ရှမ်းပြည်နယ်အတွင်းမှ ကုန်သွယ်လုပ်ငန်းခွန် နှင့် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့် လုပ်ငန်းရှင် (၅၀)ဦး တွင် တာချီလိတ်မှ (၆)ဦး ပါဝင်

ရှမ်းပြည်နယ်အတွင်းမှ ကုန်သွယ်လုပ်ငန်းခွန် နှင့် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့် လုပ်ငန်းရှင် (၅၀)ဦး တွင် တာချီလိတ်မှ (၆)ဦး ပါဝင်
ဒီဇင်ဘာ 22, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်းမှ ကုန်သွယ်လုပ်ငန်းခွန် နှင့် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့် 
လုပ်ငန်းရှင် (၅၀)ဦး တွင် တာချီလိတ်မှ (၆)ဦး ပါဝင်

ပြည်တွင်းအခွန်များဦးစီးဌာနတွင် ၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ်အတွက် ရှမ်းပြည်နယ်အတွင်းမှ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သည့် လုပ်ငန်းရှင်(၅၀)နှင့် ဝင်ငွေခွန် အများဆုံးထမ်းဆောင်သည့် လုပ်ငန်းရှင် (၅၀)စာရင်းများကို ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၂၂)ရက်နေ့တွင် ထုတ်ပြန်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မှ လုပ်ငန်းရှင် (၆)ဦး ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းမှ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သည့် လုပ်ငန်းရှင်(၅၀)၏ စာရင်းတွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်မှ Shwe Nann San Family Travelling Co.,Ltd ( ရွှေနန်းစံမိသားစု ခရီးသွားလာရေး ကုမ္ပဏီလီမိတက် ) က အဆင့် (၁၀)၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က) ရပ်ကွက်မှ Golden Lake Import & Export Co.,Ltd ( ရွှေရေကန်သွင်းကုန်ထုတ်ကုန်ကုမ္ပဏီလီမိတက် ) က အဆင့်(၁၉)၊ တာချီလိတ်မြို့ ပါဆပ်ရပ်ကွက်မှ U San Yee Trading Co.,Ltd ( ဦးဆန်ရီ ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက် )က အဆင့် (၂၄)၊ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်မှ Grand Galaxy Co.,Ltd ( ဝေယံမဟာ ကုမ္ပဏီ လီမိတက် ) နှင့် မိုင်းယွန်းဆီပန့်က အဆင့် (၃၉)၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်မှ HMT Royal Co.,Ltd ( အိပ်(ချ်) အမ်တီ ရွိုင်ရယ် ကုမ္ပဏီ လီမိတက် ) က အဆင့် (၄၅)၊ တာချီလိတ်မြို့ တာလော့ရပ်ကွက်မှ Shwe Taung Yoe Co.,Ltd ( ရွှေတောင်းရိုးကုမ္ပဏီ )က အဆင့် (၄၈)  အသီးသီး သတ်မှတ်ခံရသည်။

ရှမ်းပြည်နယ်အတွင်းမှ ဝင်ငွေခွန် အများဆုံးထမ်းဆောင်သည့် လုပ်ငန်းရှင်(၅၀)စာရင်းတွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်မှ Shwe Nann San Family Travelling Co.,Ltd ( ရွှေနန်းစံမိသားစု ခရီးသွားလာရေး ကုမ္ပဏီလီမိတက် ) က အဆင့် (၂၅) နှင့်  တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ Golden Lake Import & Export Co.,Ltd ( ရွှေရေကန်သွင်းကုန်ထုတ်ကုန်ကုမ္ပဏီလီမိတက် ) က  အဆင့်(၄၆) သတ်မှတ်ခံရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် စက်တင်ဘာလကုန်အထိ အခွန်တစ်မျိုးချင်းစီ ကောက်ခံရရှိမှုတွင် ဝင်ငွေခွန် ကျပ်(၂၈၃၃.၉၅၁)ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် (၂၂၈၁.၄၇၁)ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် (၁၄၂၉.၁၂၁)ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ်(၅၉.၇၀၉)ဘီလီယံ နှင့် အောင်ဘာလေ သိန်းဆုအခွန်မှ ကျပ် (၁၄၄.၀၂၈)ဘီလီယံ ရရှိခဲ့ရာ ကောက်ခံရရှိခဲ့သည့် အခွန်အရပ်ရပ်တွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ်(၁၃၈၁.၁၁၉)ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ်(၁.၈၆၂)ဘီလီယံ နှင့် ပုဂ္ဂလိကဏ္ဍမှ ကျပ်(၅၃၆၅.၂၉၉)ဘီလီယံ ပါဝင်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် စက်တင်ဘာလကုန်အထိ ကောက်ခံရရှိခဲ့သည့် အခွန်အရပ်ရပ်မှာ စုစုပေါင်း ကျပ် (၆၇၄၉.၂၈၀)ဘီလီယံ ရရှိခဲ့ပြီး လျာထားချက်ထက် (၁၀၈.၁၇)ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~