ရွမ္းေျမာက္တြင္ တုိက္ခုိက္ေနသည့္ မဟာမိတ္ (၃)ဖြဲ႔က စစ္ေရးမဟုတ္သည့္ ပစ္မွတ္မ်ားကို တုိက္ခုိက္ေနသည့္ တပ္သား၊ အရာရိွမ်ားကို အေရးယူမည္ဟု ထုတ္ျပန္

ရွမ္းေျမာက္တြင္ တုိက္ခုိက္ေနသည့္ မဟာမိတ္ (၃)ဖြဲ႔က စစ္ေရးမဟုတ္သည့္ ပစ္မွတ္မ်ားကို တုိက္ခုိက္ေနသည့္ တပ္သား၊ အရာရိွမ်ားကို အေရးယူမည္ဟု ထုတ္ျပန္
သြဂုတ် 31, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ေဆြးေႏြးပြဲစတင္မည့္ ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ (၃၁)ရက္ေန႔၌ ေျမာက္ပိုင္းေဒသ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ ပစ္ခတ္တုိက္ခိုက္မႈမ်ား ျပဳလုပ္ေနသည့္ မဟာမိတ္ (၃)ဖြဲ႔က အရပ္ဖက္ေမာ္ေတာ္ယာဥ္မ်ားအား မီးရိႈ႕ဖ်က္ဆီးျခင္းမ်ားႏွင့္ပတ္သက္၍ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္လုိက္သည္။

ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔မွစတင္၍ တုိက္ခုိက္မႈမ်ား ျပဳလုပ္ေနသည့္ ညီေနာင္မဟာမိတ္အဖြဲ႕မွ TNLA၊ AA ႏွင့္ MNDAA တို႔က  သိန္းနီၿမိဳ႕နယ္ႏွင့္ ကြတ္ခုိင္ၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ အရပ္သား ေမာ္ေတာ္ယာဥ္မ်ားအား မီးရိႈ႕ဖ်က္ဆီးမႈမ်ား ျပဳလုပ္ခဲ့ၾကျခင္းျဖစ္သည္။

ယင္းကဲ့သို႔ စစ္ေရးမဟုတ္သည့္ ပစ္မွတ္မ်ားကို တိုက္ခုိက္မႈအတြက္ အဆိုပါ မဟာမိတ္တပ္ဖြဲ႕ (၃)ဖြဲ႕၏ ငယ္သားတပ္မွဴးအခ်ိဳ႕ႏွင့္ ေအာက္ပိုင္းအဆင့္ စစ္သည္မ်ားကို သက္ဆုိင္ရာတပ္မ်ားက အေရးယူမည္ဟု သတင္းထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသတြင္ တုိက္ခုိက္ေနသည့္ TNLA၊ AAႏွင့္ MNDAA အျပင္ KIA တို႔ပါဝင္သည့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေကာ္မရွင္တုိ႔သည္ က်ိဳင္းတံုၿမိဳ႕တြင္ ၾသဂုတ္လ (၃၁)ရက္ေန႔၌ ေဆြးေနြးၾကေတာ့မည္ျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းမြောက်တွင် တိုက်ခိုက်နေသည့် မဟာမိတ် (၃)ဖွဲ့က စစ်ရေးမဟုတ်သည့် ပစ်မှတ်များကို တိုက်ခိုက်နေသည့် တပ်သား၊ အရာရှိများကို အရေးယူမည်ဟု ထုတ်ပြန်
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် ဆွေးနွေးပွဲစတင်မည့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့၌ မြောက်ပိုင်းဒေသ ပြည်ထောင်စုလမ်းမကြီးတလျှောက် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် မဟာမိတ် (၃)ဖွဲ့က အရပ်ဖက်မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်းများနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှစတင်၍ တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ညီနောင်မဟာမိတ်အဖွဲ့မှ TNLA၊ AA နှင့် MNDAA တို့က  သိန်းနီမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် အရပ်သား မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းကဲ့သို့ စစ်ရေးမဟုတ်သည့် ပစ်မှတ်များကို တိုက်ခိုက်မှုအတွက် အဆိုပါ မဟာမိတ်တပ်ဖွဲ့ (၃)ဖွဲ့၏ ငယ်သားတပ်မှူးအချို့နှင့် အောက်ပိုင်းအဆင့် စစ်သည်များကို သက်ဆိုင်ရာတပ်များက အရေးယူမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တိုက်ခိုက်နေသည့် TNLA၊ AAနှင့် MNDAA အပြင် KIA တို့ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်တို့သည် ကျိုင်းတုံမြို့တွင် သြဂုတ်လ (၃၁)ရက်နေ့၌ ဆွေးနွေးကြတော့မည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net