မိုင်းဖြတ် - ကျိုင်းတုံသွား ကားလမ်းပေါ်တွင် အမျိုးသားနှစ်ဦး ထားခဲ့သည့် ဘိန်းစိမ်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မိုင်းဖြတ် - ကျိုင်းတုံသွား ကားလမ်းပေါ်တွင် အမျိုးသားနှစ်ဦး ထားခဲ့သည့် ဘိန်းစိမ်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
မေ 5, 2020
By Tachileik News Agency

မိုင်းဖြတ် - ကျိုင်းတုံသွား ကားလမ်းပေါ်တွင် အမျိုးသားနှစ်ဦး ထားခဲ့သည့် ဘိန်းစိမ်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ဧရိယာအတွင်းဖြစ်သည့် မိုင်းဖြတ် - ကျိုင်းတုံသွား ကားလမ်းပေါ်တွင် ဘိန်းစိမ်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိကြောင်း သိရသည်။

မိုင်းဖြတ် - ကျိုင်းတုံသွား ကားလမ်းပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ ၂၀၂၀ခုနှစ် မေလ(၄)ရက်နေ့ ညနေ(၃)နာရီ ဝန်းကျင်အချိန်က ရဲတပ်ဖွဲ့မှ စောင့်ဆိုင်းစဉ် ကျိုင်းတုံ ဘက်မှ မိုင်းဖြတ်ဘက်သို့ ဝင်သည့် လမ်းပေါ်တွင် လမ်းလျှောက်လာသည့် အမျိုးသား (၂)ဦးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ၎င်းတို့သည် ရပ်တန့်ခြင်း မပြုလုပ်ဘဲ ခရီးဆောင်အိတ်အား ပစ်ချခဲ့ကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ကျန်ရစ်ခဲ့သည့် ခရီးဆောင်အိတ်အား ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ဖွင့်ဖောက် စစ်ဆေးရာက အိတ်အတွင်းမှ စုစုပေါင်း အလေးချိန် (၂၇)ကီလိုရှိသည့် ဘိန်းစိမ်းများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် ဘိန်းစိမ်းများနှင့် ပတ်သက်၍ တရားခံအား ဖမ်းဆီးရမိရေးအတွက် မိုင်းဖြတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုကာ စုံစမ်းနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~