ကျောက်မဲမြို့အဝင်တွင် နောင်ချိုဘက်မှ လာသည့် ယာဉ်ပေါ်က တရားမဝင် သစ်များ ဖမ်းမိ

ကျောက်မဲမြို့အဝင်တွင် နောင်ချိုဘက်မှ လာသည့် ယာဉ်ပေါ်က တရားမဝင် သစ်များ ဖမ်းမိ
ဒီဇင်ဘာ 13, 2020
By Tachileik News Agency

 

ကျောက်မဲမြို့အဝင်တွင် နောင်ချိုဘက်မှ လာသည့် ယာဉ်ပေါ်က တရားမဝင် သစ်များ ဖမ်းမိ 

ရှမ်းပြည်နယ်( မြောက်ပိုင်း) နောင်ချိုမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ တရားမဝင်သစ်များ တင်ဆောင်လာသည့် မော်တော်ယာဥ် တစ်စီးကို ပြည်ထောင်စုလမ်းမကြီး၊ ကျောက်မဲမြို့အဝင်ရှိ ယာဥ်ထိန်းရဲတပ်ဖွဲ့ရုံးရှေ့၌ ဒီဇင်ဘာ (၁၂)ရက် ညနေပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။
တရားမဝင်သစ်များတင်မည့်အကြောင်း သတင်းအရ ကျောက်မဲမြို့နယ်သစ်တောဦးစီးဌာန၊ မြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းတပ်ဖွဲ့များ၊ စစ်ဘက်ရေးရာလုံခြုံရေးအထူးတပ်၊ စု( ၁ )၊ခွဲ ( ၃ ) တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကျောက်မဲရှိ အမှတ်( ၁၂၄ )ယာဥ်ထိန်းရဲတပ်ဖွဲ့  ရုံးရှေ့အနီးတွင် အဆိုပါယာဥ်အား တားမြစ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အသက်(၃၉)နှစ်အရွယ် မိုးလင်းမောင်းနှင်လာသည့် ယာဥ်ပေါ်တွင် အင်ကြင်းသစ်ခွဲသား ဆိုဒ်စုံ စုစုပေါင်းအလေးချိန် ၁.၀၇၄၄ တန်ကို အထောက်အထား တစ်စုံတစ်ရာ မပြသနိုင်ဘဲ တင်ဆောင်လာသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သစ်များအား တရားမဝင်တင်ဆောင်လာသူ မိုးလင်း ဆိုသူ နှင့် မော်တော်ယာဥ်ကို ကျောက်မဲမြို့မရဲစခန်းတွင် (ပ) ၁၂၀/ ၂၀၂၀၊ ၂၀၁၈ သစ်တောဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့် အရေးယူထားပြီး သစ်များအား မြို့နယ်သစ်တောရေးရာဦစီးဌာန ရုံး၌ ထိန်းသိမ်းထားရှိကြောင်းသိရသည်။
 
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~