❖ မိုင်းယောင်းမြို့တွင် စရဖရုံး ဗုံးကွဲပြီးနောက် ရဲစခန်းသွားလမ်းကို အရံအတားများ ချထား

❖ မိုင်းယောင်းမြို့တွင် စရဖရုံး ဗုံးကွဲပြီးနောက် ရဲစခန်းသွားလမ်းကို အရံအတားများ ချထား
ဧပြီ 15, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့ပေါ် ရပ်ကွက်(၉)အတွင်း ရဲစခန်းအနီးရှိ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)ရုံးကို ဗုံးဖြင့် ပစ်ပေါက်ခံရမှုဖြစ်ပွားပြီးနောက် ရဲစခန်းသွားလမ်းအား အရံအတားများဖြင့် ထားရှိသည်ကို ယနေ့ ဧပြီလ(၁၅)ရက်နေ့တွင် တွေ့ရသည်။

မိုင်းယောင်းမြို့ပေါ် ရပ်ကွက်(၉)အတွင်း ရဲစခန်းအနီးရှိ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)ရုံးကို  ၂၀၂၁ခုနှစ် ဧပြီလ(၁၃)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်က ဗုံးဖြင့် ပစ်ပေါက်ခံခဲ့ရခြင်း ဖြစ်သည်။ 

မိုင်းယောင်းမြို့၏ ဒေသတွင်းအခြေအနေအားဖြင့် ဧပြီလ(၁၂)ရက်နေ့ ညပိုင်းက ပြည်သူ့ဆေးရုံ မီးရှို့ခံရမှုဖြစ်ပွားခဲ့ သလို ဧပြီလ(၁၃)ရက်နေ့က စရဖရုံး ဗုံးပေါက်မှု ဖြစ်ပွားခဲ့ပြီး မိုင်းယောင်းမြို့နယ်အတွင်း မြို့ပေါ်နှင့်ကျေးလက်မကျန် PSI စလောင်းများကို ဖြုတ်သိမ်းရန် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားသော်လည်း ဌာနဆိုင်ရာအချို့၏ နေအိမ်များတွင် ဖြုတ်သိမ်းထားခြင်းမရှိဘဲ ဧပြီလ(၁၅)ရက်နေ့အထိ တပ်ဆင်ထားလျှက်ရှိကြောင်း သိရသည်။