“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်လုံမြို့တွင် ရေထွက်အသစ်မှ ပိုက်လိုင်းသွယ်တန်းနိုင်ရန် ပြည်နယ်အစိုးရထံ ဘတ်ဂျက်တင်ပြတောင်းခံထား
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်လုံမြို့တွင် ရေထွက်အသစ်မှ ပိုက်လိုင်းသွယ်တန်းနိုင်ရန် ပြည်နယ်အစိုးရထံ ဘတ်ဂျက်တင်ပြတောင်းခံထား
မေ 31, 2019
By Tachileik News Agency
ပန်လုံမြို့ဝန်းကျင်ရှိ သဘာဝရေထွက်များမှာ ၂၀၁၆ ခုနှစ်ဝန်းကျင်ကစ၍ ရေခမ်းခြောက်မှုများ စတင်ဖြစ်လာနေသဖြင့် ဆိုလာစွမ်းအင်သုံး ရေထွက်မှ ရေသွယ်တန်းနိုင်ရန် လုပ်ဆောင်ခဲ့သော်လည်း အဆိုပါရေထွက်မှာ ခန်းခြောက်သွားသဖြင့် အခြားရေထွက်သစ်မှ ရေရယူနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း -  နေဖြိုးမြင့်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း၊ " “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်လုံမြို့တွင် ရေရယူနေသည့် သဘာဝရေထွက်များ ရေခန်းခြောက်မှုဖြစ်နေသဖြင့် ရေထွက်အသစ်မှ ပိုက်လိုင်းသွယ်တန်းနိုင်ရန် ပြည်နယ်အစိုးရထံ ဘတ်ဂျက်တင်ပြတောင်းခံထားကြောင်း သိရသည်။
"ရေကိုသွယ်တန်းပြီးယူဖို့အတွက်က ရေထွက်ကောင်းတဲ့နေရာကနေယူမယ်ဆိုရင် အရမ်းအလှမ်းဝေးတယ်။ ပိုက်တွေကလည်း PVC ပိုက်တွေနဲ့တင်မရဘူး။ အဲဒီအတွက် မြပြေင်ကွင်းဆင်းလေ့လာပြီးတော့ ဘတ်ဂျက် တွက်ချက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြတောင်းခံထားပါတယ်။ တောင်ပေါ်ဒေသလည်း ဖြစ်တဲ့ အတွက် ရေအခက်အခဲကတော့ အရင်ကတည်းကရှိတာပါ။ အဲ့ဒီကဒေသခံတွေကိုလည်း ဒီအတိုင်းပစ်မထားပါဘူး၊ ရေ ရရှိရေးအတွက် ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကြိုးစားပေးနေပါတယ်" ဟု ဟိုပန်မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရန်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
ပန်လုံမြို့ဝန်းကျင်ရှိ သဘာဝရေထွက်များမှာ ၂၀၁၆ ခုနှစ်ဝန်းကျင်ကစ၍ ရေခမ်းခြောက်မှုများ စတင်ဖြစ်လာနေသဖြင့် ဆိုလာစွမ်းအင်သုံး ရေထွက်မှ ရေသွယ်တန်းနို်င်ရန် လုပ်ဆောင်ခဲ့သော်လည်း အဆိုပါရေထွက်မှာ ခန်းခြောက်သွားသဖြင့် အခြားရေထွက်သစ်မှ ရေရယူနိုင်ရေး ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net