ဒေသခံများဖြင့် အသစ် ပြန်လည်ဖွဲ့စည်းလိုက်သည့် တာချီလိတ်မြို့မီးလင်းရေးကော်မတီသစ် လုပ်ငန်းတာဝန်များ လွှဲပြောင်း

ဒေသခံများဖြင့် အသစ် ပြန်လည်ဖွဲ့စည်းလိုက်သည့် တာချီလိတ်မြို့မီးလင်းရေးကော်မတီသစ် လုပ်ငန်းတာဝန်များ လွှဲပြောင်း
စက်တင်ဘာ 18, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် လျှပ်စစ်မီးဖြနေ့်ဝရေးနှင့် ပတ်သက်၍ တာချီလိတ်မီးလင်းရေးကော်မတီအား ဒေသအုပ်ချုပ်ရေးဆိုင်ရာများ မပါဝင်တော့ဘဲ ဒေသခံများဖြင့် ကော်မတီသစ်ပြောင်းလဲ ဖွဲ့စည်းလိုက်ပြီးနောက် လုပ်ငန်းတာဝန်လွှဲပြောင်းခြင်းအဖြစ် အခမ်းအနားအား တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးတွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်သည်။

မြို့မီးလင်းရေးကော်မတီဟောင်းမှ ကော်မတီသစ်သို့ လုပ်ငန်းတာဝန်လွှဲပြောင်းရာတွင် မြို့မီးလင်းရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ကော်မတီသစ်အား စနစ်တကျလွှဲပြောင်းပေးရန်အတွက် ယခုလို အခမ်းအနားပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ မီးလင်းရေးလုပ်ငန်းအတွက် အဓိက အကြောင်းအရာဖြစ်သည့် မီတာခလျော့ချရေး နှင့် ပျောက်ဆုံးယူနစ်များတွင် မီတာခလျော့ချပေးနိုင်ရေးမှာ ပျောက်ဆုံးယူနစ်များ နည်းပါးလာရန်လိုအပ်ကြောင်း၊ လက်ရှိတွင် နယ်စပ်ဖြတ်ကျော် လျှပ်စစ်မီးအနဖြေင့် ထိုင်းနိုင်ငံမှ ရယူသုံးစွဲထားရာ လာအိုနိုင်ငံမှ လျှပ်စစ်မီးရယူပါက မီးတာခသက်သာနိုင်သည်ဖြစ်သော်လည်း ရေရှည်အတွက် အခိုင်အမာစဉ်းစားဆုံးဖြတ်ရန် နှင့် လုပ်ငန်းများအားလုံးသည် မီးလင်းရေးကော်မတီ၏ တာဝန်ဖြစ်သည့်အတွက် အချင်းချင်းစည်းစည်းလုံးဖြင့် လုပ်ဆောင်သွားကြမည်ကို မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းတာဝန်များကို မြို့မီးလင်းရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် ကော်မတီဝင်များက လက်မှတ်ရေးထိုးပြီး ကော်မတီသစ်သို့ လွှဲပြောင်းပေးအပ်ရာ မြို့မီးလင်းရေးကော်မတီ သစ်၏ ဥက္ကဌ ဦးတင်လှိုင်က လက်ခံရယူသည်။

ဒေသအုပ်ချုပ်ရေးဆိုင်ရာများပါဝင်သည့် မြို့မီးလင်းရေးကော်မတီမှ ဒေသခံများသာ ပါဝင်သည့် ကော်မတီသစ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့က ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ နှင့် မြို့မိမြို့ဖ ဦးဝန်းယုံးတို့က နာယကအဖြစ်ပါဝင်လာပြီး ဥက္ကဌအဖြစ် ဦးတင်လှိုင်(အဆွေတော်)၊ အတွင်းရေးမှူးအဖြစ် ဦးစိုင်းအုန်းကျော်(မြေစာရင်း-ငြိမ်း)၊ အဖွဲ့ဝင်များအဖြစ် ဦးစိုင်းလုံမား(မြို့မိမြို့ဖ)၊ ဦးမင်းနိုင်(မီးလင်းရေးရုံးခွဲ၊ အဖွဲ့(၂)၊ ဦးစိုင်းဆမ်ဆု(အင်ဂျင်နီယာ၊မြို့ပြ)၊ ဒေါ်စုစန္ဒါဝင်း(ဥပဒေပညာရှင်၊ ဦးဟန်ဝင်းအောင်(လျှပ်စစ်အင်ဂျင်နီယာ)၊ ဦးမြင့်သိန်း(ရဲအုပ်ငြိမ်း)၊ ဦးစိုင်းဘုန်းမြတ်
( ME သင်တန်းဆင်း)၊ ဦးစိုင်းလုံဟောင်(ရပ်မိရပ်ဖ)၊ ဦးသိန်းညွှန့်(ဟုတ်တက်တရုတ်ဘုံကျောင်း)၊ ဦးအားလယ်(အာခါစာပေနှင့်ယဉ်ကျေးမှု)၊ ဦးရဲထွန်းသိန်း(တိုးတက်ဟိန်းဆောက်လုပ်ရေးကုမ္ပဏီ)တို့ ပါဝင်သည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီတွင် လုပ်ငန်းများအတွက် မီးလင်းရေးကြီးကြပ်မှုကော်မတီ၊ လုပ်ငန်းအကောင်အထည်ဖော်ရေးဆပ်ကော်မတီ၊ ဘဏ္ဍာငွေထိန်းသိမ်းရေးဆပ်ကော်မတီ နှင့် စာရင်းစစ်ဆေးရေးအဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။

လုပ်ငန်းအကောင်အထည်ဖော်ရေးဆပ်ကော်မတီတွင် ဥက္ကဌအဖြစ် ဦးစိုင်းဆမ်ဆု၊ အတွင်းရေးမှူးအဖြစ် ဦးရဲထွန်းသိန်းက လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဦးမင်းနိုင်၊ ဦးစိုင်းဘုန်းမြတ် နှင့် ဦးသိန်းညွှန့်တို့က တာဝန်ရယူသည်။

ဘဏ္ဍာငွေထိန်းသိမ်းရေးဆပ်ကော်မတီ ဥက္ကဌအဖြစ် ဦးစိုင်းလုံမှား၊ အတွင်းရေးမှူးအဖြစ် ဦးဟန်ဝင်းအောင်၊ အဖွဲ့ဝင်အဖြထစ် ဦးစိုင်းလုံဟောင်တို့က တာဝန်ရယူပြီး စာရင်းစစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးမြင့်သိန်း အဖွဲ့ဝင်များအဖြစ် ဦးအားလယ် နှင့် ဒေါ်စန္ဒါဝင်းတို့ ပါဝင်သည်။

Tachileik News Agency

ဆက်စပ်သတင်းများ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net