ထုိင္းႏုိင္ငံမွ လွ်ပ္စစ္ဓာတ္အား ဝယ္ယူျဖန္႔ျဖဴးေနသည့္ တာခ်ီလိတ္တြင္ မီတာခေလွ်ာ့ခ်ေပးႏုိင္ေရး စီစဥ္ေန

ထုိင္းႏုိင္ငံမွ လွ်ပ္စစ္ဓာတ္အား ဝယ္ယူျဖန္႔ျဖဴးေနသည့္ တာခ်ီလိတ္တြင္ မီတာခေလွ်ာ့ခ်ေပးႏုိင္ေရး စီစဥ္ေန
နိုဝင်ဘာ 27, 2017
By Tachileik News Agency

ထုိင္းႏိုင္ငံမွ လွ်ပ္စစ္ဓာတ္အား ဝယ္ယူျဖန္႔ျဖဴးေနသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ လက္ရိွမီတာသံုးစြဲခေစ်းႏႈန္းမ်ား ေလွ်ာ့ခ်ေပးႏုိင္ေရးအတြက္ ၿမိဳ႕မီးလင္းေရးေကာ္မတီက စီစဥ္ေနေၾကာင္း သိရသည္။

“ေဒသခံေတြက လက္ရိွမီတာခကို ေလွ်ာ့ေစခ်င္တဲ့ ဆႏၵရိွပါတယ္။ လက္ရိွ ျပႆနာက ေပ်ာက္ဆံုးယူနစ္ မ်ားေနတယ္။ တခ်ိဳ႕လည္း သာမန္အားျဖင့္ လိုင္းေပၚမွာ ေပ်ာက္ဆံုးတာရိွတယ္။ တခ်ိဳ႕ကလည္း မိမိလုပ္ငန္းမွာျဖစ္ျဖစ္၊ အိမ္မွာျဖစ္ျဖစ္ အသံုးျပဳတဲ့ကုန္က်စရိတ္အတုိင္း မေပးရေအာင္ မသမာတဲ့ နည္းလမ္းနဲ႔ လုပ္တာေၾကာင့္ ေပ်ာက္ဆံုးတာေတြရွိတယ္။ ဒါေတြကို အတတ္ႏုိင္ဆံုး စစ္ေဆး ဖာေထးတာေတြ လုပ္ေနေပမဲ့ လုိင္းေပၚက ေပ်ာက္ဆံုးယူနစ္အတြက္ကေတာ့ မရဘူးေပါ့။ ဒီေတာ့ မီတာခေလွ်ာ့လို႔ရမယ့္နည္းလမ္းေတြေတာ့ စဥ္းစားေနပါတယ္။ တစ္နည္းကေတာ့ ဒီမွာ စက္မႈလုပ္ငန္းေတြ လုပ္ႏုိင္ကိုင္ႏိုင္တဲ့သူေတြထဲက အလုပ္အကိုင္အခြင့္အလမ္းမ်ားမ်ားေပးႏုိင္တဲ့သူေတြကို မီတာခ ေလွ်ာ့ေပးမယ္ဆိုတဲ့ ေခါင္းစဥ္ရယ္ ဒုတိယတစ္နည္းကေတာ့ အမ်ားအသံုးျပဳေနတဲ့ မီတာခအေပၚမွာ ေလွ်ာ့ေပါ့ေပးႏုိင္ေရးဆိုၿပီး စဥ္းစားထားပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၀၈ ခုႏွစ္မတိုင္မီက တာခ်ီလိတ္ၿမိဳ႕တြင္ မီတာခ တစ္ယူနစ္လွ်င္(၁၄)ဘတ္အထိေပးရၿပီး ၂၀၀၈ ခုႏွစ္မွစ၍ ထုိင္းႏုိင္ငံမွ တစ္ယူနစ္လွ်င္ (၄)ဘတ္၊ ျပား(၅၀)ႏႈန္းျဖင့္ဝယ္ယူကာ တစ္ယူနစ္လွ်င္ (၆)ဘတ္ႏႈန္းျဖင့္ ျပန္လည္ျဖန္႔ျဖဴးေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားအပါအ၀င္   ေက်းရြာအုပ္စုမ်ားျဖစ္သည့္ လြယ္ေတာ္ခမ္း ေက်းရြာအုပ္စု၊ မုိင္းကိုးေက်းရြာအုပ္စု၊ ဖန္မင္ေက်းရြာအုပ္စုႏွင့္ မိုင္းဖုန္း(ခ) ေက်းရြာအုပ္စုရွိ ေက်းရြာေပါင္း (၃၃)ရြာတို႔ကို လွ်ပ္စစ္မီးျဖန္႔ျဖဴးေပးႏိုင္ခဲ့ၿပီး ဆက္လက္၍ က်န္ရွိေနေသးသည့္ ေက်းရြာမ်ားတြင္လည္း လွ်ပ္စစ္မီး ေပးေဝႏုိင္ေရး ႀကိဳးစားေနဆဲျဖစ္ေၾကာင္း သိရသည္။

“ေက်းရြာမီးလင္းေရးကေတာ့ ပထမတစ္ခ်က္က ကာယကံရွင္ေက်းရြာေတြရဲ႕သေဘာထား၊ ဒုတိယ တစ္ခ်က္ကေတာ့ အဲဒီအတြက္ ကုန္က်မယ့္ ကုန္က်စရိတ္ကို သူတို႔ဘက္က ေပးႏုိင္လား၊ ျမန္ျမန္ေပးႏုိင္ရင္ ျမန္ျမန္လင္းမယ္။ ဒီမွာတခ်ိဳ႕ဆို ေက်းရြာမီးလင္းေရး လုပ္ေပးဖို႔ ေက်းရြာနဲ႔ အနီးစပ္ဆံုး ေရာက္ေနတဲ့ ႀကိဳးေတြက လုပ္ငန္းတစ္ခုခုက ဆြဲထားတာမ်ိဳးေတြ မ်ားတယ္။ အမ်ားသံုးနဲ႔ သင့္ေတာ္တဲ့ႀကိဳး မဟုတ္တဲ့အတြက္ ေက်းရြာမီးလင္းေရးလုပ္လို႔ မရႏုိင္ဘူးျဖစ္ေနတယ္။ ဒါက ဝပ္အားျမင့္ျမင့္သံုးႏိုင္တဲ့၊ လုပ္ငန္းသံုး သံုးႏုိင္တဲ့၊ လွ်ပ္စစ္မီးျပတ္တာနည္းသလို စက္မႈလုပ္ငန္းအတြက္ အျပည့္အဝသံုးႏုိင္တဲ့ လွ်ပ္စစ္မီး သြယ္တန္းေရးကို ေျပာတာပါ။ ေက်းရြာမီးလင္းေရးအတြက္ အစိုးရ ေက်းလက္ဦးစီးဌာနကေန ရာခုိင္ႏႈန္းျပည့္ ေဆာင္ရြက္ေပးတာ၊ ေက်းရြာက တခ်ိဳ႕တစ္ဝက္စိုက္ထုတ္တဲ့ စနစ္နဲ႔ ေဆာင္ရြက္ တာေတြလည္း ရိွပါတယ္။ ဆိုလာမီးေဆာင္ရြက္တာလည္းရိွသလို ေရအားလွ်ပ္စစ္ကေနရတဲ့ လွ်ပ္စစ္မီးသြယ္တန္းတာေတြလည္း ရိွပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။

ထုိင္းႏုိင္ငံမွ လွ်ပ္စစ္မီးဝယ္ယူျဖန္႔ျဖဴးေရးအတြက္ Myanmar Allure Group Co.,Ltd က တစ္ဦးတည္း လွ်ပ္စစ္ဆက္သြယ္ေရာင္းခ်ခြင့္ရိွသူအျဖစ္ ၿမိဳ႕နယ္မီးလင္းေရးေကာ္မတီတို႔ ၂၀၀၈ ခုႏွစ္ ဇန္နဝါရီလတြင္ သေဘာတူ လက္မွတ္ေရးထိုးၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီက မီးလင္းေရးအမွတ္(၁)အတြက္ ထိုင္းဘတ္ေငြ(၂၇၆)သိန္းႏွင့္ မီးလင္းေရးအမွတ္(၂)အတြက္ ထုိင္းဘတ္(၃၃၂)သိန္း စုစုေပါင္း ဘတ္သိန္း(၆၀၈)သိန္းေက်ာ္အား ထုိင္းႏိုင္ငံ မီးေပးေဝေရးသို႔ စေပၚေငြ ေပးသြင္းထားရျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒသတြင္း လွ်ပ္စစ္မီး ပိုမိုျဖန္႔ျဖဴးႏိုင္ေရးအတြက္ အထူးေဒသ(၄) မုိင္းလားမွ ေရအားလွ်ပ္စစ္ဝယ္ယူရန္ စီစဥ္ခဲ့ေသာ္လည္း မိုင္းလားေဒသမွ လွ်ပ္စစ္မီး၏ မီတာခႏႈန္းထားမွာ ထိုင္းႏုိင္ငံက ဝယ္ယူသည္ထက္ ေစ်းႏႈန္းျမင့္ေနျခင္း၊ လက္ရိွ သြယ္တန္းအသံုးျပဳေနသည့္ ႀကိဳးႏွင့္ ထရန္စေဖာ္မာမ်ား ျပန္လည္ညိႇယူရန္ လိုအပ္ျခင္းတို႔ေၾကာင့္ အခက္အခဲျဖစ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕မီးလင္းေရးေကာ္မတီ(တာခ်ီလိတ္) နာယကအျဖစ္ ဗ်ဴဟာမွဴးႏွင့္ ရပ္မိရပ္ဖမ်ားက တာဝန္ယူထားၿပီး ဥကၠဌအျဖစ္ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊ၊ အတြင္းေရးမွဴးအျဖစ္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္က တာဝန္ယူထားျခင္းျဖစ္ကာ ေကာ္မတီဝင္မ်ား အျဖစ္ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴး၊ လွ်ပ္စစ္ကၽြမ္းက်င္ႏွင့္ ဘ႑ာေရးအတြက္ အရပ္ဖက္မ်ားမွပါဝင္ဖြဲ႕စည္းထားေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူဖြန့်ဖြူးနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လက်ရှိမီတာသုံးစွဲခဈေးနှုန်းများ လျှော့ချပေးနိုင်ရေးအတွက် မြို့မီးလင်းရေးကော်မတီက စီစဉ်နေကြောင်း သိရသည်။

“ဒေသခံတွေက လက်ရှိမီတာခကို လျှော့စေချင်တဲ့ ဆန္ဒရှိပါတယ်။ လက်ရှိ ပြဿနာက ပျောက်ဆုံးယူနစ် များနေတယ်။ တချို့လည်း သာမန်အားဖြင့် လိုင်းပေါ်မှာ ပျောက်ဆုံးတာရှိတယ်။ တချို့ကလည်း မိမိလုပ်ငန်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အသုံးပြုတဲ့ကုန်ကျစရိတ်အတိုင်း မပေးရအောင် မသမာတဲ့ နည်းလမ်းနဲ့ လုပ်တာကြောင့် ပျောက်ဆုံးတာတွေရှိတယ်။ ဒါတွေကို အတတ်နိုင်ဆုံး စစ်ဆေး ဖာထေးတာတွေ လုပ်နေပေမဲ့ လိုင်းပေါ်က ပျောက်ဆုံးယူနစ်အတွက်ကတော့ မရဘူးပေါ့။ ဒီတော့ မီတာခလျှော့လို့ရမယ့်နည်းလမ်းတွေတော့ စဉ်းစားနေပါတယ်။ တစ်နည်းကတော့ ဒီမှာ စက်မှုလုပ်ငန်းတွေ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေထဲက အလုပ်အကိုင်အခွင့်အလမ်းများများပေးနိုင်တဲ့သူတွေကို မီတာခ လျှော့ပေးမယ်ဆိုတဲ့ ခေါင်းစဉ်ရယ် ဒုတိယတစ်နည်းကတော့ အများအသုံးပြုနေတဲ့ မီတာခအပေါ်မှာ လျှော့ပေါ့ပေးနိုင်ရေးဆိုပြီး စဉ်းစားထားပါတယ်”ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၀၈ ခုနှစ်မတိုင်မီက တာချီလိတ်မြို့တွင် မီတာခ တစ်ယူနစ်လျှင်(၁၄)ဘတ်အထိပေးရပြီး ၂၀၀၈ ခုနှစ်မှစ၍ ထိုင်းနိုင်ငံမှ တစ်ယူနစ်လျှင် (၄)ဘတ်၊ ပြား(၅၀)နှုန်းဖြင့်ဝယ်ယူကာ တစ်ယူနစ်လျှင် (၆)ဘတ်နှုန်းဖြင့် ပြန်လည်ဖြန့်ဖြူးပေးနခြေင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တာချီလိတ်မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျေးရွာအုပ်စုများဖြစ်သည့် လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စုနှင့် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း (၃၃)ရွာတို့ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဆက်လက်၍ ကျန်ရှိနေသေးသည့် ကျေးရွာများတွင်လည်း လျှပ်စစ်မီး ပေးဝေနိုင်ရေး ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

“ကျေးရွာမီးလင်းရေးကတော့ ပထမတစ်ချက်က ကာယကံရှင်ကျေးရွာတွေရဲ့သဘောထား၊ ဒုတိယ တစ်ချက်ကတော့ အဲဒီအတွက် ကုန်ကျမယ့် ကုန်ကျစရိတ်ကို သူတို့ဘက်က ပေးနိုင်လား၊ မြန်မြန်ပေးနိုင်ရင် မြန်မြန်လင်းမယ်။ ဒီမှာတချို့ဆို ကျေးရွာမီးလင်းရေး လုပ်ပေးဖို့ ကျေးရွာနဲ့ အနီးစပ်ဆုံး ရောက်နေတဲ့ ကြိုးတွေက လုပ်ငန်းတစ်ခုခုက ဆွဲထားတာမျိုးတွေ များတယ်။ အများသုံးနဲ့ သင့်တော်တဲ့ကြိုး မဟုတ်တဲ့အတွက် ကျေးရွာမီးလင်းရေးလုပ်လို့ မရနိုင်ဘူးဖြစ်နေတယ်။ ဒါက ဝပ်အားမြင့်မြင့်သုံးနိုင်တဲ့၊ လုပ်ငန်းသုံး သုံးနိုင်တဲ့၊ လျှပ်စစ်မီးပြတ်တာနည်းသလို စက်မှုလုပ်ငန်းအတွက် အပြည့်အဝသုံးနိုင်တဲ့ လျှပ်စစ်မီး သွယ်တန်းရေးကို ပြောတာပါ။ ကျေးရွာမီးလင်းရေးအတွက် အစိုးရ ကျေးလက်ဦးစီးဌာနကနေ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပေးတာ၊ ကျေးရွာက တချို့တစ်ဝက်စိုက်ထုတ်တဲ့ စနစ်နဲ့ ဆောင်ရွက် တာတွေလည်း ရှိပါတယ်။ ဆိုလာမီးဆောင်ရွက်တာလည်းရှိသလို ရေအားလျှပ်စစ်ကနေရတဲ့ လျှပ်စစ်မီးသွယ်တန်းတာတွေလည်း ရှိပါတယ်”ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူဖြန့်ဖြူးရေးအတွက် Myanmar Allure Group Co.,Ltd က တစ်ဦးတည်း လျှပ်စစ်ဆက်သွယ်ရောင်းချခွင့်ရှိသူအဖြစ် မြို့နယ်မီးလင်းရေးကော်မတီတို့ ၂၀၀၈ ခုနှစ် ဇန်နဝါရီလတွင် သဘောတူ လက်မှတ်ရေးထိုးပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မီးလင်းရေးကော်မတီက မီးလင်းရေးအမှတ်(၁)အတွက် ထိုင်းဘတ်ငွေ(၂၇၆)သိန်းနှင့် မီးလင်းရေးအမှတ်(၂)အတွက် ထိုင်းဘတ်(၃၃၂)သိန်း စုစုပေါင်း ဘတ်သိန်း(၆၀၈)သိန်းကျော်အား ထိုင်းနိုင်ငံ မီးပေးဝေရေးသို့ စပေါ်ငွေ ပေးသွင်းထားရခြင်းဖြစ်ကြောင်း သိရသည်။

ဒေသတွင်း လျှပ်စစ်မီး ပိုမိုဖြန့်ဖြူးနိုင်ရေးအတွက် အထူးဒေသ(၄) မိုင်းလားမှ ရေအားလျှပ်စစ်ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း မိုင်းလားဒေသမှ လျှပ်စစ်မီး၏ မီတာခနှုန်းထားမှာ ထိုင်းနိုင်ငံက ဝယ်ယူသည်ထက် ဈေးနှုန်းမြင့်နခြေင်း၊ လက်ရှိ သွယ်တန်းအသုံးပြုနေသည့် ကြိုးနှင့် ထရန်စဖော်မာများ ပြန်လည်ညှိယူရန် လိုအပ်ခြင်းတို့ကြောင့် အခက်အခဲဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

မြို့မီးလင်းရေးကော်မတီ(တာချီလိတ်) နာယကအဖြစ် ဗျူဟာမှူးနှင့် ရပ်မိရပ်ဖများက တာဝန်ယူထားပြီး ဥက္ကဌအဖြစ် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ အတွင်းရေးမှူးအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က တာဝန်ယူထားခြင်းဖြစ်ကာ ကော်မတီဝင်များ အဖြစ် ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ လျှပ်စစ်ကျွမ်းကျင်နှင့် ဘဏ္ဍာရေးအတွက် အရပ်ဖက်များမှပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~