ကျောက်မဲမြို့တွင် ဂိုထောင်ဆောက်ရန် ကျင်းတူးရာမှ ဗုံးသီးဟောင်းတွေ့

ကျောက်မဲမြို့တွင် ဂိုထောင်ဆောက်ရန် ကျင်းတူးရာမှ ဗုံးသီးဟောင်းတွေ့
စက်တင်ဘာ 22, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် ဂိုထောင်ဆောက်ရန် ကျင်းတူးရာမှ ဗုံးသီးဟောင်းတွေ့
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ အမှတ် (၇)ရပ်ကွက်တွင် စက်တင်ဘာလ (၂၂)ရက် နေ့လည်ပိုင်းက ဂိုထောင်ဆောက်ရန် လိုင်းကျင်းတူးရာမှ ဗုံးသီးဟောင်းတစ်လုံးအားတွေ့ရှိသဖြင့် သက်ဆိုင်ရာက လာရောက်ဖေါက်ခွဲ ဖျက်ဆီးပေးခဲ့ရကြောင်း သိရသည်။
စက်တင်ဘာ (၂၂)ရက် မွန်းလွဲ (၁၂)နာရီခွဲဝန်းကျင်အချိန်က အမှတ် (၇)ကွက်ရှိ လူနေအိမ်တစ်ခုတွင် ဂိုထောင် ဆောက်ရန် လိုင်းကျင်းတူးရာမှ ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့ရာ ကျောက်မဲရှိ စကခ(၁) ကျောက်မဲ၊ လက်အောက်ခံ စအရ ( ၉၁၂ )၊ တပ်ခွဲ( ၂ )မှ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့သည်။
အဆိုပါ ဗုံးသီးသည် ဆွေးမြေ့ ဟောင်းနွမ်းနေပြီး ပင်ဖြုတ်ထားသော ၆၀ မမ ဗုံးသီးဟောင်း တစ်လုံးဖြစ်ကာ ပေါက်ကွဲမည်ကို စိုးရိမ်ရသည့်အတွက် ကျောက်မဲခရိုင်ရဲရုံးအနီး အန္တရာယ် ကင်းလွတ်သော နေရာတွင် မွန်းလွဲ (၁)နာရီ (၂၀)ခန့်က ဖေါက်ခွဲ ဖျက်ဆီးလိုက်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့် 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~