တာချီလိတ်သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID Test Kit စစ်ဆေးမှုကို တစ်နေ့ (၂) ကြိမ်ဆောင်ရွက်ပေးမည်

တာချီလိတ်သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID Test Kit စစ်ဆေးမှုကို တစ်နေ့ (၂) ကြိမ်ဆောင်ရွက်ပေးမည်
အောက်တိုဘာ 9, 2020
By Tachileik News Agency

တာချီလိတ်သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID Test Kit စစ်ဆေးမှုကို တစ်နေ့ (၂) ကြိမ်ဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်းသို့ ဝင်ရောက်မည့် ကုန်ပစ္စည်းတင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်မပါဝင်ပါက Rapid Test Kit ဖြင့်စစ်ဆေးပေးခြင်းအား နေ့စဉ် (၂)ကြိမ် ဆောင်ရွက်ပေးနေပြီဖြစ်သည်။
မြို့အဝင်ရှိ မယ်ယန်းစစ်ဆေးရေးဂိတ်၌ ကုန်ပစ္စည်းတင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား test kit ဖြင့်စစ်ဆေးပေးခြင်းအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့၌ စတင်ဆောင်ရွက်ပေးရာ တစ်နေ့အတွင်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၃၇)ဦးကို စစ်ဆေးပေးခဲ့ရပြီး အားလုံးတွင် Negative ရရှိကြောင်း သိရသည်။
"စစ်ဆေးရေးဂိတ်တွေကနေ စစ်ပေးလိုက်တဲ့ COVID 19 Negative ဖြစ်ကြောင်း ထောက်ခံစာမပါရင် စစ်ပေးမယ်။ တစ်ရက်ကို (၂) ကြိမ်စစ်မယ်။ သူတို့ဝင်လာတဲ့အချိန် ချက်ချင်းစစ်ပေးဖို့အတွက် စစ်တဲ့သူအနေနဲ့ တစ်ချိန်လုံးကြီး စစ်နေတာမျိုး မလုပ်နိုင်ဘူးပေါ့။ အပြင်မှာ PPE ဝတ်စုံကြီးနဲ့တစ်ချိန်လုံးနေဖို့ဆိုတာ မလွယ်ဘူး။ တစ်ယောက်လာတယ် PPE တစ်ခါဝတ်ပြီးစစ်တယ်။ ပြန်ချွတ်တယ်။ နောက်တစ်ယောက်လာတယ်။ နောက်တစ်ကြိမ်ပြန်ဝတ်တယ်ဆိုတာလည်း မလုပ်နိုင်ဘူး။ ဒီတော့ တစ်ရက်ကို (၂)ကြိမ်ခွဲပြီး စစ်ပေးမယ်" ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တာချီလိတ်မြို့တွင်းဝင်မည့် မော်တော်ယာဉ်များနှင့် ခရီးသည်များအနေဖြင့် မည်သည့်ဒေသမှ လာရောက်ကြောင်း မိမိလာခဲ့သည့်ဒေသမှ ရပ်ကွက်ထောက်ခံစာများ ပါဝင်ရမည်ဖြစ်ပြီး ရှမ်းပြည်နယ်ပြင်ပမှ လာရောက်သူအားလုံးကို facility quarantine တွင် (၁၄)ရက်ထားရှိသော်လည်း ကုန်စည်စီးဆင်းမှု မပြတ်စေရန်အတွက် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား rapid test kit ဖြင့် စစ်ဆေးပေးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~