ကျောက်မဲမြို့မှ စားသောက်ဆိုင်များအားလုံး စက်တင်ဘာလ(၂၅)ရက်နေ့က စ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရတော့မည်

ကျောက်မဲမြို့မှ စားသောက်ဆိုင်များအားလုံး စက်တင်ဘာလ(၂၅)ရက်နေ့က စ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရတော့မည်
စက်တင်ဘာ 24, 2020
By Tachileik News Agency
ကျောက်မဲမြို့မှ  စားသောက်ဆိုင်များအားလုံး  စက်တင်ဘာလ(၂၅)ရက်နေ့က စ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရတော့မည်
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအားလုံး စက်တင်ဘာလ (၂၅)ရက်နေ့က စတင်၍ ဆိုင်ထိုင် စားသောက်ခြင်း မပြုရဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်ကြောင်း သိရသည်။
"စက်တင်ဘာလ (၂၅)ရက်နေ့က စတင်ပြီး စားသောက်ဆိုင်၊ လက်ဖက် ရည်ဆိုင်တွေ အားလုံး ပါဆယ် စနစ်နဲ့ပဲရောင်းချစေပါမယ်။ အဝေးပြေးကားတွေ ရပ်နားကြတဲ့ ပန်ပေါင်းဘက်က ထမင်းဆိုင်တွေလဲ အဲ့အတိုင်းအကျုံးဝင်ပါတယ်"ဟု  မြို့နယ် Covid ကာကွယ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကာ်မတီ ဥက္ကဌ၊ ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုသည်။
ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနတွင် စက်တင်ဘာလ(၂၄)ရက်တွင် ပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဥ်အရ စက်တင်ဘာလ(၂၅)ရက်နေ့တွင် စတင်၍ ဆိုင်များအားလုံး ပါဆယ်စနစ် ဖြင့်ရောင်းချရန် အတည်ပြုလိုက်ခြင်းဖြစ်ပြီး အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ဆိုင်များအား အသိပေး ထုတ်ပြန်သွားမည်ဖြစ်ကာမြို့အတွင်း အသံချဲ့စက်ဖြင့်လဲ လှည့်လည် ကြေညာပေးသွားမည်ဟု မြို့နယ် စည်ပင်သာယာရေးဌာန တာဝန်ရှိသူထံက သိရသည်။ 
အလားတူပင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များတွင်လည်း  ပါဆယ် စနစ်ဖြင့် ဆောင်ရွက်ရန် ညွှန်ကြားထားရှိသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~