တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း နှင့် ဖန်မင်ကျေးရွာအုပ်စုထဲက နေအိမ်နှစ်လုံးတွင် မူးယစ်ဆေးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း နှင့် ဖန်မင်ကျေးရွာအုပ်စုထဲက နေအိမ်နှစ်လုံးတွင် မူးယစ်ဆေးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ
မတ် 21, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း နှင့် ဖန်မင်ကျေးရွာအုပ်စုထဲက နေအိမ်နှစ်လုံးတွင် မူးယစ်ဆေးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု နှင့် ဖန်မင်ကျေးရွာအုပ်စုအတွင်းမှ နေအိမ် (၂)လုံးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၃၈,၆၇၀)ပြား၊ ဘိန်းဖြူ (၁.၀၅) ကီလိုနှင့် လက်နက်ခဲယမ်းများကို အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂) ဦးနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု နှင့်  ဝှေလေလန်ကျေးရွာနှင့် ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကောင်းမွန်ကျေးရွာတို့ရှိ နေအိမ် (၂)လုံးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၃၈၆၇၀)ပြား၊ ဘိန်းဖြူ (၁.၀၅) ကီလိုနှင့် လက်နက်ခဲယမ်းများကို အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂) ဦးနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာရှိ ဒေါ်နန်းအစ် (ခ) အီအစ်၏ နေအိမ်အား မတ်လ (၂၀) ရက်နေ့ ညနေ (၃)နာရီ (၄၅) မိနစ်ဝန်းကျင်က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၂၀,၆၇၀) ပြားကို ဖမ်းမိခြင်းဖြစ်ပြီး ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကောင်းမွန်ကျေးရွာရှိ ခမ်းသန်း၏ နေအိမ်အား ဆက်လက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား (၁၈,၀၀၀) ပြား၊ ဘိန်းဖြူဘလောက်တုံး (၁.၀၅) ကီလို၊ လက်ပစ်ဗုံး (၂) လုံး၊ (.၃၈) ကျည် (၁၀၀) တောင့်၊ (.၃၂) ကျည် (၃၅) တောင့်တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ခမ်းသန်း၏ နေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားသော မော်တော်ဆိုင်ကယ် (၁) စီးကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဒေါ်နန်းအစ် (ခ) အီအစ်နှင့် ခမ်းသန်းတို့အား ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အရေးယူနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Tachieik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~