လြိဳင္ေကာ္ခရိုင္ရဲတပ္ဖြဲ႔မွ ရဲအရာရွိ (၂)ဦးေသနတ္ျဖင့္ ပစ္သတ္ခံရ

လြိဳင္ေကာ္ခရိုင္ရဲတပ္ဖြဲ႔မွ ရဲအရာရွိ (၂)ဦးေသနတ္ျဖင့္ ပစ္သတ္ခံရ
ဇန်နဝါရီ 8, 2019
By Tachileik News Agency

ေသနတ္ျဖင့္ ပစ္သတ္ခံထားရသည့္ လြိဳင္ေကာ္ခရိုင္ရဲတပ္ဖြဲ႔မွ ရဲအုပ္အဆင့္ရွိ အမ်ဳိးသားႏွစ္ဦး၏ အေလာင္းအား ကယားျပည္နယ္ ၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ ၊ စံျပ(၆)မိုင္ေက်းရြာအနီး ေက်ာက္ေခ်ာလမ္းေဘးတြင္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၈)ရက္ေန႔ ေန႔လည္ပိုင္းက ေတြ႔ရွိရ၍ သက္ဆိုင္ရာက စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ ရွိေၾကာင္း သိရသည္။

စံျပ(၆)မိုင္ေက်းရြာအနီးတြင္ လူႏွစ္ဦးေသဆုံးေနေၾကာင္း ကနဦး သတင္းရ၍ ဒီးေမာ့ဆိုၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ရဲမွဴးလွေထြးႏွင့္ တာဝန္ရွိသူမ်ား အပါအ၀င္ ေက်းရြာတာဝန္ရွိသူမ်ားႏွင့္ သြားေရာက္စစ္ေဆးခဲ့ရာ စံျပ(၆)မိုင္ေက်းရြာမွ ေလာပိတ ဘက္သို႔သြားေသာ ေက်ာက္ေခ်ာလမ္းေဘးရွိ ေတာင္ယာခင္းထဲတြင္ AD Van အမ်ိဳးအစားအျဖဴေရာင္ကား အနီးတြင္ ပက္လက္လန္ အေနအထားျဖင့္ ေသဆုံးေနေသာ အေလာင္း တစ္ေလာင္း ႏွင့္ ေမွာက္လွ်က္ ေသဆုံးေနေသာ အေလာင္းတစ္ေလာင္းအား ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

ေသဆုံးေနေသာ အေလာင္းမ်ားအား စစ္ေဆးရာတြင္ ပက္လက္လန္အေနအထားျဖင့္ ေသဆံုးေနသူမွာ လိြဳင္ေကာ္ခရုိင္ရဲတပ္ဖြဲ႕မွ ရဲအုပ္ေက်ာ္ၿဖိဳးေဝ ဆိုသူျဖစ္ၿပီး ၎သည္ ဦးေခါင္းေနာက္ေစ့ က်ည္၀င္ဒဏ္ရာ (၁)ခ်က္၊ ၀ဲနားေနာက္က်ည္ေပါက္ထြက္ ဒဏ္ရာ(၁)ခ်က္၊ ေနာက္ေက်ာက်ည္၀င္ဒဏ္ရာ (၂)ခ်က္၊ ေရွ႕၀မ္းဗိုက္ ေပါက္ထြက္ဒဏ္ရာ (၁)ခ်က္ ႏွင့္ ယာဘက္ရင္အံုညိဳမဲဒဏ္ရာ (၁)ခ်က္တို႔ ရရွိကာ ေသဆံုးေနသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ စစ္ေဆးရာ ေသဆံုးသူ ရဲအုပ္ေက်ာ္ၿဖဳိးေ၀ ႏွင့္ ေပ(၁၀၀)ခန္႔အကြာ ျမက္ခင္းေပၚတြင္ ေမွာက္လ်က္ အေနအထားျဖင့္ ေသဆံုးေနသူမွာ လိြဳင္ေကာ္ခရုိင္ရဲတပ္ဖြဲ႕မွ ဒ/န ဒုတိယေခါင္းေဆာင္ ရဲအုပ္ ေဇာ္မင္းဦး ဆိုသူျဖစ္ၿပီး ၎သည္ ေနာက္ေစ့မွ က်ည္၀င္ဒဏ္ရာ (၁)ခ်က္၊ ၀ဲနားအံုေနာက္မွ ေပါက္ထြက္ ဒဏ္ရာ(၁)ခ်က္တို႔ ရရွိကာ ေသဆံုးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ရဲအရာရွိ ဝန္ထမ္းႏွစ္ဦးေသဆုံးမႈႏွင့္ ပတ္သက္၍ ဒီးေမာ့ဆိုၿမိဳ႕မရဲစခန္း မွ (ပ) ၄/၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္၍ တရာခံဖမ္းဆီးရမိေရး ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်အဆင့်ရှိ အမျိုးသားနှစ်ဦး၏ အလောင်းအား ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျေးရွာအနီး ကျောက်ချောလမ်းဘေးတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့ နေ့လည်ပိုင်းက တွေ့ရှိရ၍ သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။

စံပြ(၆)မိုင်ကျေးရွာအနီးတွင် လူနှစ်ဦးသေဆုံးနေကြောင်း ကနဦး သတင်းရ၍ ဒီးမော့ဆိုမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးလှထွေးနှင့် တာဝန်ရှိသူများ အပါအဝင် ကျေးရွာတာဝန်ရှိသူများနှင့် သွားရောက်စစ်ဆေးခဲ့ရာ စံပြ(၆)မိုင်ကျေးရွာမှ လောပိတ ဘက်သို့သွားသော ကျောက်ချောလမ်းဘေးရှိ တောင်ယာခင်းထဲတွင် AD Van အမျိုးအစားအဖြူရောင်ကား အနီးတွင် ပက်လက်လန် အနေအထားဖြင့် သေဆုံးနေသော အလောင်း တစ်လောင်း နှင့် မှောက်လျှက် သေဆုံးနေသော အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ရကြောင်း သိရသည်။

သေဆုံးနေသော အလောင်းများအား စစ်ဆေးရာတွင် ပက်လက်လန်အနေအထားဖြင့် သေဆုံးနေသူမှာ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်ဖြိုးဝေ ဆိုသူဖြစ်ပြီး၎င်းသည် ဦးခေါင်းနောက်စေ့ ကျည်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲနားနောက်ကျည်ပေါက်ထွက် ဒဏ်ရာ(၁)ချက်၊ နောက်ကျောကျည်ဝင်ဒဏ်ရာ (၂)ချက်၊ ရှေ့ဝမ်းဗိုက် ပေါက်ထွက်ဒဏ်ရာ (၁)ချက် နှင့် ယာဘက်ရင်အုံညိုမဲဒဏ်ရာ (၁)ချက်တို့ ရရှိကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ စစ်ဆေးရာ သေဆုံးသူ ရဲအုပ်ကျော်ဖြိုးေဝ နှင့် ပေ(၁၀၀)ခန့်အကွာ မြက်ခင်းပေါ်တွင် မှောက်လျက် အနေအထားဖြင့် သေဆုံးနေသူမှာ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှ ဒ/န ဒုတိယခေါင်းဆောင် ရဲအုပ် ဇော်မင်းဦး ဆိုသူဖြစ်ပြီး၎င်းသည် နောက်စေ့မှ ကျည်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲနားအုံနောက်မှ ပေါက်ထွက် ဒဏ်ရာ(၁)ချက်တို့ ရရှိကာ သေဆုံးနခြေင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲအရာရှိ ဝန်ထမ်းနှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ ဒီးမော့ဆိုမြို့မရဲစခန်း မှ (ပ) ၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်၍ တရာခံဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~