တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်တို့တွင် သြဂုတ်လ (၃၀)ရက်နေ့၌ ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေး အခမဲ့ထိုးပေးမည့် သတ်မှတ် စုရပ်နေရာများ

တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်တို့တွင် သြဂုတ်လ (၃၀)ရက်နေ့၌ ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေး အခမဲ့ထိုးပေးမည့် သတ်မှတ် စုရပ်နေရာများ
သြဂုတ် 29, 2020
By Tachileik News Agency
တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်တို့တွင် သြဂုတ်လ (၃၀)ရက်နေ့၌ ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေး အခမဲ့ထိုးပေးမည့် သတ်မှတ် စုရပ်နေရာများ 
တာချီလိတ်မြို့နယ်အတွင်း တာချီလိတ်၊ ကျိုင်းလပ်နှင့် တာလေတို့တွင် ဆုံဆို့နာရောဂါကာကွယ်ဆေး အပါအဝင် အမှီလိုက် ကာကွယ်ဆေးထိုးနှံခြင်း စတုတ္တနေ့အဖြစ် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့ နံနက် (၉)နာရီက စ၍   သတ်မှတ်စုရပ်များတွင် ဆက်လက်ထိုးနှံပေးသွားရန်အတွက် စုရပ်များကို ကျန်းမာရေးက အသိပေးထားရှိသည်။
တာချီလိတ်မြို့နယ်အတွင်း၌  သြဂုတ်လ (၃၀)ရက်နေ့တွင် တာချီလိတ်မြို့အပိုင်းဖြစ်သည့် ဝမ်ကောင်းရပ်ကွက်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု နှင့် မိုင်းဟဲကျေးရွာအုပ်စုများတွင်းရှိ သတ်မှတ်နေရာများတွင် ထိုးနှံပေးသွားမည်ဖြစ်သည်။
တာလေမြို့တွင် တာကြန့်ဘုရားကျောင်း နှင့် ရန်ကင်း(၁)စာသင်ကျောင်း အပါအဝင် မိုင်းလင်းကျေးရွာအုပ်စုတွင် အမက(ကျက)စာသင်ကျောင်း နှင့် ကျကဘုရားကျောင်းတို့တွင် ထိုးနှံပေးမည်ဖြစ်ပြီး ကျိုင်းလပ်မြို့တွင် နမ့်ဖြန်ဘုန်းကြီးကျောင်း နှင့် ဝမ်လုံဘုန်းကြီးကျောင်းတို့တွင် ထိုးနှံပေးမည်ဖြစ်သည်။
 
ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အကြောင်းအမျိုးမျိုးကြောင့် ထိုးနှံခဲ့ရခြင်း မရှိသည့် အသက် (၁၅)နှစ်အောက် ကလေးငယ်များကို အမှီလိုက်ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် သြဂုတ်လ (၂၇)ရက်နေ့မှစ၍ (၁၀)ရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~