ကွတ်ခိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် နှစ်ဖက် ပစ်ခတ်မှုနှင့် ပတ်သတ်၍ TNLA နှင့် SSPP တို့အကြား ပြေလည်မှုရရှိ

ကွတ်ခိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် နှစ်ဖက် ပစ်ခတ်မှုနှင့် ပတ်သတ်၍ TNLA နှင့် SSPP တို့အကြား ပြေလည်မှုရရှိ
အောက်တိုဘာ 8, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တအာင်းပလောင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရှမ်းပြည်တိုးတက်ရေးတပ်မတော် (SSA)တို့ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကို နှစ်ဖက်ဆွေးနွေးကာ ပြေလည်မှုရရှိခဲ့ကြောင်း နှစ်ဖက်အဖွဲ့အစည်းက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကွက်ခိုင်မြို့နယ်၊ မိုင်းယုလေးဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၃)ရက်နေ့က TNLAနှင့် SSPPတို့အကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့်ပတ်သက်၍ အောက်တိုဘာလ (၆)ရက်နေ့နှင့် (၇)ရက်နေ့တို့တွင် နှစ်ဖက်တာဝန်ရှိတို့ တွေ့ဆုံဆွေးနွေးကာ ပြေလည်မှုရရှိခဲ့ခြင်းဖြစ်သည်။

အချင်းချင်း နားလည်မှုလွဲမှားခြင်းကြောင့် မဟာမိတ်အဖွဲ့အစည်းအကြား မိတ်ဖက် ပဋိပက္ခသာဖြစ်ပြီး ဖြစ်ပွားခဲ့သည်များကို အပြန်အလှန် သင်ပုန်းချေပြီး နောက်နောင်ထပ်မံမဖြစ်ပွားစေရန်အတွက် သင်ခန်းစာယူနိုင်ရန် ဆွေးနွေးညှိနှိုင်း ဖြေရှင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် မဟာမိတ် အဖွဲ့အစည်း နှစ်ဖွဲ့အကြား သဘောတူထားသည့် နိုင်ငံရေး၊ စစ်ရေး သဘောတူညီချက်များကို အပြန်အလှန် စောင့်ထိန်းကြပြီး အမျိုးသားလွတ်မြောက်ရေး ၊ တော်လှန်ရေးလုပ်ငန်းများ အမြန်အောင်မြင်နိုင်ရန်အတွက် နှစ်ဖက်အဖွဲ့အစည်းအကြား အဆင့်ဆင့်သော လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ပြဿနာ ပေါ်ပေါက်လာပါက မဟာမိတ်အဖွဲ့အစည်းအချင်းချင်း အကောင်းဆုံး တွေ့ဆုံညှိနှိုင်းဖြေရှင်းကြရန်နှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဖော်ဆောင်ကြရန် သဘောတူဆုံးဖြတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency