သိန္နီနှင့် ကွတ်ခိုင်ကြားတွင် အာဏာသိမ်းစစ်တပ်နှင့် KIA ပစ်ခတ်မှုဖြစ်ပွား

သိန္နီနှင့် ကွတ်ခိုင်ကြားတွင် အာဏာသိမ်းစစ်တပ်နှင့် KIA ပစ်ခတ်မှုဖြစ်ပွား

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန္နီနှင့် ကွတ်ခိုင်ကြားတွင် ၂၀၂၁ ခုနှစ် မေလ (၁၅) ရက်နေ့ မွန်းလွဲ (၂) နာရီခွဲဝန်းကျင်မှစ၍  အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် KIA ကြား ပစ်ခတ်မှုဖြစ်ပွားသည်ဟု ဒေသခံအချို့ထံမှ သိရသည်။

ကွတ်ခိုင်မြို့နှင့် (၃) မိုင်ခန့်အကွာရှိ နမ့်ပါချီးကျေးရွာအနီး ပြည်ထောင်စုကားလမ်းမကြီးတွင် ပစ်ခတ်မှုဖြစ်ပွားနေသဖြင့် ခရီးသွားယာဉ်များ ခေတ္တရပ်နားထားရကြောင်း သိရပြီး ညနေပိုင်းတွင်လည်း နမ့်ပါချီးကျေးရွာအနီးတဝိုက်၌ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။ 

အဆိုပါဒေသမှာ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်၊ KIA ၊ ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့ လှုပ်ရှားနယ်မြေဖြစ်ပြီး မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားလေ့ရှိသည်။