တာချီလိတ်မြို့တွင်း ဒီဇင်ဘာလ(၉)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ ထပ်တိုး နှင့် ဆေးရုံဆင်း အခြေအနေ

တာချီလိတ်မြို့တွင်း ဒီဇင်ဘာလ(၉)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ ထပ်တိုး နှင့် ဆေးရုံဆင်း အခြေအနေ
ဒီဇင်ဘာ 9, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင်း  ဒီဇင်ဘာလ(၉)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ ထပ်တိုး နှင့် ဆေးရုံဆင်း အခြေအနေ

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်မြို့မှာ ဒီနေ့ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့ ည(၆)နာရီအထိ Covid-19 အတည်ပြုလူနာ (၃)ဦး ထပ်တိုးတဲ့အတွက် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့ကနေ ဒီဇင်ဘာလ (၉)ရက်နေ့အထိ ဆိုရင်  အတည်ပြုလူနာ စုစုပေါင်း(၈၇)ဦးအထိ ရှိနေပါတယ်။
ဒီနေ့ ထပ်တိုးတဲ့ (၃)ဦးကတော့ ထိုင်းနိုင်ငံကို ပြန်ဖိုအတွက် စစ်ဆေးကြတဲ့ ထိုင်းနိုင်ငံသားတွေထဲက အမျိုးသမီး (၂)ဦးဖြစ်ပြီး နောက်တစ်ဦးကတော့ ရန်ကုန်ကနေ ရောက်ရှိလာတဲ့ ယာဉ်အကူ အမျိုးသားတစ်ဦးဖြစ်ပါတယ်။
ဒီဇင်ဘာလ(၉)ရက်နေ့မှာ အတည်ပြုလူနာ (၃)ဦး ထပ်တိုးသလို အတည်ပြုလူနာများထဲက သတ်မှတ်ရက်ဖြစ်တဲ့ (၁၁)ရက်ပြည့်သွားလို့ ဆေးရုံဆင်းခွင့်ရရှိသူ (၁၀)ဦးထပ်တိုးပါတယ်။
ဒီနေ့ ဆင်းရုံဆင်းခွင့်ရရှိသူ (၁၀)ဦး ထပ်တိုးတဲ့အတွက် ဆေးရုံဆင်းခွင့်ရရှိသွားကြသူ စုစုပေါင်း (၂၂)ဦးအထိ ရှိနေတဲ့အတွက် လက်ရှိမှာတော့ ဆေးရုံက ဆင်းပြီး နေအိမ်ပြန်ဖို့ စောင့်နေကြသူတွေဟာ (၆၅)ဦး ကျန်ရှိပါတယ်။
သတ်မှတ်ရက်တွေပြည့်သွားလို့ နေအိမ်ကို ပြန်ခွင့်ရသွားကြပေမဲ့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ နေအိမ်မှာ နောက်ထပ် (၇)ရက် အသွားအလာကန့်သတ်နေထိုင်ရဦးမှာ ဖြစ်ပါတယ်။

 Tachileik News Agency

သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~