တာခ်ီလိတ္ဘက္ တိမ္းေရွာင္လာသျဖင့္ ဖမ္းဆီးကာ ထိုင္းဘက္သို႔ ျပန္လႊဲေပးလုိက္သည့္ ထုိင္းႏုိင္ငံမွ လူသတ္တရားခံ (၄)ဦးအေပၚ ပစ္ဒဏ္ေလွ်ာ့ခ်ျခင္းႏွင့္ပတ္သက္၍ တရားလိုဘက္က တရားရံုးသို႔ ျပန္တင္ျပထား

တာခ်ီလိတ္ဘက္ တိမ္းေရွာင္လာသျဖင့္ ဖမ္းဆီးကာ ထိုင္းဘက္သို႔ ျပန္လႊဲေပးလုိက္သည့္ ထုိင္းႏုိင္ငံမွ လူသတ္တရားခံ (၄)ဦးအေပၚ ပစ္ဒဏ္ေလွ်ာ့ခ်ျခင္းႏွင့္ပတ္သက္၍ တရားလိုဘက္က တရားရံုးသို႔ ျပန္တင္ျပထား
စက်တင်ဘာ 30, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံ ခြန္ကဲန္ၿမိဳ႕ ကာရာအိုေကမွ အမ်ိုးသမီးတစ္ဦးကို သတ္ၿပီးအေလာင္းေဖ်ာက္ဖ်က္ခဲ့သည့္ အမ်ိဳးသမီး (၃)ဦးႏွင့္ အမ်ိဳးသား (၁)ဦးတုိ႔အား ျပစ္ဒဏ္ သံုးပံုတစ္ပံုအထိ ေလွ်ာ့ခ်ခံစားခြင့္ေပးျခင္းႏွင့္ ပတ္သက္၍ တရားလိုဘက္က တရားရံုးထံ တင္ျပေလွ်ာက္ထားမႈကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၃၀)ရက္ေန႔တြင္ ခြန္ကဲန္တရားရံုးက ဖတ္ၾကားေနၿပီျဖစ္သည္။

ခြန္ကဲန္ကာရာအိုေကမွ အမ်ိဳးသမီး (၃)ဦးက ၎တုိ႔၏ ရည္းစားတစ္ဦး မူးယစ္ေဆးေရာင္းဝယ္သည္ကို ရဲထံသတင္းေပးခဲ့သည္ဟုဆိုကာ အလုပ္အတူလုပ္ေနသည့္ အမ်ိဳးသမီးတစ္ဦးကို ၂၀၁၇ ခုႏွစ္၊ ေမလ (၂၃)ရက္ေန႔က သတ္ၿပီး ခႏၶာကိုယ္ကို အပိုင္းပိုင္းျဖတ္ကာ စည္ပိုင္းအတြင္းထည့္သြင္း ျမဳပ္ႏွံထားခဲ့သျဖင့္ က်ဴးလြန္သည့္ အမ်ိဳးသမီး (၃)ဦးႏွင့္ ကူညီသည့္ အမ်ိဳးသား (၁)ဦးတုိ႔ကို တစ္ႏွစ္အၾကာတြင္ တရားရံုးက ျပစ္ဒဏ္အသီးသီး ခ်မွတ္ထားခဲ့ျခင္းျဖစ္သည္။

လူသတ္မႈက်ဴးလြန္ခဲ့သည့္ အမ်ိဳးသမီး (၂) ဦးကို ေထာင္ဒဏ္ (၁၂၇)ႏွစ္ ခ်မွတ္ခဲ့ျခင္းျဖစ္ေသာ္လည္း ၎တို႔၏ ပူးေပါင္း ေဆာင္ရြက္မႈႏွင့္ လူသတ္ရန္ႀကိဳတင္ႀကံစည္မႈမရိွဘဲ သတ္မိခဲ့ျခင္းျဖစ္သည္ဟုဆိုကာ ျပစ္ဒဏ္ကို ေထာင္ဒဏ္ (၃၄)ႏွစ္ႏွင့္ (၆)လစီက်ခံရန္ အသီးသီးေလွ်ာ့ခ်ေပးလုိက္ျခင္းျဖစ္သည္။

က်န္အမ်ိဳးသမီးတစ္ဦးက ကားေပၚတြင္ အတူပါသြားေသာ္လည္း လူသတ္မႈက်ဴးလြန္စဥ္ ပါဝင္ျခင္းမရိွဘဲ ေသဆံုးသြားသူအား ျဖတ္ေတာက္ျမဴပ္ႏွံရန္ကူညီသူျဖစ္သည္ဟုဆိုကာ ေထာင္ဒဏ္ (၃၃)ႏွစ္ႏွင့္ (၉)လအထိ ျပစ္ဒဏ္ေလွ်ာ့ခ်ေပးထားခဲ့ျခင္းျဖစ္သည္။

လူသတ္မႈက်ဴးလြန္သူမ်ားႏွင့္ အေဖၚလုိက္ေပးၿပီး ကူညီေပးခဲ့သည့္ အမ်ိဳးသားကို ေထာင္ဒဏ္ (၂၃)ႏွစ္၊ (၄)လႏွင့္ ရက္ေပါင္း (၂၀) ေထာင္ဒဏ္က်ခံရန္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရျခင္းျဖစ္သည္။

ျပစ္မႈက်ဴးလြန္သူမ်ားသည္ လူသတ္မႈကို ႀကိဳတင္ႀကံစဥ္ၿပီး က်ဴးလြန္ခဲ့ၾကသျဖင့္ ယင္းကဲ့သို႔ ျပစ္ဒဏ္မ်ားကို သံုးပံုတစ္ပံုအထိ ေလွ်ာ့ခ်ေပးလုိက္ျခင္းႏွင့္ပတ္သက္၍ တရားရံုးသို႔ ျပန္လည္တင္ျပထားျခင္းျဖစ္ေၾကာင္း တရားလို၏ေရွ႕ေနျဖစ္သူက မီဒီယာမ်ားသို႔ ေျပာၾကားထားသည္။

လူသတ္တရားခံ ေလးဦးမွ အမ်ိဳးသမီးႏွစ္ဦးသည္ တာခ်ီလိတ္ၿမိဳ႕သုိ႔ ထြက္ေျပးတိမ္းေရွာင္လာေၾကာင္း  ျမန္မာ - ထိုင္းနယ္ျခားေကာ္မတီ(ျမန္မာဘက္)သို႔ ၂၀၁၇ ခုႏွစ္ ေမလ(၂၉)ရက္ေန႔ ညေနပိုင္းက ထိုင္းႏိုင္ငံမွ အခ်က္အလက္မ်ား ေပးပို႔ကာ အကူအညီေတာင္းခံလာခဲ့ရာ   တာခ်ီလိတ္ရဲတပ္ဖြဲ႕က ၂၀၁၇ ခုႏွစ္၊ ဇြန္လ (၅)ရက္ေန႔တြင္ ဖမ္းဆီးၿပီး (၂၄)နာရီအတြင္း ထုိင္းႏုိင္ငံသို႔ ျပန္လည္လႊဲေျပာင္း ေပးခဲ့ရျခင္းျဖစ္သည္။

Tachileik News Agency
Ref; mgronlin
Photo: Dailyuk, mgronlin

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံ ခွန်ကဲန်မြို့ ကာရာအိုကေမှ အမျိုးသမီးတစ်ဦးကို သတ်ပြီးအလောင်းဖျောက်ဖျက်ခဲ့သည့် အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၁)ဦးတို့အား ပြစ်ဒဏ် သုံးပုံတစ်ပုံအထိ လျှော့ချခံစားခွင့်ပေးခြင်းနှင့် ပတ်သက်၍ တရားလိုဘက်က တရားရုံးထံ တင်ပြလျှောက်ထားမှုကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့တွင် ခွန်ကဲန်တရားရုံးက ဖတ်ကြားနပြေီဖြစ်သည်။

ခွန်ကဲန်ကာရာအိုကေမှ အမျိုးသမီး (၃)ဦးက၎င်းတို့၏ ရည်းစားတစ်ဦး မူးယစ်ဆေးရောင်းဝယ်သည်ကို ရဲထံသတင်းပေးခဲ့သည်ဟုဆိုကာ အလုပ်အတူလုပ်နေသည့် အမျိုးသမီးတစ်ဦးကို ၂၀၁၇ ခုနှစ်၊ မေလ (၂၃)ရက်နေ့က သတ်ပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ကာ စည်ပိုင်းအတွင်းထည့်သွင်း မြုပ်နှံထားခဲ့သဖြင့် ကျူးလွန်သည့် အမျိုးသမီး (၃)ဦးနှင့် ကူညီသည့် အမျိုးသား (၁)ဦးတို့ကို တစ်နှစ်အကြာတွင် တရားရုံးက ပြစ်ဒဏ်အသီးသီး ချမှတ်ထားခဲ့ခြင်းဖြစ်သည်။

လူသတ်မှုကျူးလွန်ခဲ့သည့် အမျိုးသမီး (၂) ဦးကို ထောင်ဒဏ် (၁၂၇)နှစ် ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း၎င်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် လူသတ်ရန်ကြိုတင်ကြံစည်မှုမရှိဘဲ သတ်မိခဲ့ခြင်းဖြစ်သည်ဟုဆိုကာ ပြစ်ဒဏ်ကို ထောင်ဒဏ် (၃၄)နှစ်နှင့် (၆)လစီကျခံရန် အသီးသီးလျှော့ချပေးလိုက်ခြင်းဖြစ်သည်။

ကျန်အမျိုးသမီးတစ်ဦးက ကားပေါ်တွင် အတူပါသွားသော်လည်း လူသတ်မှုကျူးလွန်စဉ် ပါဝင်ခြင်းမရှိဘဲ သေဆုံးသွားသူအား ဖြတ်တောက်မြူပ်နှံရန်ကူညီသူဖြစ်သည်ဟုဆိုကာ ထောင်ဒဏ် (၃၃)နှစ်နှင့် (၉)လအထိ ပြစ်ဒဏ်လျှော့ချပေးထားခဲ့ခြင်းဖြစ်သည်။

လူသတ်မှုကျူးလွန်သူများနှင့် အဖော်လိုက်ပေးပြီး ကူညီပေးခဲ့သည့် အမျိုးသားကို ထောင်ဒဏ် (၂၃)နှစ်၊ (၄)လနှင့် ရက်ပေါင်း (၂၀) ထောင်ဒဏ်ကျခံရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူများသည် လူသတ်မှုကို ကြိုတင်ကြံစဉ်ပြီး ကျူးလွန်ခဲ့ကြသဖြင့် ယင်းကဲ့သို့ ပြစ်ဒဏ်များကို သုံးပုံတစ်ပုံအထိ လျှော့ချပေးလိုက်ခြင်းနှင့်ပတ်သက်၍ တရားရုံးသို့ ပြန်လည်တင်ပြထားခြင်းဖြစ်ကြောင်း တရားလို၏ရှေ့နဖြေစ်သူက မီဒီယာများသို့ ပြောကြားထားသည်။

လူသတ်တရားခံ လေးဦးမှ အမျိုးသမီးနှစ်ဦးသည် တာချီလိတ်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း မြန်မာ - ထိုင်းနယ်ခြားကော်မတီ(မြန်မာဘက်)သို့ ၂၀၁၇ ခုနှစ် မေလ(၂၉)ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံမှ အချက်အလက်များ ပေးပို့ကာ အကူအညီတောင်းခံလာခဲ့ရာ တာချီလိတ်ရဲတပ်ဖွဲ့က ၂၀၁၇ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ဖမ်းဆီးပြီး (၂၄)နာရီအတွင်း ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
Ref; mgronlin
Photo: Dailyuk, mgronlin

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net