H5N1 ကြိုတင်ကာကွယ်ရေးအတွက် မိုင်းဆတ်မြို့တွင် တရားမဝင်အေးခဲ အသားနှင့်ငါးများ ရောင်းဝယ်မှု မပြုလုပ်ရန် သတိပေးတားမြစ်

H5N1 ကြိုတင်ကာကွယ်ရေးအတွက် မိုင်းဆတ်မြို့တွင် တရားမဝင်အေးခဲ အသားနှင့်ငါးများ ရောင်းဝယ်မှု မပြုလုပ်ရန် သတိပေးတားမြစ်
ဖေဖော်ဝါရီ 5, 2020
By Tachileik News Agency

H5N1 ကြိုတင်ကာကွယ်ရေးအတွက် မိုင်းဆတ်မြို့တွင် တရားမဝင်အေးခဲ အသားနှင့်ငါးများ ရောင်းဝယ်မှု မပြုလုပ်ရန် သတိပေးတားမြစ်

မြန်မာနိုင်ငံ နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်  တရုတ် နှင့် အိန္ဒိယ နိုင်ငံတို့၌ ဖေဖော်ဝါရီလအစတွင်  ကြက်ငှက်တုတ်ကွေးရောဂါ (H5N1)ဖြစ်ပွားနေခြင်းကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ တရားမဝင်အေးခဲအသားနှင့်ငါးများရောင်းဝယ်မှု မပြုလုပ်ရန် သတိပေး တားမြစ်ထားကြောင်း သိရသည်။

"အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံမှာ H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေတဲ့ အ တွက် ကျွန်တော်တို့ဒေသကို ရောဂါကူးစက်ပြန့်ပွားမှု မရှိအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လက်ရှိအသား၊ ငါး ရောင်းချနေတဲ့သူတွေကို တရားမဝင် အေးခဲအသား၊ ငါးတွေရောင်းဝယ်မှု မပြုလုပ်ဖို့  သတိပေးတားမြစ်တဲ့စာတွေ မနေ့က ဖြန့်ဝေပေးပို့ထားပါတယ်။ ကွင်းဆင်းစစ်ဆေးလို့ ပထမအကြိမ်စစ်ဆေးတွေ့ရှိရင် အသိပညာပေးမယ်၊ ဒုတိယအကြိမ်ဆိုရင် ပစ္စည်းသိမ်းပြီးဖျက်ဆီးမယ်၊ တတိယအကြိမ်ဆိုရင်တော့ တည်ဆဲ ဥပဒေအရ အရေးယူဆောင်ရွက် သွားမှာဖြစ်ပါတယ်"

ဟု မိုင်းဆတ်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းက ပြောသည်။

အချို့အေးခဲသားများတွင် ထုတ်လုပ်သည့် သက်တမ်း နှင့် ကုန်ဆုံးရက်အား ဖော်ပြမထားသည်လည်း ရှိတတ်သည့်အတွက် တွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

"တရားမဝင် အေးခဲအသားနဲ့ငါးတွေ သယ်ဆောင်ရောင်းဝယ်နေတာကို ကြားသိနေရပါတယ်။ တချို့အေးခဲ အသားတွေဟာ ပလပ်စတစ်အိတ်နဲ့ ထုပ်ထားတယ်ဆိုပေမဲ့ ထုတ်တဲ့ရက်စွဲနဲ့ သက်တမ်းကုန်ဆုံးတဲ့ရက်စွဲတွေမပါဘူး။ ဒါမျိုးတွေကို သိမ်းဆည်းအရေးယူသွားမှာဖြစ်ပြီး တရားဝင် သယ်ဆောင်တာတွေကိုတော့ ခွင့်ပြုပေးသွားမှာပါ" 

ဟု မိုင်းဆတ်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက ပြောသည်။

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်တောင်ပိုင်း၊ ရှောင်ယန်မြို့နယ်အတွင်းရှိ ကြက်မွေးမြူရေးခြံတစ်ခြံမှ  ကြက်ကောင်ရေ (၇,၈၅၀) တွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါပိုးတွေ့ရှိရပြီး ကောင်ရေ (၄,၅၀၀)သေဆုံးခဲ့ပြီးဖြစ်ကြောင်းနှင့် ကြက်မွေး မြူရေးခြံ (၁၇,၈၂၈)ခြံတွင် ရောဂါကူးစက်နေကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံ နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံအလယ်ပိုင်း မဟာရတ်ရှ်တြာပြည်နယ်
Chhattisgarh ပြည်နယ်၊ Baikunthpur မြို့ရှိ ခြံတစ်ခုတွင် H5N1 ရောဂါပိုးကူးစက်မှုကြောင့် ကြက်ငှက်ကောင်ရေ (၂,၁၀၆၀)ရှိသည့် အနက် (၅,၆၃၄)ကောင် သေဆုံးခဲ့ရပြီး ကျန်ကြက်ငှက်များကိုလည်း သတ်ဖြတ်ခဲ့ရကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~