တာချီလိတ်တွင် ကျားမင်းစီမံချက်အတွင်း ထိုင်းနိုင်ငံသားတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

တာချီလိတ်တွင် ကျားမင်းစီမံချက်အတွင်း ထိုင်းနိုင်ငံသားတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ
ဖေဖော်ဝါရီ 16, 2020
By Tachileik News Agency
 တာချီလိတ်တွင် ကျားမင်းစီမံချက်အတွင်း ထိုင်းနိုင်ငံသားတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် တရားမဝင် နေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို ၂၀၂၀ခုနှစ် ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့ ည(၆)နာရီ မိနစ် (၂၀)အချိန်က  ၎င်းနေထိုင်ရာနေအိမ်တွင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိထားသည်။

ဝင်ရှာတဲ့အချိန်မှာ တရားမဝင်နေထိုင်တဲ့ ထိုင်းနိုင်ငံသားနဲ့ သူ့ရဲ့လက်နက်ခဲယမ်းတွေ တွေ့တာပေါ့။ အသေးစိတ်ကတော့ စစ်ဆေးနေဆဲပဲရှိပါသေးတယ်

ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆန်ဆိုင်း(က)ရပ်ကွက်၊ အုန်းခြံလမ်းရှိ နေအိမ်တစ်အိမ်ကို ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ စီကြီးချက် (အင်းစင်) (ခ) ပေါင်အား တွေ့ရပြီး အိပ်ခန်းအတွင်းမှ  ပစ္စတိုသေနတ် (၁) လက်၊ ကျည်ဆံ (၁၆) တောင့်၊ ကျည်အိမ်အပိုတစ်ခုနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စီကြီးချက် (အင်းစင်) (ခ) ပေါင်သည် စိုင်းလှ (ခ) စိုင်းဆမ်အမည်ကို အသုံးပြုသည်ကိုလည်း တွေ့ရကြောင်း သိရသည်။

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် စီကြီးချက်(ခ)ပေါင်ကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၀၆/၂၀၂၀၊ ရှမ်းလက်နက် ၁၂(က)ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် တစ်ဖက်နိုင်ငံမှ တရားခံပြေးများ ထွက်ပြေးတိမ်းရှောင်လာလေ့ရှိသဖြင့် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလမှစ၍ မှုခင်းကျဆင်းရေးအတွက် ရက် (၉၀) ကျားမင်းစီမံချက်ဖြင့် ဆောင်ရွက်နေစဉ်ကာလအတွင်း သေနတ်ပစ်ခတ်မှု (၂)ကြိမ်ဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

ဆက်စပ်သတင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~