ကယားျပည္နယ္အတြင္း လိုင္စင္မဲ့ကား (၁၈)စီးဖမ္းဆီးရမိထားၿပီး ေဒသတြင္း လိုင္စင္ထုတ္ေပးရန္ အစီအစဥ္ မရိွ

ကယားျပည္နယ္အတြင္း လိုင္စင္မဲ့ကား (၁၈)စီးဖမ္းဆီးရမိထားၿပီး ေဒသတြင္း လိုင္စင္ထုတ္ေပးရန္ အစီအစဥ္ မရိွ
ဇွန် 15, 2018
By Tachileik News Agency

လုိင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ား စိစစ္ ဖမ္းဆီးေနသည့္ ကယားျပည္နယ္တြင္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားအား ျပည္နယ္တြင္း သြားလာႏိုင္သည့္ ေဒသလိုင္စင္ျပဳလုပ္ေပးရန္ ဥပေဒႏွင့္ ၫႊန္ၾကားခ်က္မ်ား မ႐ွိေသာေၾကာင့္ ေဒသလိုင္စင္ထုတ္ေပးရန္ အစီအစဥ္ မရိွေၾကာင္း ကယားျပည္နယ္ လုံၿခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးထံမွ သိရသည္။

"ကြၽန္ေတာ္တို႔ အေနနဲ႔ ျပည္နယ္ထဲက လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ေတြ ဝင္ထြက္မႈေတြကို ထိန္းခ်ဳပ္တဲ့ ေနရာမွာ ဖမ္းဆီးမႈအစား အျခားနည္းလမ္းနဲ႔ ေဆာင္ရြက္ဖို႔ အစီအစဥ္ ဥပေဒမွာ မေတြ႔ဘူး။ အဲဒါေၾကာင့္ အျခားနည္းလမ္း မ႐ွိဘူး။ ျပည္နယ္တြင္း လိုင္စင္လုပ္ေပးဖို႔ မ႐ွိဘူး" ဟု ကယားျပည္နယ္အစိုးရ ဒုတိယတစ္ႏွစ္တာ သတင္းစာ ႐ွင္းလင္းပြဲတြင္ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးျမင့္ေဝက ေျပာသည္။

လုိင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားအား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားကိုလည္း စီးနင္းခြင့္ျပဳထားျခင္း မရိွေၾကာင္း လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးက ဆိုသည္။

ကယားျပည္နယ္တြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ(၆)ရက္ေန႔မွ စတင္၍ ျပည္နယ္တြင္း႐ွိ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ား ျပည္နယ္တြင္းမွ မထြက္ရန္ႏွင့္ အျခားျပည္နယ္၊ တိုင္းမ်ားမွ ဝင္ေရာက္ျခင္း မ႐ွိေစရန္ ျပည္နယ္ အဝင္အထြက္ ေနရာမ်ားျဖစ္သည့္ ထီးစဲခါးဂိတ္၊ ေဒါတဝီဂိတ္ ၊ ဝါရီေကာခူဂိတ္ႏွင့္ ကပၸါယ္ခူဂိတ္ တို႔တြင္ စိစစ္ ဖမ္းဆီးေနရာ လက္႐ွိအခ်ိန္ထိ (၁၈)စီး ဖမ္းဆီးရမိထားၿပီျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္တြင္း ေမာ္ေတာ္ယာဥ္စီးနင္းသည့္ (၈၀)ရာခိုင္ႏႈန္းမွာ လိုင္စင္မဲ့ယာဥ္မ်ားျဖစ္ရာ ေဒသလုိင္စင္ ထုတ္ေပးရန္ လိုလားသည္ဟု လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္စီးနင္းသူတစ္ဦးက ဆိုသည္။

"ကားစီးႏိုင္ၾကတာလည္း လိုင္စင္နဲ႔ဆို ဘယ္သူမွ ဝယ္မစီးႏိုင္ၾကဘူး။ အခုမွ ႐ုတ္တရက္ထၿပီး ဖမ္းတာေတာ့ ဒုကၡေရာက္တာေပါ့ ။ ကြၽန္ေတာ္တို႔လို လိုင္စင္မ႐ွိတဲ့ သူေတြအတြက္ အဆင္ေျပႏိုင္မယ့္ ျပည္နယ္တြင္း လိုင္စင္ျဖစ္ျဖစ္ေပါ့ လုပ္ေပးရမယ္။ သူတို႔ တစ္ခုခုစီစဥ္ေပးဖို႔ အစိုးရမွာ တာဝန္႐ွိတယ္ေလ" ဟု လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္စီးနင္းသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကယားျပည္နယ္တြင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ စိစစ္ဖမ္းဆီးျခင္္းႏွင့္အတူ ယာဥ္ေမာင္းလုိင္စင္ စိစစ္ျခင္းကိုလည္း လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

လိုင်စင်မဲ့ မော်တော်ယာဉ်များ စိစစ် ဖမ်းဆီးနေသည့် ကယားပြည်နယ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအား ပြည်နယ်တွင်း သွားလာနိုင်သည့် ဒေသလိုင်စင်ပြုလုပ်ပေးရန် ဥပဒေနှင့် ညွှန်ကြားချက်များ မရှိသောကြောင့် ဒေသလိုင်စင်ထုတ်ပေးရန် အစီအစဉ် မရှိကြောင်း ကယားပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံမှ သိရသည်။

"ကျွန်တော်တို့ အနေနဲ့ ပြည်နယ်ထဲက လိုင်စင်မဲ့မော်တော်ယာဉ်တွေ ဝင်ထွက်မှုတွေကို ထိန်းချုပ်တဲ့ နေရာမှာ ဖမ်းဆီးမှုအစား အခြားနည်းလမ်းနဲ့ ဆောင်ရွက်ဖို့ အစီအစဉ် ဥပဒေမှာ မတွေ့ဘူး။ အဲဒါကြောင့် အခြားနည်းလမ်း မရှိဘူး။ ပြည်နယ်တွင်း လိုင်စင်လုပ်ပေးဖို့ မရှိဘူး" ဟု ကယားပြည်နယ်အစိုးရ ဒုတိယတစ်နှစ်တာ သတင်းစာ ရှင်းလင်းပွဲတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြောသည်။

လိုင်စင်မဲ့ မော်တော်ယာဉ်များအား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း စီးနင်းခွင့်ပြုထားခြင်း မရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဆိုသည်။

ကယားပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဇွန်လ(၆)ရက်နေ့မှ စတင်၍ ပြည်နယ်တွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ်များ ပြည်နယ်တွင်းမှ မထွက်ရန်နှင့် အခြားပြည်နယ်၊ တိုင်းများမှ ဝင်ရောက်ခြင်း မရှိစေရန် ပြည်နယ် အဝင်အထွက် နေရာများဖြစ်သည့် ထီးစဲခါးဂိတ်၊ ဒေါတဝီဂိတ်၊ ဝါရီကောခူဂိတ်နှင့် ကပ္ပါယ်ခူဂိတ် တို့တွင် စိစစ် ဖမ်းဆီးနေရာ လက်ရှိအချိန်ထိ (၁၈)စီး ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင်း မော်တော်ယာဉ်စီးနင်းသည့် (၈၀)ရာခိုင်နှုန်းမှာ လိုင်စင်မဲ့ယာဉ်များဖြစ်ရာ ဒေသလိုင်စင် ထုတ်ပေးရန် လိုလားသည်ဟု လိုင်စင်မဲ့မော်တော်ယာဉ်စီးနင်းသူတစ်ဦးက ဆိုသည်။

"ကားစီးနိုင်ကြတာလည်း လိုင်စင်နဲ့ဆို ဘယ်သူမှ ဝယ်မစီးနိုင်ကြဘူး။ အခုမှ ရုတ်တရက်ထပြီး ဖမ်းတာတော့ ဒုက္ခရောက်တာပေါ့။ ကျွန်တော်တို့လို လိုင်စင်မရှိတဲ့ သူတွေအတွက် အဆင်ပြေနိုင်မယ့် ပြည်နယ်တွင်း လိုင်စင်ဖြစ်ဖြစ်ပေါ့ လုပ်ပေးရမယ်။ သူတို့ တစ်ခုခုစီစဉ်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်လေ" ဟု လိုင်စင်မဲ့မော်တော်ယာဉ်စီးနင်းသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကယားပြည်နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် စိစစ်ဖမ်းဆီးခြင်းနှင့်အတူ ယာဉ်မောင်းလိုင်စင် စိစစ်ခြင်းကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~