လိုက်လံရှာဖွေခြင်း လုပ်နေသည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။