ေခတၱရပ္ဆုိင္းရန္စီစဥ္ထားသည့္ လားရႈိး - မႏၲေလး မီးရထားခရီးစဥ္ ပုံမွန္အတုိိင္းျပန္လည္ေျပးဆြဲမည္

ေခတၱရပ္ဆုိင္းရန္စီစဥ္ထားသည့္ လားရႈိး - မႏၲေလး မီးရထားခရီးစဥ္ ပုံမွန္အတုိိင္းျပန္လည္ေျပးဆြဲမည္
သြဂုတ် 16, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိး-မႏၲေလးလမ္းပိုင္းမွ မိုင္းခြဲခံထားရသည့္ ဂုတ္တြင္းတံတား ျပဳျပင္ေနစဥ္ ေမာ္ေတာ္ယာဥ္လမ္းေၾကာင္း ပိတ္ထားရသည့္အတြက္ လမ္းခရီးလံုၿခံဳေရးအေျခအေနေၾကာင့္ ရပ္ဆုိင္းထားမည့္ မီးရထားခရီးစဥ္ကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၇)ရက္ေန႔မွစ၍ ျပန္လည္ ေျပးဆြဲေပးသြားမည္ျဖစ္သည္။


“ တုိက္ပြဲျဖစ္တဲ့ေန႔က ရထားက လားရိႈးကထြက္သြားၿပီး သီေပါေရာက္မွ တုိက္ပြဲေၾကာင့္ ေရွ႕ဆက္မသြားရဘဲ ျပန္လွည့္လာရေတာ့ မေန႔ကလည္း နားထားတယ္။ ဒီေန႔မနက္အထိ လံုၿခံဳေရးယူေပးမယ့္အေျခအေန ေသခ်ာမသိေသးလို႔ဆိုၿပီးေတာ့ ရထားထြက္မယ့္ရက္ကို ျပန္လည္ေၾကညာပါမယ္ဆိုၿပီး ေရးထားတာ။ ညေနေရာက္မွ ရထားထြက္ျဖစ္မယ္ေၾကညာေတာ့ အဲဒီမွာ လူေတြက တန္းစီကုန္ေတာ့တာ။ ခါတုိင္းက ရထားလက္မွတ္ ႀကိဳမေရာင္းဘူး။ ဒီေန႔ေတာ့ ေရာင္းေပးတယ္”ဟု လားရိႈးၿမိဳ႕ခံတစ္ဦးျဖစ္သည့္ ကိုေနမ်ိဳးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။ 


လားရိႈး - မႏၱေလး ရထားခရီးစဥ္လက္မွတ္မ်ားကို လားရိႈးဘူတာတြင္ ပံုမွန္အားျဖင့္ နံနက္ (၃)နာရီတြင္ စတင္ေရာင္းခ်ၿပီး နံနက္(၅)နာရီတြင္ ရထားထြက္ခြာျခင္းျဖစ္ေၾကာင္း သိရသည္။


မႏၱေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)  ျပည္ေထာင္စုလမ္းမႀကီးတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔ နံနက္ပိုင္းက TNLA၊ AA ႏွင့္ MNDAA ပူးေပါင္းအဖြဲ႕က တုိက္ခုိက္မႈေၾကာင့္ တပ္မေတာ္ႏွင့္ တုိက္ပြဲမ်ားျဖစ္ပြားၿပီးေနာက္ ဂုတ္တြင္းလမ္းပိုင္းမွ ဂုတ္တြင္းတံတားမွာ မိုင္းခြဲတိုက္ခိုက္ခံရျခင္းျဖစ္သည္။


အဆိုပါတံတားပ်က္စီးသြားသျဖင့္ မႏၱေလး - လားရိႈးကားလမ္းျပတ္ေတာက္သြားရာ လားရိႈးမွ ၿမိဳ႕အသီးသီးသို႔ ေျပးဆြဲေနသည့္ ေလေၾကာင္းခရီးစဥ္မ်ားမွာ ၾသဂုတ္လ (၂၂)ရက္ေန႔အထိ လက္မွတ္မ်ားျပည့္သြားသည့္အျပင္ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းက လားရိႈး - မႏၱေလးႏွင့္ လားရိႈး - ရန္ကုန္ခရီးစဥ္ (၂)ေၾကာင္းကိုလည္း အထူးခရီးစဥ္အျဖစ္ ထပ္တိုးေျပးဆြဲေပးရန္ စီစဥ္ထားေၾကာင္း သိရသည္။


Tachileik News Agency

ဓါတ္ပံု - ေနမ်ိဳး


~~~~~~~~⊰❂ Unicode Version ~~~~~~~~
ခေတ္တရပ်ဆိုင်းရန်စီစဉ်ထားသည့် လားရှိုး - မန္တလေး မီးရထားခရီးစဉ် ပုံမှန်အတိုိင်းပြန်လည်ပြေးဆွဲမည်
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး-မန္တလေးလမ်းပိုင်းမှ မိုင်းခွဲခံထားရသည့် ဂုတ်တွင်းတံတား ပြုပြင်နေစဉ် မော်တော်ယာဉ်လမ်းကြောင်း ပိတ်ထားရသည့်အတွက် လမ်းခရီးလုံခြုံရေးအခြေအနေကြောင့် ရပ်ဆိုင်းထားမည့် မီးရထားခရီးစဉ်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့မှစ၍ ပြန်လည် ပြေးဆွဲပေးသွားမည်ဖြစ်သည်။

“ တိုက်ပွဲဖြစ်တဲ့နေ့က ရထားက လားရှိုးကထွက်သွားပြီး သီပေါရောက်မှ တိုက်ပွဲကြောင့် ရှေ့ဆက်မသွားရဘဲ ပြန်လှည့်လာရတော့ မနေ့ကလည်း နားထားတယ်။ ဒီနေ့မနက်အထိ လုံခြံုရေးယူပေးမယ့်အခြေအနေ သေချာမသိသေးလို့ဆိုပြီးတော့ ရထားထွက်မယ့်ရက်ကို ပြန်လည်ကြေညာပါမယ်ဆိုပြီး ရေးထားတာ။ ညနေရောက်မှ ရထားထွက်ဖြစ်မယ်ကြေညာတော့ အဲဒီမှာ လူတွေက တန်းစီကုန်တော့တာ။ ခါတိုင်းက ရထားလက်မှတ် ကြိုမရောင်းဘူး။ ဒီနေ့တော့ ရောင်းပေးတယ်”ဟု လားရှိုးမြို့ခံတစ်ဦးဖြစ်သည့် ကိုနေမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုး - မန္တလေး ရထားခရီးစဉ်လက်မှတ်များကို လားရှိုးဘူတာတွင် ပုံမှန်အားဖြင့် နံနက် (၃)နာရီတွင် စတင်ရောင်းချပြီး နံနက်(၅)နာရီတွင် ရထားထွက်ခွာခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)  ပြည်ထောင်စုလမ်းမကြီးတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ နံနက်ပိုင်းက TNLA၊ AA နှင့် MNDAA ပူးပေါင်းအဖွဲ့က တိုက်ခိုက်မှုကြောင့် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဂုတ်တွင်းလမ်းပိုင်းမှ ဂုတ်တွင်းတံတားမှာ မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

အဆိုပါတံတားပျက်စီးသွားသဖြင့် မန္တလေး - လားရှိုးကားလမ်းပြတ်တောက်သွားရာ လားရှိုးမှ မြို့အသီးသီးသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်များမှာ သြဂုတ်လ (၂၂)ရက်နေ့အထိ လက်မှတ်များပြည့်သွားသည့်အပြင် ခရီးသွားလုပ်ငန်းရှင်များအသင်းက လားရှိုး - မန္တလေးနှင့် လားရှိုး - ရန်ကုန်ခရီးစဉ် (၂)ကြောင်းကိုလည်း အထူးခရီးစဉ်အဖြစ် ထပ်တိုးပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - နေမျိုး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net