ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် Mister Universe Tourism ပြိုင်ပွဲတွင် တာချီလိတ်မှ မိုင်းဇွဲမင်းခန့် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်နေ

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် Mister Universe Tourism ပြိုင်ပွဲတွင် တာချီလိတ်မှ မိုင်းဇွဲမင်းခန့် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်နေ
နိုဝင်ဘာ 22, 2019
By Tachileik News Agency
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် Mister Universe Tourism ပြိုင်ပွဲတွင် တာချီလိတ်မှ မိုင်းဇွဲမင်းခန့် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်နေ
**********

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့မှ နိုဝင်ဘာလ (၂၇)ရက်နေ့အထိ ကျင်းပနေသည့် Mister Universe Tourism ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ Mr. Universe Myanmar 2019  မိုင်းဇွဲမင်းခန့် ဝင်ရောက်ယှဉ်ပြိုင်နေပြီဖြစ်သည်။

“သူက တာချီလိတ်မှာ လာပြိုင်တဲ့ Mister ပြိုင်ပွဲကနေ စပြိုင်ခဲ့တာပါ။ အဲဒီကနေ အဆင့်ဆင့်ပြိုင်ပြီး Mister Universe Myanmar အဖြစ်ကနေ အခု ဖိလစ်ပိုင်မှာ သွားပြိုင်နေတာပါ။ ကိုယ့်ဒေသကနေ မြန်မာကိုယ်စားပြုအဖြစ် သွားပြိုင်နေတာကို ဂုဏ်ယူပါတယ်”ဟု မိုင်းဇွဲမင်းခန့်၏ ဖခင်ဖြစ်သူ ဦးရဲမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

Mister Universe Tourism ပြိုင်ပွဲကြီးရဲ့ Talent Competition အား နိုဝင်ဘာလ (၂၂) ရက်နေ့  မြန်မာစံတော်ချိန် နံနက် (၆)နာရီခွဲက ကျင်းပခဲ့ရာတွင် မြန်မာကိုယ်စားပြုဖြစ်သည့် မိုင်းဇွဲမင်းခန့်က ရှမ်းရိုးရာအကဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲကို မနီလာမြို့ရှိ Coro Hotel တွင် နိုဝင်ဘာလ (၂၅)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၅)နာရီခွဲ၌ ကျင်းပမည်ဖြစ်ပြီး Mister Universe Tourism  facebook page မှနေ၍ တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

Tachielik News Agency
ဓါတ်ပုံ - Mister Universe Myanmar, Mister Universe Tourism, Ye Myat (Image Photography), Khant Min Htin (HK Media)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net