ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် ရခိုင်ပြည်နယ်က ပြန်လာပြီး နေမကောင်းဖြစ်နေသူ (၂)ဦးကို ဆေးရုံခေါ်ပြီး Covid-19 ဓါတ်ခွဲစစ်ဆေးရန် ဆောင်ရွက်ထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် ရခိုင်ပြည်နယ်က ပြန်လာပြီး နေမကောင်းဖြစ်နေသူ (၂)ဦးကို ဆေးရုံခေါ်ပြီး Covid-19 ဓါတ်ခွဲစစ်ဆေးရန် ဆောင်ရွက်ထား
စက်တင်ဘာ 1, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် ရခိုင်ပြည်နယ်က ပြန်လာပြီး နေမကောင်းဖြစ်နေသူ (၂)ဦးကို ဆေးရုံခေါ်ပြီး Covid-19 ဓါတ်ခွဲစစ်ဆေးရန် ဆောင်ရွက်ထား
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် ရခိုင်ပြည်နယ်က ပြန်လာပြီးနောက် နေမကောင်းဖြစ်နေသူ (၂)ဦးအား ဆေးရုံသို့ ၂၀၂၀ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့တွင် ခေါ်ဆောင်ထားပြီး Covid-19 ဓါတ်ခွဲနမူနာရယူအတွက် ဆောင်ရွက်ထားကြောင်း သိရသည်။ 
"အဲ့ဒီ (၂)ယောက်ကိုလည်း တို့ဖတ်နမူနာ ယူထားပြီးပါပြီ။ အခုလိုအပ်တာတွေ ဆက်လုပ်နေပါတယ်။ ဒီနေ့ အတွက် အဲ့လိုမျိုး သီပေါကနေ စုစုပေါင်း နမူနာ (၈)ဦးစာပို့ပြီးတော့ အဖြေစောင့် ယူဖို့ရှိပါတယ်"ဟု သီပေါ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၁)ရက်နေ့ ညနေပိုင်းက ပြောသည်။
ရခိုင်ပြည်နယ်မှ ပြန်လာသူ (၂)ဦးသည် အသက် (၂၉)နှစ်အရွယ်အမျိုးသား နှင့် အသက် (၂၅)နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ပြီး သီပေါမြို့နယ် တောင်မြို့ရပ်ကွက်၌ နေထိုင်နေကြသူများ ဖြစ်ကြကာ ၎င်းတို့ (၂)ဦး၏ ခရီးသွားရာဇင် အသေးစိတ်ကို ရယူနေဆဲဖြစ်သည်ဟု သိရသည်။
"ရခိုင်ကပြန်လာပြီး နေမကောင်း ဖြစ်နေသူ (၂)ဦးရှိတယ်ဆိုတာ မနေ့ကမှ သတင်းရတာ။ သူတို့က နေမကောင်းဖြစ်လို့ ဆိုပြီး မြို့ထဲမှာ ဆေးခန်းလာပြခဲ့ကြသေးတယ်လို့ သိရတယ်၊ ဒီနေ့တော့ ခေါ်ဆောင်ပြီး ဆေးရုံကို ပို့ပေးထားပါတယ်။ သြဂုတ်လ (၁၈)ရက်နေ့လောက်ကတည်းက သီပေါကို ပြန်ရောက် နေကြတာလို့ သိရတယ်"ဟု သီပေါမြို့  နယ်စည်းမခြားပရဟိတအသင်းမှကိုမျိုး က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
သီပေါမြို့နယ် မန်ကောင်းကျေးရွာတွင် ပြည်ပမှ ပြန်လာသဖြင့် ကျန်းမာရေး စောင့်ကြည့်ရန်နေအိမ်အသွားအလာ ကန့်သတ်ထားသူ (၂)ဦး၏ မိခင်ဖြစ်သူသည်ပြီးခဲ့သည့် သြဂုတ်လ (၂၉)ရက်က သေဆုံး သွားသည့်အတွက် PPE အကာအကွယ်ဖြင့် နာရေးပို့ဆောင်ခဲ့ပြီး ကျန်ရှိ မိသားစု (၅)ဦးအား နှာခေါင်း၊ အာခေါင် တို့ဖတ် နမူနာ ရယူစစ်ဆေးခဲ့ရာ ပိုးမတွေ့ရကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - နယ်စည်းမခြားပရဟိတ(သီပေါ)
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~