တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာ (၄)ဦးတိုး

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာ (၄)ဦးတိုး

 တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာသစ် (၄)ဦး ယနေ့ ၂၀၂၁ခုနှစ် မေလ(၉)ရက်နေ့တွင် ထပ်တိုးသည့်အတွက် မယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၅၄)ဦးရှိနေပြီဖြစ်ကြောင်း မယ်ဆိုင်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားသည်။

မယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာစုစုပေါင်း (၁၅၄)ဦးရှိသည် အနက် (၁၁၁)ဦးမှာ သက်သာသွားပြီဖြစ်ပြီး တစ်ဦးမှာ သေဆုံးသွား၍ လက်ရှိတွင် ကုသမှု ခံယူနေသူ (၄၂)ဦးရှိနေသည်။



#TachileikNewsAgency