ဒီးမော့ဆိုမြို့နယ်အတွင်း မြို့မရပ်ကွက်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၂)ဦးသေကာ (၃)ဦး ဒဏ်ရာပြင်းထန်သွား

ဒီးမော့ဆိုမြို့နယ်အတွင်း မြို့မရပ်ကွက်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၂)ဦးသေကာ (၃)ဦး ဒဏ်ရာပြင်းထန်သွား
ဧပြီ 30, 2022 | ကယား

 ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း မြို့မရပ်ကွက်တွင်  စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ဧပြီလ(၂၉)ရက်နေ့က မဟာမိတ်တပ်များ စုပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား(၂)ဦးသေကာ (၃)ဦးအပြင်းအထန်ဒဏ်ရာရကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်လာသည်။

 တိုက်ခိုက်မှုကို   ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဗျူဟာ(၃)မှ C၊ D၊ E တပ်ရင်း၏ တပ်ခွဲအချိုနှင့် အလယ်ပိုင်းတိုင်း (၁၁၀၂)တပ်ရင်းမှ တပ်ခွဲအချို့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲသည် နံနက်(၁၀)နာရီမှ (၁၁)နာရီအထိ အနီးကပ်ဖြစ်ပွားခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဖက်မှ ထိခိုက်မှုမရှိ  ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။