[ကြော်ငြာ] Happy GPS Tachileik က Promotion ကာလ ထပ်ပေးနေပြီနော်

[ကြော်ငြာ] Happy GPS Tachileik က Promotion ကာလ ထပ်ပေးနေပြီနော်
အောက်တိုဘာ 11, 2019
By 🌸
[ကြော်ငြာ]
တာချီလိတ်မှာ ဆိုင်ကယ်တွေ ခဏခဏပျောက်နေတဲ့ သတင်းတွေကြောင့် စိတ်ပူနေပြီလား

ကား၊ဆိုင်ကယ်တွေအတွက်လည်း စိတ်ချချင်တယ်။ ဈေးနှုန်းလည်း သက်သာချင်တယ်ဆိုရင် Happy GPS Tachileik က Promotion ကာလ ထပ်ပေးနေပြီနော်

📍 အိမ်သုံး၊ လုပ်ငန်းသုံး၊ ရုံးသုံး၊ ကုမ္ပဏီသုံး ကား/ဆိုင်ကယ်များအတွက် Happy GPS Tachileik ရဲ့ သီတင်းကျွတ်အထူးလျှော့ဈေးအဖြစ် (၁၀)ရာခိုင်နှုန်း 📍

ကိုယ့်အိမ်က၊ အလုပ်က မော်တော်ယာဉ်တွေကို စိတ်ချလက်ချဖြစ်ချင်သူတွေအတွက် Happy GPS Tachileik က သီတင်းကျွတ်အထူးလျှော့ဈေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့အထိ (၁၀)ရာခိုင်နှုန်း အထူးလျှော့ဈေးနဲ့ တပ်ဆင်ပေးနေပါပြီ။

Happy GPS Tachileik က GPS တွေကို အနိမ့်ဆုံး အပြီးအစီး ပုံမှန်ဈေး ဘတ် (၁၅၀၀)ကနေ အမျိုးအစားများစွာ ရွေးယူနိုင်မှာဖြစ်ပါတယ်။

GPS စက်တိုင်းအတွက် တစ်နှစ် အာမခံနဲ့ အခမဲ့ တပ်ဆင်ပေးတာဖြစ်တဲ့အပြင် အထူးဝန်ဆောင်မှုအဖြစ် တာချီလိတ်မြို့တွင်း လိုက်လံတပ်ဆင်ပေးမှာ ဖြစ်ပါတယ်။

GPS တပ်ဆင်ထားမယ်ဆိုရင်
📍 ကား၊ ဆိုင်ကယ်ရဲ့ တည်နေရာကို တိတိကျကျ လမ်းညွှန်ပေးခြင်း၊ သွားလာတဲ့ လမ်းကြောင်းမှတ်တမ်းကို (၃)လအထိ ထိန်းသိမ်းနိုင်ခြင်း၊
📍 ကား၊ ဆိုင်ကယ်ရဲ့ Speed(အမြန်နှုန်း)ကို တိကျစွာ ဖော်ပြပေးတဲ့အတွက် လုပ်ငန်းအတွက်သုံးတဲ့ ကား၊ ဆိုင်ကယ်တွေကို စီမံခန့်ခွဲရလွယ်ကူစေခြင်း၊
📍 Accident ဖြစ်ရင် Alarm ပေးတဲ့ စနစ်ပါရှိတာကြောင့် အရေးအကြောင်းမှာ အကူအညီရစေခြင်း၊
📍 Power cut-off စနစ်ပါရှိတာကြောင့် ဆိုင်ကယ်ခိုးယူသွားပြီး GPS ကိုဖျက်ပစ်မယ်ဆိုရင်တောင် ပိုင်ရှင်ဆီ အလိုအလျောက်ဖုန်းခေါ်တဲ့စနစ်၊ စာပို့တဲ့စနစ်ပါဝင်ခြင်း၊
📍 အဝေးရောက်နေတဲ့ ကား၊ ဆိုင်ကယ်ကို မိမိဖုန်းထဲမှ စက်ရပ်ပစ်လို့ရတဲ့စနစ် ပါဝင်ခြင်း၊
📍 အရေးပေါ်အခြေအနေကြုံရပါက SOS ခလုတ်လေးနှိပ်ရုံဖြင့် အိမ်ကို အသိပေးနိုင်ပြီး GPS အနီးအနားမှ အသံများကို ဖုန်းထဲမှ တိုက်ရိုက်နားထောင်နိုင်ခြင်း၊
📍 လုပ်ငန်းရှင်တွေ၊ Taxi ပိုင်ရှင်များအနေဖြင့် ကားများကို နယ်မြေသတ်မှတ်ပေးထားလို့ရပြီး သတ်မှတ်ဧရိယာကျော်ပြီး မောင်းသွားပါက Alarm ပေးတဲ့ စနစ်ပါဝင်ခြင်း၊
📍 Speed Limit သတ်မှတ်ပေးထားရင် သတ်မှတ်မိုင်နှုန်းကျော်သွားပါက Alarm ပေးသည့်စနစ် ပါဝင်ခြင်း တို့ကြောင့် မိမိတို့ မော်တော်ယာဉ်များနဲ့ပတ်သက်လို့ လုံခြုံစိတ်ချမှုအတွက် စိတ်အေးရပြီဖြစ်ပါတယ်။

GPS အမျိုးအစားတွေ၊ ဈေးနှုန်းတွေ စုံစမ်းချင်တယ်။ GPS တပ်ဆင်ချင်တယ်ဆိုရင်
🏠ဆိုင်လိပ်စာ - Happy GPS Tachileik Branch
အမှတ် (9/301) ရတနာလမ်း၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့
(ဘုရင့်နောင်ဈေးလမ်း / ကိုကုလားလေး ကုန်စုံဆိုင်မျက်စောင်းထိုး)
ဖုန်း - 09 459136569 ၊ 09 263758087 (Hot Line)

#Your_Security_is_our_Business

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
[ကြော်ငြာ]








 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net