သက္ငယ္မုဒိမ္းမႈပေပ်ာက္ေရး ႏွင့္ ကေလးသူငယ္မ်ား၏ ပတ္ဝန္းက်င္ လံုၿခံဳမႈဖန္တီးေပးႏိုင္ေရးတို႔အတြက္ လားရႈိးတြင္ ဆႏၵထုတ္ေဖာ္

သက္ငယ္မုဒိမ္းမႈပေပ်ာက္ေရး ႏွင့္ ကေလးသူငယ္မ်ား၏ ပတ္ဝန္းက်င္ လံုၿခံဳမႈဖန္တီးေပးႏိုင္ေရးတို႔အတြက္ လားရႈိးတြင္ ဆႏၵထုတ္ေဖာ္
ဇူလိုင် 14, 2019
By Tachileik News Agency

သက္ငယ္မုဒိမ္းမႈပေပ်ာက္ေရး၊ ကေလးသူငယ္မ်ား၏ပတ္ဝန္းက်င္ လံုၿခံဳမႈဖန္တီးေပးႏိုင္ေရးတို႔အတြက္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၁၄) ရက္ေန႔ နံနက္ပိုင္းက ရွမ္းျပည္နယ္( ေျမာက္ပိုင္း ) လားရိႈးၿမိဳ႕တြင္ ဆႏၵထုတ္ေဖၚၾကသည္။

"အဓိက က ျမန္မာႏိုင္ငံ ေဒသအသီးသီးမွာျဖစ္ေပၚေနတဲ့ မုဒိမ္းမႈေတြပေပ်ာက္ေရးအတြက္ လုပ္ေဆာင္ေနျခင္း ျဖစ္တယ္။ ေလာေလာဆယ္ သိသာထင္ရွားတဲ့အမႈတစ္ခုျဖစ္တဲ့ Victoria အမႈက မီးစတစ္ခုလိုျဖစ္တယ္။ ႏိုင္ငံ အႏွံ႔က မုဒိမ္းမႈေတြနဲ႔ ပတ္သက္လို႔ ျပည္သူေတြခံစားေနရတာက ယမ္းေတြလိုျဖစ္တယ္။ ဒါေၾကာင့္ ယမ္းပံု မီးက် ဆိုသလို အဲဒီအမႈနဲ႔ပတ္သက္ၿပီး အခုခ်ိန္ထိသက္ဆိုင္ရာက ေျဖရွင္းခ်က္ေတြက တရားမွ်တမႈမရွိဘူးလို႔ ခံစားရတဲ့အတြက္ အခုလို ဆႏၵထုတ္ေဖၚမႈျပဳလုပ္တာျဖစ္ပါတယ္" ဟု ဆႏၵထုတ္ေဖၚမႈတြင္ ပါဝင္သူတစ္ဦးျဖစ္သည့္ လားရိႈးတကၠသိုလ္ ဒသနိကေဗဒဌာန ပါေမာကၡ ေဒါက္တာမ်ိဳးသန္႔ထြန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသုိ႔ ေျပာသည္။

ဆႏၵထုတ္ေဖၚသူမ်ားက လားရိႈးၿမိဳ႕ အမွတ္ (၄) ရပ္ကြက္ ပုဗၺာရံုေက်ာင္းတိုက္ေရွ႕မွ ဘူတာလမ္းႏွင့္ ဗ်ဴဟာလမ္း လမ္းဆံုအထိ စီတန္းလွည့္လည္ဆႏၵထုတ္ေဖၚၾကကာ Victoria အမႈအား အမွန္အတိုင္းေဖၚထုတ္ျပသေပးရန္၊ သက္ငယ္မုဒိမ္းမႈပေပ်ာက္ေရး၊ ကေလးသူငယ္မ်ားအတြက္ လြတ္လပ္လံုၿခံဳေသာပတ္ဝန္းက်င္ဖန္တီးေပးေရး၊ လူတိုင္းအတြက္ တရားမ်ွတမႈ ရရွိေအာင္ ေဆာင္ရြက္ေပးေရး စသည္တို႔ကို ေၾကြးေၾကာ္ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖၚမႈအတြက္ သက္ဆိုင္ရာဌာနမ်ားသို႔ လူဦးေရ (၁၀၀၀) အထိ ခြင့္ျပဳခ်က္ရယူလုပ္ေဆာင္ျခင္းျဖစ္ၿပီး စီတန္းလွည့္လည္ဆႏၵထုတ္ေဖၚရာ တစ္ေလွ်ာက္၌ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ ( လားရိႈး ) ႏွင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႔ ( လားရိႈး)မွ လံုၿခံဳေရးေဆာင္ရြက္ေပးထားသည္ကို ေတြ႔ရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

သက်ငယ်မုဒိမ်းမှုပပျောက်ရေး၊ ကလေးသူငယ်များ၏ပတ်ဝန်းကျင် လုံခြုံမှုဖန်တီးပေးနိုင်ရေးတို့အတွက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့တွင် ဆန္ဒထုတ်ဖော်ကြသည်။

"အဓိက က မြန်မာနိုင်ငံ ဒေသအသီးသီးမှာဖြစ်ပေါ်နေတဲ့ မုဒိမ်းမှုတွေပပျောက်ရေးအတွက် လုပ်ဆောင်နခြေင်း ဖြစ်တယ်။ လောလောဆယ် သိသာထင်ရှားတဲ့အမှုတစ်ခုဖြစ်တဲ့ Victoria အမှုက မီးစတစ်ခုလိုဖြစ်တယ်။ နိုင်ငံ အနှံ့က မုဒိမ်းမှုတွေနဲ့ ပတ်သက်လို့ ပြည်သူတွေခံစားနေရတာက ယမ်းတွေလိုဖြစ်တယ်။ ဒါကြောင့် ယမ်းပုံ မီးကျ ဆိုသလို အဲဒီအမှုနဲ့ပတ်သက်ပြီး အခုချိန်ထိသက်ဆိုင်ရာက ဖြေရှင်းချက်တွေက တရားမျှတမှုမရှိဘူးလို့ ခံစားရတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်မှုပြုလုပ်တာဖြစ်ပါတယ်" ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူတစ်ဦးဖြစ်သည့် လားရှိုးတက္ကသိုလ် ဒသနိကဗေဒဌာန ပါမောက္ခ ဒေါက်တာမျိုးသန့်ထွန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဆန္ဒထုတ်ဖော်သူများက လားရှိုးမြို့ အမှတ် (၄) ရပ်ကွက် ပုဗ္ဗာရုံကျောင်းတိုက်ရှေ့မှ ဘူတာလမ်းနှင့် ဗျူဟာလမ်း လမ်းဆုံအထိ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ကြကာ Victoria အမှုအား အမှန်အတိုင်းဖော်ထုတ်ပြသပေးရန်၊ သက်ငယ်မုဒိမ်းမှုပပျောက်ရေး၊ ကလေးသူငယ်များအတွက် လွတ်လပ်လုံခြုံသောပတ်ဝန်းကျင်ဖန်တီးပေးရေး၊ လူတိုင်းအတွက် တရားမျှတမှု ရရှိအောင် ဆောင်ရွက်ပေးရေး စသည်တို့ကို ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုအတွက် သက်ဆိုင်ရာဌာနများသို့ လူဦးရေ (၁၀၀၀) အထိ ခွင့်ပြုချက်ရယူလုပ်ဆောင်ခြင်းဖြစ်ပြီး စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ရာ တစ်လျှောက်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ( လားရှိုး ) နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ( လားရှိုး)မှ လုံခြုံရေးဆောင်ရွက်ပေးထားသည်ကို တွေ့ရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net