မိုးမိတ္ေလယာဥ္ကြင္း ျပန္လည္အသံုးျပဳႏုိင္ေရး ျပည္နယ္အစိုးရအဖြဲ႕ ကြင္းဆင္းစစ္ေဆး

မိုးမိတ္ေလယာဥ္ကြင္း ျပန္လည္အသံုးျပဳႏုိင္ေရး ျပည္နယ္အစိုးရအဖြဲ႕ ကြင္းဆင္းစစ္ေဆး
မေ 22, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မိုးမိတ္ၿမိဳ႕ရိွ ေလယာဥ္ကြင္းအေဟာင္းအား ျပန္လည္ျပဳျပင္အသံုးျပဳႏိုင္ရန္ ျပည္နယ္အစိုးရအဖြဲ႔ဝန္ႀကီးခ်ဳပ္ႏွင့္အဖြဲ႕က ၂၀၁၈ ခုႏွစ္ ေမလ (၂၂)ရက္ေန႔တြင္ ကြင္းဆင္းစစ္ေဆးေၾကာင္း သိရသည္။

 “ေဒသခံေတြက ရိွထားတဲ့ေလယာဥ္ကြင္းေဟာင္းကို ျပန္ျပဳျပင္ၿပီး ေလယာဥ္ဆင္းသက္ အသံုးျပဳခြင့္ရေအာင္ တင္ျပခ်က္ေတြရိွလို႔ သြားေရာက္စစ္ေဆးတာပါ။ မိုးမိတ္၊ မဘိမ္းဆိုတာက ရွမ္းျပည္နယ္ေျမာက္ပိုင္းဆိုေပမဲ့ က်န္းမာေရး၊ စီးပြားေရးကူးသန္းေရးကေတာ့ မႏၱေလးနဲ႔ ဆက္သြယ္တာမ်ားပါတယ္”ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္နယ္အစိုးရအဖဲြ႔ဝင္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္အတူ ျပည္နယ္ဝန္ႀကီးမ်ားျဖစ္ၾကသည့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံု၊ လယ္ယာစိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလံုေက်ာ္ ၊ စည္ပင္သာယာေရးဝန္ႀကီး ဦးစြံစိုင္းႏွင့္ လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗုိလ္မွဴးႀကီးႏုိင္ဝင္းေအာင္၊ သက္ဆိုင္ရာဌာနတာဝန္ရိွသူမ်ား လုိက္ပါသည့္အဖြဲ႕က ကြင္းဆင္းစစ္ေဆးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #အင္မိုင္ခ
ဓါတ္ပံု #MA

~~~~~~~~⊰❂ unicode ~~~~~~~~
မိုးမိတ်လေယာဉ်ကွင်း ပြန်လည်အသုံးပြုနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ ကွင်းဆင်းစစ်ဆေး
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့ရှိ လေယာဉ်ကွင်းအဟောင်းအား ပြန်လည်ပြုပြင်အသုံးပြုနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့က ၂၀၁၈ ခုနှစ် မေလ (၂၂)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

 “ဒေသခံတွေက ရှိထားတဲ့လေယာဉ်ကွင်းဟောင်းကို ပြန်ပြုပြင်ပြီး လေယာဉ်ဆင်းသက် အသုံးပြုခွင့်ရအောင် တင်ပြချက်တွေရှိလို့ သွားရောက်စစ်ဆေးတာပါ။ မိုးမိတ်၊ မဘိမ်းဆိုတာက ရှမ်းပြည်နယ်မြောက်ပိုင်းဆိုပေမဲ့ ကျန်းမာရေး၊ စီးပွားရေးကူးသန်းရေးကတော့ မန္တလေးနဲ့ ဆက်သွယ်တာများပါတယ်”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်အတူ ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစွံစိုင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဝင်းအောင်၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ လိုက်ပါသည့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #အင်မိုင်ခ
ဓါတ်ပုံ #MA

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~