ကျောက်မဲမြို့နယ်တွင်းမှ အခြေခံလူတန်းစား အိမ်ထောင်စု(၅၀၅၀)စုကို နိုင်ငံတော်က ကျပ်(၂၀၀၀၀)စီ ထောက်ပံ့

ကျောက်မဲမြို့နယ်တွင်းမှ အခြေခံလူတန်းစား အိမ်ထောင်စု(၅၀၅၀)စုကို နိုင်ငံတော်က ကျပ်(၂၀၀၀၀)စီ ထောက်ပံ့
နိုဝင်ဘာ 15, 2020
By Tachileik News Agency

 

ကျောက်မဲမြို့နယ်တွင်းမှ အခြေခံလူတန်းစား အိမမ်ထောင်စု(၅၀၅၀)စုကို  နိုင်ငံတော်က ကျပ်(၂၀၀၀၀)စီ ထောက်ပံ့

COVID 19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားမိသားစုများအတွက် နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့ကြေးငွေကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းမှ အိမ်ထောင်စုပေါင်း (၅၀၅၀)ထံ ပေးဝေနေရာ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ကျေးရွာတစ်ခုသာကျန်တော့ကြောင်း သိရသည်။
“မြို့နယ်အတွင်းက အိမ်ထောင်စု (၅၀၅) စုအတွက် တစ်အိမ်ထောင်ကို ကျပ် (၂၀,၀၀၀) နှုန်းနဲ့ ထောက်ပံ့ ပေးဖို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ ချပေးပြီးပါပြီ။ မြို့နယ်တစ်ခုလုံးအတွက်ဆိုရင် ကြူရှောကျေးရွာတစ်ခုကိုပဲ ပေးဖို့ကျန်ပါတော့တယ်။ အဲဒါက ဒေသအခြေအနေကြောင့် မသွားပေးရသေးတာပါ” ဟု ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ COVID 19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများကို သက်ဆိုင်ရာရပ်ကျေးများမှ စိစစ်စာရင်းကောက်ယူထားရာ ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၅၀၅၀)ကို စာရင်းရရှိထားပြီး အဆိုပါ အိမ်ထောင်စုများအား နိုင်ငံတော်က ထောက်ပံ့ငွေပေးနေရာ (၄)ကြိမ်ရှိပြီဖြစ်သည်။
ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက် လိုက်လံပေးအပ်နေရာ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ကျောက်မဲမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ၊ နယ်မြေ (၁၃) ခုမှ  အိမ်ထောင်စု (၁၈၂) စုကို လိုက်လံပေးအပ်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~