ေက်ာက္မဲၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ စကၠဴလိပ္မ်ားတင္ေဆာင္လာသည့္ ယာဥ္တစ္စီး အရွိန္လြန္တိမ္းေမွာက္

ေက်ာက္မဲၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ စကၠဴလိပ္မ်ားတင္ေဆာင္လာသည့္ ယာဥ္တစ္စီး အရွိန္လြန္တိမ္းေမွာက္
ဇွန် 7, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕နယ္ ခိုမုန္းေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ စကၠဴလိပ္မ်ားတင္ေဆာင္လာသည့္ (၂၂)ဘီး ယာဥ္တစ္စီး လဲက်တိမ္းေမွာက္ရာမွ ယာဥ္ေမာင္းမွာ ညႇပ္ၿပီးပိတ္မိေန၍ ေက်ာက္မဲခရိုင္မီးသတ္တပ္ဖြဲ႔က ကူညီကယ္ဆယ္ေပးခဲ့ရေၾကာင္း သိရသည္။

လားရႈိးဘက္မွ မႏၱေလးဘက္သို႔ စကၠဴလိပ္မ်ားတင္ေဆာင္လာသည့္ (၂၂)ဘီး ယာဥ္တစ္စီးသည္ ၂၀၁၉ခုႏွစ္ ဇြန္လ(၇)ရက္ေန႔ နံနက္(၈)နာရီ(၄၅)မိနစ္၀န္းက်င္အခ်ိန္က မိုင္တိုင္ အမွတ္ ( ၁၀၆/၅ )အနီးတြင္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ ယာဘက္သို႔ လဲက်တိမ္းေမွာက္သြားရာမွ ယာဥ္ေမာင္းျဖစ္သူမွာ ညႇပ္၍ ပိတ္မိေနျခင္းျဖစ္သည္။

ယင္းသို႔ ျဖစ္ပြားရာေနရာသို႔ ေက်ာက္မဲခရိုင္မီးသတ္ဦးစီးဌာနမွ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႔ဝင္မ်ားသည္ မီးသတ္ယာဥ္တစ္စီး၊ လူနာတစ္ယာဥ္ (၁)စီးျဖင့္ သြားေရာက္ခဲ့ၿပီး ယာဥ္အတြင္းညွပ္၍ပိတ္မိေနသည့္ ယာဥ္ေမာင္းျဖစ္သူအား ရွာေဖြကယ္ဆယ္ေရးပစၥည္းမ်ားအသံုးျပဳ၍ ကယ္ဆယ္ေရးမ်ား ျပဳလုပ္ရာ အသက္ရွင္လ်က္ျဖင့္ ကယ္ဆယ္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္  ဒဏ္ရာရရွိသြားသည့္ ယာဥ္ေမာင္းျဖစ္သူသည္ အသက္အႏၱရာယ္မစိုးရိမ္ရေသာ္လည္း ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူေနလ်က္ရွိေၾကာင္းႏွင့္ ယာဥ္မေတာ္တဆမႈႏွင့္ပတ္သက္၍ ေက်ာက္မဲ ယာဥ္ထိန္းရဲတပ္ဖြဲ႔က စစ္ေဆးေနဆဲျဖစ္ေၾကာင္းသိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ​ေက်ာက္​မဲခ႐ိုင္​မီးသတ္​တပ္​ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စက္ကူလိပ်များတင်ဆောင်လာသည့် (၂၂)ဘီး ယာဉ်တစ်စီး လဲကျတိမ်းမှောက်ရာမှ ယာဉ်မောင်းမှာ ညှပ်ပြီးပိတ်မိနေ၍ ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။

လားရှိုးဘက်မှ မန္တလေးဘက်သို့ စက္ကူလိပ်များတင်ဆောင်လာသည့် (၂၂)ဘီး ယာဉ်တစ်စီးသည် ၂၀၁၉ခုနှစ် ဇွန်လ(၇)ရက်နေ့ နံနက်(၈)နာရီ(၄၅)မိနစ်ဝန်းကျင်အချိန်က မိုင်တိုင် အမှတ် ( ၁၀၆/၅ )အနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်သို့ လဲကျတိမ်းမှောက်သွားရာမှ ယာဉ်မောင်းဖြစ်သူမှာ ညှပ်၍ ပိတ်မိနခြေင်းဖြစ်သည်။

ယင်းသို့ ဖြစ်ပွားရာနေရာသို့ ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်တစ်စီး၊ လူနာတစ်ယာဉ် (၁)စီးဖြင့် သွားရောက်ခဲ့ပြီး ယာဉ်အတွင်းညှပ်၍ပိတ်မိနေသည့် ယာဉ်မောင်းဖြစ်သူအား ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသုံးပြု၍ ကယ်ဆယ်ရေးများ ပြုလုပ်ရာ အသက်ရှင်လျက်ဖြင့် ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသွားသည့် ယာဉ်မောင်းဖြစ်သူသည် အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေလျက်ရှိကြောင်းနှင့် ယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ ကျောက်မဲ ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ​ကျောက်​မဲခရိုင်​မီးသတ်​တပ်​ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net