“ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် တိုင်းတရားရုံး စတင်ဖွင့်လှစ်

“ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် တိုင်းတရားရုံး စတင်ဖွင့်လှစ်
ဇန်နဝါရီ 12, 2020
By Tachileik News Agency
“ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် တိုင်းတရားရုံး စတင်ဖွင့်လှစ်

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဖြစ်သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဟိုပန်မြို့နယ်၊ ဟိုပန်မြို့တွင် တိုင်းတရားရုံးကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ နံနက်က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးဖွင့်ပွဲကို ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်စိုးယု၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံအောင်၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ဝင် ဦးခွန်စိန်နှင့် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး ဦးခင်ဇော်ဦးတို့ တက်ရောက်ဖွင့်လှစ်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့်အဖွဲ့သည် ဇန်နဝါရီလ (၁၀)ရက်နေ့က ဟိုပန်မြို့မ ရဲအချုပ်စခန်းအား စစ်ဆေးခြင်း၊ ဇန်နဝါရီလ (၁၁)ရက်နေ့၌ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လောက်ကိုင်မြို့နယ်ရှိ တရားရုံးများ၊ လောက်ကိုင်မြို့မရဲအချုပ်စခန်းတို့ကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ရှမ်းပြည်နယ်အတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် “ ဝ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတို့ကို သတ်မှတ်ပေးထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ရှမ်းပြည်နယ်တရားလွှတ်တော်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~