တာချီလိတ်မြို့သို့ ရခိုင်၊ ရန်ကုန်၊ မွန်၊ မြင်းခြံ၊ ဒိုက်ဦးနှင့် ကဝမြို့များမှ လာသူများ Quarantine (၁၄)ရက် ဝင်ရမည်

တာချီလိတ်မြို့သို့ ရခိုင်၊ ရန်ကုန်၊ မွန်၊ မြင်းခြံ၊ ဒိုက်ဦးနှင့် ကဝမြို့များမှ လာသူများ Quarantine (၁၄)ရက် ဝင်ရမည်
စက်တင်ဘာ 9, 2020
By Tachileik News Agency

တာချီလိတ်မြို့သို့ ရခိုင်၊ ရန်ကုန်၊ မွန်၊ မြင်းခြံ၊ ဒိုက်ဦးနှင့် ကဝမြို့များမှ လာသူများ   Quarantine (၁၄)ရက် ဝင်ရမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ မြင်းခြံမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကဝမြို့နယ်များမှ လာရောက်သူများနှင့် မိမိတို့ မည်သည့် အရပ်ဒေသမှလာကြောင်း ရပ်/ကျေးထောက်ခံစာ မပါသူများ သတ်မှတ်နေရာတွင် မိမိစရိတ်ဖြင့် Quarantine (၁၄)ရက်နေထိုင်ရန် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှစ၍ သတ်မှတ်လိုက်သည်။
“ဒီမနက် ကျွန်တော်တို့ ကိုဗစ်ကော်မတီဆုံးဖြတ်ချက်အရ ရခိုင်၊ ရန်ကုန်၊ မွန်က မြို့နယ်အားလုံး၊ မြင်းခြံ၊ ဒိုက်ဦး၊ ကဝမြို့နယ်တွေကလာသူအားလုံး ကျွန်တော်တို့ သတ်မှတ်ပေးထားတဲ့နေရာမှာ ကိုယ့်စရိတ်နဲ့ကိုယ် (၁၄) ရက် Quarantine ဝင်ရမယ်။ နောက် သက်ဆိုင်ရာ ရပ်/ကျေးထောက်ခံစာမပါတဲ့သူတွေလည်း Quarantine ဝင်ရန်သတ်မှတ်ထားတဲ့နေရာများမှ လာရောက်သူများလို့ ယူဆပြီး (၁၄) ရက် Quarantine သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အကယ်၍ Quarantine မဝင်ချင်လို့ လိမ်ညာပြောသူတစ်ဦးဦး ပါလာပြီး လွတ်ထွက်သွားတာမျိုး မဖြစ်အောင်လို့ပါ”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဒေသများမှနေ၍ လေကြောင်းလမ်း၊ ကုန်းကြောင်းလမ်းမှ ဝင်ရောက်လာသူအားလုံးကို လေဆိပ်၊ မြို့အဝင်စစ်ဆေးရေးဂိတ်တို့၌ စစ်ဆေးမည်ဖြစ်ပြီး Quarantine ဝင်ရန်ငြင်းဆန်ပါက တာချီလိတ်မြို့သို့ ဝင်ခွင့်ပေးမည်မဟုတ်ကြောင်း သိရသည်။
တာချီလိတ်သို့ မည်သည့်အရပ်ဒေသမှ လာရောက်သည်ဖြစ်စေ မိမိတို့ဒေသမှ ရပ်/ကျေးထောက်ခံစာ ယူလာရန်လိုအပ်မည်ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~