တာချီလိတ်မြို့အတွင်း လမ်းမီးများလင်းရေးနှင့် ပတ်သက်၍ စည်ပင်နှင့် မီးလင်းရေးကော်မတီများသို့ အကြောင်းကြားနိုင်
တာချီလိတ်မြို့အတွင်း လမ်းမီးများလင်းရေးနှင့် ပတ်သက်၍ စည်ပင်နှင့် မီးလင်းရေးကော်မတီများသို့ အကြောင်းကြားနိုင်
ဇနျနဝါရီ 13, 2019
By Tachileik News Agency
တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် အဓိက လမ်းမကြီးများနှင့် လူအသွားအလာများသည့် လမ်းမများ မီးလင်းရေးအတွက် ဇန်န၀ါရီလတွင် အပြီး စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ရက်ကွက် လမ်းများ မီးလင်းရေးအတွက် လူနေအိမ်ရှိသော နေရာများ၊ လူနေအိမ် မရှိသည့်နေရာများဟု ခွဲခြား စိစစ်ပြီး မီးလင်းရေးအတွက် ဆောင်ရွက်နေရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်လာစေရန် စည်းရုံးဆောင်ရွက်သွားမည်ဟု သိရသည်။
တာချီလိတ်မြို့တွင်းလမ်းများ မီးလင်းရေးအတွက် စည်ပင်သာယာရေးဌာနတွင် သီးသန့်ရန်ပုံငွေမရှိဘဲ ပိုလျှံငွေဖြင့် ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်နေရသဖြင့်  ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက် လာစေရန် စည်းရုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်ပင်သာယာရေးဌာနအနေဖြင့် လမ်းမီးလင်းရေးအတွက် သီးသန့် ရန်ပုံငွေမရှိဘဲ ဌာနမှ ပိုလျှံသည့် ငွေဖြင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလအတွင်း အဓိက လမ်းမကြီးများတွင် မီးသီးများ လဲလှယ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အပြီးဆောင်ရွက်မည်ဟု သိရသည်။
မြို့တွင်း လမ်းမီးများအတွက် ပြည်သူများထံမှ (၆)  လ(သို့မသုတ်)  (၁) နှစ် တစ်ကြိမ် ကောက်ခံထားသည့် မီးခွန်ထဲမှ သုံးစွဲနေပြီး လမ်းမီး အသုံးပြုခအဖြစ် တစ်ယူနစ်လျှင် ကျပ် (၁၀၀) နှုန်းဖြင့် တစ်လလျှင် မီတာခကျပ် (၈) သိန်းကျော် ပေးဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လမ်းမီးများ တပ်ဆင်လိုခြင်း သို့မဟုတ် လမ်းမီးတိုင်များ မီးမလင်းခြင်းများ ဖြစ်နေပါက စည်ပင်သာယာရေးဌာနကို အကြောင်းကြားရန်လိုအပ်ပြီး တာချီလိတ်မြို့နယ်မီးလင်းရေး ကော်မတီကိုလည်း ပူးတွဲပေးပို့ပါက လုပ်ငန်း လုပ်ကိုင်ရန် ပိုမိုမြန်ဆန်မည် ဖြစ်ကြောင်း သိရသည်။
“လမ်းမီးတိုင်ပျက်တယ် ဘာတယ်ဆိုရင်ပေါ့ အစည်းအဝေးမှာဖြစ်ဖြစ် စာပဲဖြစ်ဖြစ် စည်ပင်လည်းပို့။ ကျွန်တော်တို့လည်း ပို့လိုက်ပေါ့။ စည်ပင်ပေးပြီး ကျွန်တော်တို့ မသိဘူးဆိုရင်လည်း ကျွန်တော်တို့ဘက်က အလုပ် လုပ်ဖို့အတွက် မသိဘူးဖြစ်မှာစိုးလို့”ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနအနဖြေင့် အဓိက လမ်းမကြီးများနှင့် လူအသွားအလာများသည့် လမ်းမများ မီးလင်းရေးအတွက် ဇန်နဝါရီလတွင် အပြီး စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ရက်ကွက် လမ်းများ မီးလင်းရေးအတွက် လူနေအိမ်ရှိသော နေရာများ၊ လူနေအိမ် မရှိသည့်နေရာများဟု ခွဲခြား စိစစ်ပြီး မီးလင်းရေးအတွက် ဆောင်ရွက်နေရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်လာစေရန် စည်းရုံးဆောင်ရွက်သွားမည်ဟု သိရသည်။
တာချီလိတ်မြို့တွင်းလမ်းများ မီးလင်းရေးအတွက် စည်ပင်သာယာရေးဌာနတွင် သီးသန့်ရန်ပုံငွေမရှိဘဲ ပိုလျှံငွဖြေင့် ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်နေရသဖြင့် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက် လာစေရန် စည်းရုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“မိန်းလမ်းမကြီးပေါ်ဆိုရင်ပေါ့ မီးတိုင်တစ်တိုင်နဲ့ တစ်တိုင်ကြား အကွာအဝေးကြားမှာ အလင်းရောင်မှိန်တာပေါ့။ သဲသဲကွဲကွဲ မမြင်ရဘူး။ အဲဒါဆို မီးတိုင်နှစ်တိုင်ကြားမှာရှိတဲ့ ဆိုင်တို့ အိမ်တို့ကို အပြင်ဘက် မီးလုံးလေးထွန်း ပေးဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံမှာပေါ့”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန၏ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့က ပြောသည်။
စည်ပင်သာယာရေးဌာနအနဖြေင့် လမ်းမီးလင်းရေးအတွက် သီးသန့် ရန်ပုံငွေမရှိဘဲ ဌာနမှ ပိုလျှံသည့် ငွဖြေင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နပြေီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း အဓိက လမ်းမကြီးများတွင် မီးသီးများ လဲလှယ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အပြီးဆောင်ရွက်မည်ဟု သိရသည်။
မြို့တွင်း လမ်းမီးများအတွက် ပြည်သူများထံမှ (၆) လ(သို့မသုတ်) (၁) နှစ် တစ်ကြိမ် ကောက်ခံထားသည့် မီးခွန်ထဲမှ သုံးစွဲနပြေီး လမ်းမီး အသုံးပြုခအဖြစ် တစ်ယူနစ်လျှင် ကျပ် (၁၀၀) နှုန်းဖြင့် တစ်လလျှင် မီတာခကျပ် (၈) သိန်းကျော် ပေးဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~