လားရႈိးၿမိဳ႕ရွိ နမ့္က်န္ေရေလွာင္တစ္မံအတြင္း အမ်ဳိးသားတစ္ဦး ေရနစ္ေပ်ာက္ဆံုး

လားရႈိးၿမိဳ႕ရွိ နမ့္က်န္ေရေလွာင္တစ္မံအတြင္း အမ်ဳိးသားတစ္ဦး ေရနစ္ေပ်ာက္ဆံုး
မေ 23, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕ရွိ နမ့္က်န္ေရေလာင္တမံတြင္  အမ်ဳိးသားတစ္ဦး ေရနစ္ေပ်ာက္ဆံုးသြားရာမွ ညေနပိုင္းအထိ ရွာေဖြမေတြ႔ရွိရေသး၍ ဆက္လက္ရွာေဖြေရး ျပဳလုပ္ေနရေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ ေမလ(၂၃)ရက္ေန႔ ေန႔လည္(၁၁)နာရီခြဲ၀န္းက်င္အခ်ိန္က  လားရိႈးၿမိဳ႕ နမ့္က်န္ေက်းရြာ(နမ့္စန္ေက်းရြာ)အနီးရွိ နမ့္က်န္ ေရေလွာင္တမံတြင္ အမ်ဳိးသား(၅)ဦး ပါ၀င္သည့္ အဖြဲ႔သည္ လာေရာက္ အနားယူေနကစဥ္ ၎တို႔ အဖြဲ႔ထဲမွ အသက္(၃၉)ႏွစ္အရြယ္ရွိ အမ်ဳိးသားတစ္ဦးမွ ေရနစ္ေပ်ာက္ဆံုးသြားျခင္းျဖစ္ၿပီးေၾကာင္း သိရသည္။

"သူတို႔က နည္းနည္းပါးပါးေသာက္စားေနၾကတယ္လို႔ သိရတယ္၊ ေရနစ္သြားသူကေတာ့ ရပ္ကြက္ (၁)၊ ေက်ာက္ေတာင္ရပ္မွာေနထိုင္တဲ့ ကိုေဇာ္မင္းလက္( ၃၉)ႏွစ္လို႔ သိရပါတယ္၊ မီးသတ္အဖြဲ႔ေတြနဲ႔ အတူ ေန႔လည္ (၁၂)ခြဲေလာက္ကတည္းက ရွာေဖြေရးလုပ္ေနတာ ညေန (၅)နာရီေက်ာ္တဲ့အထိ  ေရနစ္သြားတဲ့သူကို ျပန္မေတြ႔ရေသးဘူး"ဟု ေရနစ္ေပ်ာက္ဆံုးေနသူကို ကူညီရွာေဖြေပးေနသည့္ လားရိႈးလူငယ္မ်ားပရဟိတအဖြဲ႔မွ ကိုစိုင္းဝသုန္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ နမ့္က်န္ေရေလွာင္တမံအနီးတြင္ လားရိႈးၿမိဳ႕နယ္အတြင္းရွိ ဟူးမြန္ဆည္၊ ေကာက္ေကြ႔ဆည္မ်ားကဲ့သို႔ အပန္းေျဖ စားေသာက္ဆိုင္မ်ားမရွိေၾကာင္း ႏွင့္ ေရမကူးရ၊ ငါးမမ်ွားရ စသည့္ သတိေပးဆိုင္းဘုတ္မ်ားကိုလည္း တပ္ဆင္ အသိေပးထားၿပီးျဖစ္ေၾကာင္း ဆည္ေျမာင္းႏွင့္ေရအရင္းျမစ္စီမံခန္႔ခြဲေရးဦးစီးဌာန (လားရိႈး) ရွိ တာဝန္ရွိသူထံက သိရသည္။

"အရက္ေသစာေသာက္စားၿပီးေတာ့ ေရဆင္းေဆာ့ရာက လူတစ္ဦးေပ်ာက္သြားတယ္လို႔ ေရေလွာင္တမံ အနီးမွာ တာဝန္က်တဲ့ ေရေလွာင္တမံဝန္ထမ္းေတြက မြန္းလြဲပိုင္းမွာ သတင္းပို႔လာပါတယ္၊ အဲ့ဒီ ေရေလွာင္ တမံနားမွာ အပန္းေျဖစားေသာက္ဆိုင္ေတြလည္း မရွိပါဘူး၊ အပူေရွာင္ရင္း လာလည္ရာကေန ခုလိုျဖစ္သြား တယ္လို႔ သိရပါတယ္၊ ေရနစ္ေပ်ာက္ဆံုးသြားသူကို ရွာေဖြေနတဲ့အဖြဲ႔ေတြနဲ႔အတူ ဝန္ထမ္းေတြလည္း ကူၿပီး ရွာေဖြေနပါတယ္"ဟု ဆည္ေျမာင္းႏွင့္ေရအရင္းအျမစ္စီမံခန္႔ခြဲေရးဦးစီးဌာန (လားရိႈး) မွ ဒုတိယဦးစီးမွွဴး ( ၿမိဳ႕ျပ) ဦးေအာင္မင္းစိုး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နမ့္က်န္ေရေလွာင္တမံအတြင္း ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ကလည္း အလယ္တန္းေက်ာင္းသူတစ္ဦး ေရဆင္းကူးရာမွ ေရနစ္ေသဆံုးမႈရွိခဲ့ၿပီး လားရိႈးၿမိဳ႕နယ္အတြင္းရွိ ဟူးမြန္ေရေလွာင္တမံ၊ ဟူးမြန္ေရလႊဲဆည္၊ ေကာက္ေကြ႔ ေရေလွာင္တမံ ႏွင့္ နမ့္က်န္ေရေလွာင္တမံ စသည္တို႔၏ နယ္နိမိတ္အတြင္း ေရမကူးရ၊ ငါးမမွ်ားရ၊ မူးယစ္ေဆးဝါး ႏွင့္ အရက္ ေသစာ ေသာက္စား၍ ေရကစားျခင္းမျပဳရစသည့္ သတိေပးဆိုင္းဘုတ္မ်ား စိုက္ထူထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - လားရိႈးလူငယ္မ်ားလူမႈကူညီေရးအဖြဲ႔



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ နမ့်ကျန်ရေလောင်တမံတွင် အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးသွားရာမှ ညနေပိုင်းအထိ ရှာဖွေမတွေ့ရှိရသေး၍ ဆက်လက်ရှာဖွေရေး ပြုလုပ်နေရကြောင်း သိရသည်။

၂၀၁၉ခုနှစ် မေလ(၂၃)ရက်နေ့ နေ့လည်(၁၁)နာရီခွဲဝန်းကျင်အချိန်က လားရှိုးမြို့ နမ့်ကျန်ကျေးရွာ(နမ့်စန်ကျေးရွာ)အနီးရှိ နမ့်ကျန် ရေလှောင်တမံတွင် အမျိုးသား(၅)ဦး ပါဝင်သည့် အဖွဲ့သည် လာရောက် အနားယူနေကစဉ်၎င်းတို့ အဖွဲ့ထဲမှ အသက်(၃၉)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှ ရေနစ်ပျောက်ဆုံးသွားခြင်းဖြစ်ပြီးကြောင်း သိရသည်။

"သူတို့က နည်းနည်းပါးပါးသောက်စားနကြေတယ်လို့ သိရတယ်၊ ရေနစ်သွားသူကတော့ ရပ်ကွက် (၁)၊ ကျောက်တောင်ရပ်မှာနေထိုင်တဲ့ ကိုဇော်မင်းလက်( ၃၉)နှစ်လို့ သိရပါတယ်၊ မီးသတ်အဖွဲ့တွေနဲ့ အတူ နေ့လည် (၁၂)ခွဲလောက်ကတည်းက ရှာဖွေရေးလုပ်နေတာ ညနေ (၅)နာရီကျော်တဲ့အထိ ရေနစ်သွားတဲ့သူကို ပြန်မတွေ့ရသေးဘူး"ဟု ရေနစ်ပျောက်ဆုံးနေသူကို ကူညီရှာဖွေပေးနေသည့် လားရှိုးလူငယ်များပရဟိတအဖွဲ့မှ ကိုစိုင်းဝသုန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ နမ့်ကျန်ရေလှောင်တမံအနီးတွင် လားရှိုးမြို့နယ်အတွင်းရှိ ဟူးမွန်ဆည်၊ ကောက်ကွေ့ဆည်များကဲ့သို့ အပန်းဖြေ စားသောက်ဆိုင်များမရှိကြောင်း နှင့် ရေမကူးရ၊ ငါးမမျှားရ စသည့် သတိပေးဆိုင်းဘုတ်များကိုလည်း တပ်ဆင် အသိပေးထားပြီးဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအရင်းမြစ်စီမံခန့်ခွဲရေးဦးစီးဌာန (လားရှိုး) ရှိ တာဝန်ရှိသူထံက သိရသည်။

"အရက်သေစာသောက်စားပြီးတော့ ရေဆင်းဆော့ရာက လူတစ်ဦးပျောက်သွားတယ်လို့ ရေလှောင်တမံ အနီးမှာ တာဝန်ကျတဲ့ ရေလှောင်တမံဝန်ထမ်းတွေက မွန်းလွဲပိုင်းမှာ သတင်းပို့လာပါတယ်၊ အဲ့ဒီ ရေလှောင် တမံနားမှာ အပန်းဖြေစားသောက်ဆိုင်တွေလည်း မရှိပါဘူး၊ အပူရှောင်ရင်း လာလည်ရာကနေ ခုလိုဖြစ်သွား တယ်လို့ သိရပါတယ်၊ ရေနစ်ပျောက်ဆုံးသွားသူကို ရှာဖွေနေတဲ့အဖွဲ့တွေနဲ့အတူ ဝန်ထမ်းတွေလည်း ကူပြီး ရှာဖွေနေပါတယ်"ဟု ဆည်မြောင်းနှင့်ရေအရင်းအမြစ်စီမံခန့်ခွဲရေးဦးစီးဌာန (လားရှိုး) မှ ဒုတိယဦးစီးမှူး ( မြို့ပြ) ဦးအောင်မင်းစိုး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နမ့်ကျန်ရေလှောင်တမံအတွင်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း အလယ်တန်းကျောင်းသူတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုရှိခဲ့ပြီး လားရှိုးမြို့နယ်အတွင်းရှိ ဟူးမွန်ရေလှောင်တမံ၊ ဟူးမွန်ရေလွှဲဆည်၊ ကောက်ကွေ့ ရေလှောင်တမံ နှင့် နမ့်ကျန်ရေလှောင်တမံ စသည်တို့၏ နယ်နိမိတ်အတွင်း ရေမကူးရ၊ ငါးမမျှားရ၊ မူးယစ်ဆေးဝါး နှင့် အရက် သေစာ သောက်စား၍ ရေကစားခြင်းမပြုရစသည့် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net