ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် Quarantine ထားသည့် အမျိုးသမီး တစ်ဦး နှင့် ယာဉ်မောင်းတစ်ဦးတို့တွင် Covid 19 ပိုး တွေ့ရှိ

ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် Quarantine ထားသည့် အမျိုးသမီး တစ်ဦး နှင့် ယာဉ်မောင်းတစ်ဦးတို့တွင် Covid 19 ပိုး တွေ့ရှိ
နိုဝင်ဘာ 17, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် Quarantine ထားသည့် အမျိုးသမီး တစ်ဦး နှင့် ယာဉ်မောင်းတစ်ဦးတို့တွင် Covid 19 ပိုး တွေ့ရှိ 
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပညာရေးကောလိပ်တွင် အသွားလာကန့်သက်ထားသည့် အမျိုးသမီးတစ်ဦးနှင့် ဝါရီကောခူ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းရှိ ယာဉ်မောင်းတစ်ဦးတို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့က စစ်ဆေးမှုအတွင်း Covid -19 ပိုးစစ်ဆေးတွေ့ရသည်။ 
" ဒီနေ့ နှစ်ယောက်တွေ့ပါတယ်။ တစ်ယောက်ကတော့ ကားသမားပါ။ ကားဂိတ်မှာမနက်က စစ်တော့ positive တစ်ယောက်ထွက်တယ် ။ အဲ့ဒါ ယောကျာ်းလေးပါ။ နောက်တစ်ယောက်ကတော့ ပညာရေးကောလိပ်က ရန်ကုန်ကပြန်လာတဲ့ တစ်ယောက်ပါ ။ အခုက Quarantine က လူတွေပါပဲ။ နှစ်ယောက်လုံးက ခုလွိုင်ကော်ဆေးရုံမှာ ပါပဲ။ နှစ်ယောက်လုံးနေကောင်းကြပါတယ်။"ဟု ကယားပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။
လွိုင်ကော်မြို့နယ် ဝါရီကောခူ အထကကျောင်းဝန်းရှိ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား နိုဝင်ဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းကစစ်ဆေးရာ Covid-19 ပိုး စစ်ဆေးခဲ့ရာတွင် ရန်ကုန်မှပြန်လာသည့် ယာဉ်မောင်းတစ်ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
ယင်းအပြင် ပညာရေးကောလိပ် Quarantine Center တွင် နိုဝင်ဘာလ (၁၇) ရက်နေ့က COVID 19စစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အထည်ချုပ်စက်ရုံမှ နိုဝင်ဘာလ (၁၆) ရက်နေ့ကပြန်ရောက်၍ အသွားအလာကန့်သတ်ထားသည့် အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦး တွင်လည်း COVID 19 ပိုးတွေ့ရကြောင်း သိရသည်။
" သူတို့နဲ့ ဆက်စပ်တဲ့ ထိတွေ့သူတွေကိုလည်း ဒီနေ့ တစ်ပြိုင်တည်း စစ်ကြတာပဲ။ ကျန်တဲ့သူတွေကတော့ ပိုးမတွေ့ဘူး။ ခုတွေ့တဲ့ ကောင်မလေးဆိုလည်း မနေ့က ကားအတူတူစီးလာတဲ့ ကောင်မလေးဆို မတွေ့ဘူးပေါ့။ သို့သော် သူတို့ရဲ့ ထိတွေ့သူတွေကို ဟိုဖက် နတလ  Quarantine Center မှာ ပို့ထားပြီး နောက်ထပ် ပြန်စစ်အုံးမှာပေါ့ " ဟု ဒေါက်တာဌေးလွင်က ပြောသည်။ 
ကယားပြည်နယ်တွင် Covid-19 အတည်ပြုလူနာ (၁၄) ဦးရှိလာပြီဖြစ်ပြီး (၉)ဦးမှာ ပိုးကင်းစင်၍ ဆေးရုံဆင်းသွားပြီဖြစ်၍ ကျန်အတည်ပြုလူနာများကို ဒီးမော့ဆိုမြို့ ပြည်သူ့ဆေးရုံနှင့် လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ရွှေလွိုင်ကော် ပရဟိတအသင်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~