လာရှိုးမြို့နယ်အတွင်း TNLA တပ်စခန်းကို အာဏာသိမ်းစစ်အုပ်စုတပ်က   လက်နက်ကြီးနှင့်ပစ်ခတ်၍ တိုက်ပွဲပြင်းထန်ပြီး စစ်ရေး တင်းမာနေ

Photo: TNLA
Photo: TNLA
လာရှိုးမြို့နယ်အတွင်း TNLA တပ်စခန်းကို အာဏာသိမ်းစစ်အုပ်စုတပ်က   လက်နက်ကြီးနှင့်ပစ်ခတ်၍ တိုက်ပွဲပြင်းထန်ပြီး စစ်ရေး တင်းမာနေ
ဇန်နဝါရီ 29, 2023 | ရှမ်းမြောက်

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုနှင့်  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( Ta'ang National Liberation Army - TNLA)တို့  ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်၊ နေ့ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်အုပ်စုတပ်၏ ခမရ(၅၀၄)တပ်ရင်း တပ်ဖွဲ့က  TNLA ၏ တပ်ရင်း (၅၉၅)တပ်စခန်း ကို လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့်ပစ်ကာ အင်းအား (၆၀)ဝန်းကျင်ဖြင့် နမ်မောရွာမှ မန်ကောင်ရွာသို့ ထိုးတက်လာပြီး TNLA တပ် ရင်း (၅၉၅)တပ်စခန်းရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့‌သောကြောင့် TNLA ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲပြင်း ထန်ခဲ့သည်ဟု သိရသည်။

ညနေ (၅)နာရီခွဲအချိန်ထိ တိုက်ပွဲပွားခဲ့ပြီး ယခုချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။