မူဆယ္တြင္ ယာဥ္ေမာင္းႏွစ္ဦး ခုိက္ရန္ျဖစ္ပြားမႈကို တားျမစ္သည့္ ယာဥ္ထိန္းတစ္ဦး ဓါးျဖင့္ခုတ္ခံရ

မူဆယ္တြင္ ယာဥ္ေမာင္းႏွစ္ဦး ခုိက္ရန္ျဖစ္ပြားမႈကို တားျမစ္သည့္ ယာဥ္ထိန္းတစ္ဦး ဓါးျဖင့္ခုတ္ခံရ
နိုဝင်ဘာ 20, 2018
By Tachileik News Agency


ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ ၿမိဳ႕ေရွာင္လမ္းတြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၀)ရက္ေန႔ ေန႔လယ္ (၁)နာရီဝန္းက်င္က ယာဥ္ေက်ာ္တက္ရန္ႀကိဳးစားရာမွ  ယာဥ္ေမာင္း(၂)ဦး ခိုက္ရန္ ျဖစ္ပြားသည္ကို တားျမစ္သည့္ ယာဥ္ထိန္းတပ္ၾကပ္ႀကီးအား လက္သီးျဖင့္ထိုး၊ ဓါးျဖင့္ခုတ္မႈ ျဖစ္ပြားေၾကာင္း သိရသည္။

မူဆယ္ၿမိဳ႕ေရွာင္လမ္းတြင္ ယာဥ္ေၾကာၾကပ္သျဖင့္ ယာဥ္ထိန္းမ်ားက ရွင္းလင္းေပးေနၿပီး ကုန္တင္ယာဥ္မ်ား လက္ယာကပ္ စီတန္းေစာင့္ဆုိင္းေနစဥ္ ဟိုနားဘုန္းႀကီးေက်ာင္းအနီး လမ္းမေပၚ၌ တရုတ္ႏုိင္ငံဘက္သို႔ဝင္မည့္ ကုန္တင္ယာဥ္မွ ယာဥ္ေမာင္း ေဇာ္ေဇာ္က ေအာင္ၿဖိဳးထိုက္ေမာင္းႏွင္သည့္ ယာဥ္အား ေက်ာ္တက္ရန္ႀကိဳးစားစဥ္ ခုိက္ရန္ျဖစ္ပြားခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္ေမာင္းေဇာ္ေဇာ္က ကားေပၚပါလာသည့္ ဓါးရွည္ျဖင့္ ေအာင္ၿဖိဳးထုိက္အား လုိက္ခုတ္ေနသျဖင့္ ရဲတပ္ၾကပ္ႀကီး ထြန္းေအးက ဝင္ေရာက္တားျမစ္ရာ ရဲတပ္ၾကပ္အား လက္သီးျဖင့္ထိုး၊ ဓါးျဖင့္ ဝင္ခုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ၾကပ္ႀကီးတြင္ မ်က္ႏွာဖူးေယာင္ဒဏ္ရာ၊ ဝဲဘက္လက္ျပတ္ရွဒဏ္ရာမ်ားရသြားၿပီး ယာဥ္ေမာင္းေဇာ္ေဇာ္မွာ ၎အား ဖမ္းဆီးစဥ္ေခ်ာ္လဲကာ ထိခိုက္ဒဏ္ရာ အနည္းငယ္ရသြားေၾကာင္း သိရသည္။

ဒဏ္ရာရသူမ်ားကို မူဆယ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားၿပီး အခင္းျဖစ္ေနရာအား မူဆယ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး မ်ိဳးညြန္႔၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ယာယီရဲမွဴး ေအာင္ေက်ာ္ဦး၊ ယာဥ္ထိန္း ရဲတပ္ဖြဲ႕စုမွဴး (၁၂၃) ဒုရဲမွဴးခ်စ္စိန္၊ မူဆယ္ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴး သန္႔ေဇာ္ဦးႏွင့္ နယ္ထိန္းေခါင္းေဆာင္တုိ႔ သြားေရာက္စစ္ေဆးၿပီး အလားတူျဖစ္ရပ္မ်ား ထပ္မံမျဖစ္ပြားေစေရး စီမံေဆာင္ရြက္ထားေၾကာင္း သိရသည္။

တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းအား ျပင္းထန္ဒဏ္ရာရရိွေစသူျဖစ္သည့္ ယာဥ္ေမာင္း ေဇာ္ေဇာ္အား အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔၊ ko myo gyi


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ မြို့ရှောင်လမ်းတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်က ယာဉ်ကျော်တက်ရန်ကြိုးစားရာမှ ယာဉ်မောင်း(၂)ဦး ခိုက်ရန်ဖြစ်ပွားသည်ကို တားမြစ်သည့် ယာဉ်ထိန်းတပ်ကြပ်ကြီးအား လက်သီးဖြင့်ထိုး၊ ဓားဖြင့်ခုတ်မှု ဖြစ်ပွားကြောင်း သိရသည်။

မူဆယ်မြို့ရှောင်လမ်းတွင် ယာဉ်ကြောကြပ်သဖြင့် ယာဉ်ထိန်းများက ရှင်းလင်းပေးနပြေီး ကုန်တင်ယာဉ်များ လက်ယာကပ် စီတန်းစောင့်ဆိုင်းနေစဉ် ဟိုနားဘုန်းကြီးကျောင်းအနီး လမ်းမပေါ်၌ တရုတ်နိုင်ငံဘက်သို့ဝင်မည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်း ဇော်ဇော်က အောင်ဖြိုးထိုက်မောင်းနှင်သည့် ယာဉ်အား ကျော်တက်ရန်ကြိုးစားစဉ် ခိုက်ရန်ဖြစ်ပွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းဇော်ဇော်က ကားပေါ်ပါလာသည့် ဓားရှည်ဖြင့် အောင်ဖြိုးထိုက်အား လိုက်ခုတ်နေသဖြင့် ရဲတပ်ကြပ်ကြီး ထွန်းအေးက ဝင်ရောက်တားမြစ်ရာ ရဲတပ်ကြပ်အား လက်သီးဖြင့်ထိုး၊ ဓားဖြင့် ဝင်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ကြပ်ကြီးတွင် မျက်နှာဖူးယောင်ဒဏ်ရာ၊ ဝဲဘက်လက်ပြတ်ရှဒဏ်ရာများရသွားပြီး ယာဉ်မောင်းဇော်ဇော်မှာ၎င်းအား ဖမ်းဆီးစဉ်ချော်လဲကာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရသွားကြောင်း သိရသည်။

ဒဏ်ရာရသူများကို မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး အခင်းဖြစ်နေရာအား မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးညွန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်ကျော်ဦး၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး (၁၂၃) ဒုရဲမှူးချစ်စိန်၊ မူဆယ်မြို့မစခန်းမှူး ဒုရဲမှူး သန့်ဇော်ဦးနှင့် နယ်ထိန်းခေါင်းဆောင်တို့ သွားရောက်စစ်ဆေးပြီး အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရေး စီမံဆောင်ရွက်ထားကြောင်း သိရသည်။

တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအား ပြင်းထန်ဒဏ်ရာရရှိစေသူဖြစ်သည့် ယာဉ်မောင်း ဇော်ဇော်အား အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့၊ ko myo gyi

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~