တာချီလိတ်မြို့ ဓမ္မသစ္စာဘုန်းကြီးကျောင်းတိုက်မှ   ရဟန်းသာမဏေနှင့်ကျောင်းသား (၁၅)ဦးတွင် Covid-19 ပိုးတွေ့

တာချီလိတ်မြို့ ဓမ္မသစ္စာဘုန်းကြီးကျောင်းတိုက်မှ   ရဟန်းသာမဏေနှင့်ကျောင်းသား (၁၅)ဦးတွင် Covid-19 ပိုးတွေ့
သြဂုတ် 13, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဓမ္မသစ္စာဘုန်းကြီးကျောင်းတိုက်မှ သံဃ ရှင်သာမဏေနှင့်ကျောင်းသား စုစုပေါင်း (၁၅)ဦးတွင် Covid-19 ကူးစက်ခံထားရကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၃)ရက်နေ့တွင်  ကျန်းမာရေး၏ စစ်ဆေးချက်အရ  ရဟန်း(၃)ပါးနှင့် ကိုရင် (၉)ပါး အပြင် ကျောင်းသား(ကပ္ပိယ)(၃)ဦး စုစုပေါင်း (၁၅)ဦးတို့တွင် Covid-19 တွေ့ရှိရ၍ Covid-19 စောင့်ကြည့်ရေးစင်တာ(ဝမ်လုံး)တွင် ထားရှိကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ(၁၃)ရက်နေ့တစ်နေ့တာအနေဖြင့် တာချီလိတ်ဆေးရုံဟောင်း၊ ဆေးရုံသစ် နှင့် ဓမ္မသစ္စာဘုန်းကြီးကျောင်းတိုက်တို့တွင် စစ်ဆေးချက်များအရ Covid-19 ကူးစက်ခံထားရသူ အမျိုးသား (၄၀)ဦး နှင့် အမျိုးသမီး (၂၄)ဦး စုစုပေါင်း (၆၄)ဦးအထိ စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covdi-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ယနေ့ ဩဂုတ်လ(၁၃)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ (၁,၉၈၉)ဦးအထိ ရှိနေပြီး သေဆုံးသူမှာလည်း (၃၁)ဦးအထိ ရှိနေကြောင်း သိရသည်။