ကျောက်မဲမြို့တွင် ခရီးသွား ရာဇဝင်မရှိသည့် အမျိုးသားတစ်ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား

ကျောက်မဲမြို့တွင် ခရီးသွား ရာဇဝင်မရှိသည့် အမျိုးသားတစ်ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား
ဇွန် 16, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် ခရီးသွား ရာဇဝင်မရှိသည့် အမျိုးသားတစ်ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲတွင် ခရီးသွား ရာဇဝင်မရှိသည့် အသက် (၃၀) ဝန်းကျင် အမျိုးသားတစ်ဦး ဖျားနာ ချောင်းဆိုး နေသဖြင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့၌ စောင့်ကြည့်သံသယလူနာအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

သူက ခရီးသွားရာဇဝင် မရှိဘူး။ မြို့ထဲကဒေသခံပဲ။ ဖျားနာ ချောင်းဆိုးပြီး ဆေးရုံကိုလာပြရာကနေ သမားတော်ကြီးတွေရဲ့ စစ်ဆေး ဆုံးဖြတ်ချက်နဲ့ isolation ward မှာ ထားလိုက်တာပါ။ လောလောဆယ် အဲဒီတစ်ဦးပဲ ရှိပါတယ်။ ဒီနေ့အတွက် ဓါတ်ခွဲနမူနာ ပို့ဆောင်စစ်ဆေးဖို့ တစ်ဦးမှ မရှိသေးပါဘူး

ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုခရိုင်ဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦး က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ စောင့်ကြည့်သံသယလူနာအပြင် ကျောက်မဲရှိ Check Point နှင့် Facility Quarantine များတွင် တာဝန်ထမ်းဆောင်နေသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများအား  ဓာတ်ခွဲနမူနာရယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲတွင် ပြည်တော်ပြန်များအား မိုးလုံလေလုံ အားကစားခန်းမ နှင့် ယက်ကန်းကျောင်းတို့၌ Facility Quarantine ထားရှိရာ လက်ရှိတွင် ပြည်တော်ပြန် (၅၀) ဝန်းကျင်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း -  နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~