တာချီလိတ်ခရိုင်အတွင်း တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်း စစ်ဆေးကောက်ခံနေမှု အခြေအနေ

တာချီလိတ်ခရိုင်အတွင်း တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်း စစ်ဆေးကောက်ခံနေမှု အခြေအနေ
သြဂုတ် 26, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်း စစ်ဆေးကောက်ခံနေမှု အခြေအနေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ ပါဝင်စေဖို့ နဲ့ မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်စေဖို့အတွက် မြို့နယ် (၃) မြို့နယ်မှာ အဖွဲ့တွေခွဲပြီး တစ်အိမ်တက်ဆင်း မဲစာရင်းတွေကို စနစ်တကျ တိုက်ဆိုင် စစ်ဆေး ကောက်ယူနေကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။
တာချီလိတ်မြို့နယ်ဟာ  ရွှေ့ပြောင်းအလုပ်သမားတွေများသလို ကျူးကျော်နေထိုင်သူတွေလည်းရှိနေတဲ့အတွက် နိုင်ငံသားတစ်ယောက်ရဲ့ မဲပေးခွင့် အခွင့်အရေးမဆုံရှုံးစေဖို့ တစ်အိမ်တက်ဆင်း စနစ်နဲ့ လိုက်လံကောက်နေတာဖြစ်ကြောင်း တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းက ပြောပါတယ်။
၂၀၂၀ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် ထုတ်ပြန်တဲ့စာရင်းတွေအရ တာချီလိတ်ခရိုင်အတွင်းမှာ မဲပေးခွင့်ရှိသူ တစ်သိန်းတစ်သောင်းကျော်ရှိနေပြီး မဲစာရင်းမှားယွင်းမှုတွေရှိနေတဲ့ အတွက် သြဂုတ်လ (၁၉) ရက်နေ့ကနေစပြီး မဲဆန္ဒရှင်စာရင်းတွေကို တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးရာမှာ မဲပေးခွင့်ရှိသူအရေအတွက် ထပ်မံတိုးတက်လာနေပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း - ဟန်စိုးထိုက် 
ရိုက်ကူး - ဟန်စိုးထိုက်၊ စိုင်းအောင်ဇော်လင်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~